မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါ သည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၄၀၇၇၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၆၁.၈၇၄) သန်း၊ နယ်စပ်မှ (၂၇၈၃၇၉) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၈.၇၈၉)သန်း၊ စုစုပေါင်း (၁၉၁၉၁၅၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၇၀.၆၆၃) သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၂၄-၁၁-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၉၁၁၄၈၅.၄၄၂)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၆၈.၁၈၆)သန်း၊ နယ်စပ်မှ (၁၃၄၉၆၉.၁၉၈) တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၅.၈၈၂) သန်း၊ စုစုပေါင်း (၁၀၄၆၄၅၄.၆၄၀) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၈၈၄.၀၆၈)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၂၄-၁၁-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ | ရေတွက် ပုံ |
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၂၄-၁၁-၂၀၂၃) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၄၆၄.၅၁၅ | ၂.၆၀၅ | ၄၆၇.၁၂၀ | |
ကီလို | ၅၁၂၉၄၇.၀၇၉ | ၂၃၉၈.၈၂၅ | ၅၁၅၃၄၅.၉၀၄ | |||
၂ | ပဲတီစိမ်း | US$ | ၁၄၄.၃၀၉ | ၃၈.၅၁၆ | ၁၈၂.၈၂၅ | |
ကီလို | ၂၁၃၄၂၀.၇၀၁ | ၅၆၅၇၂.၉၀၆ | ၂၆၉၉၉၃.၆၀၇ | |||
၃ | ပဲစဉ်းငုံ | US$ | ၁၀၁.၉၁၂ | ၀.၀၀၀ | ၁၀၁.၉၁၂ | |
ကီလို | ၁၁၃၈၃၂.၄၃၈ | ၀.၀၀၀ | ၁၁၃၈၃၂.၄၃၈ | |||
၄ | ကုလားပဲ | US$ | ၃.၀၇၂ | ၀.၀၀၀ | ၃.၀၇၂ | |
ကီလို | ၃၀၇၆.၉၅၈ | ၀.၀၀၀ | ၃၀၇၆.၉၅၈ | |||
၅ | ပဲလွန်းဖြူ | US$ | ၁၆.၆၃၈ | ၃.၁၉၄ | ၁၉.၈၃၂ | |
ကီလို | ၂၅၆၃၀.၅၄၉ | ၅၂၁၆.၉၁၈ | ၃၀၈၄၇.၄၆၇ | |||
၆ | မြေထောက်ပဲ | US$ | ၉.၆၀၆ | ၁၇.၃၂၅ | ၂၆.၉၃၁ | |
ကီလို | ၉၂၃၆.၀၆၂ | ၁၁၉၈၉.၁၄၇ | ၂၁၂၂၅.၂၀၉ | |||
၇ | ထောပတ်ပဲ | US$ | ၁၂.၁၈၁ | ၆.၆၇၈ | ၁၈.၈၅၉ | |
ကီလို | ၁၂၂၉၇.၇၁၄ | ၆၁၆၁.၅၈၁ | ၁၈၄၅၉.၂၉၅ | |||
၈ | ပဲယင်း | US$ | ၉.၈၄၁ | ၂၃.၈၇၉ | ၃၃.၇၂၀ | |
ကီလို | ၁၃၅၄၆.၃၅၄ | ၂၉၃၄၃.၁၁၅ | ၄၂၈၈၉.၄၆၉ | |||
၉ | ပဲကြီး | US$ | ၂.၅၂၉ | ၁.၀၉၇ | ၃.၆၂၆ | |
ကီလို | ၂၄၆၇.၇၁၂ | ၁၀၉၄.၅၀၀ | ၃၅၆၂.၂၁၂ | |||
၁၀ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၁.၁၇၁ | ၁.၁၇၁ | ||
ကီလို | ၁၈၁၈.၀၂၀ | ၁၈၁၈.၀၂၀ | ||||
၁၁ | စွန်တာပြာ | US$ | ၀.၅၂၆ | ၀.၀၀၀ | ၀.၅၂၆ | |
ကီလို | ၈၀၂.၆၈၀ | ၀.၀၀၀ | ၈၀၂.၆၈၀ | |||
၁၂ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၃.၁၁၄ | ၃.၁၁၄ | ||
ကီလို | ၅၁၉၄.၀၃၄ | ၅၁၉၄.၀၃၄ | ||||
၁၃ | ပဲဖြူလေး | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
၁၄ | ဘိုကိတ်ပဲ | US$ | ၁.၄၇၅ | ၀.၀၀၀ | ၁.၄၇၅ | |
ကီလို | ၂၁၃၆.၇၅၅ | ၀.၀၀၀ | ၂၁၃၆.၇၅၅ | |||
၁၅ | ပဲပုတ်စေ့ | US$ | ၀.၀၀၈ | ၀.၀၀၀ | ၀.၀၀၈ | |
ကီလို | ၈.၇၃၀ | ၀.၀၀၀ | ၈.၇၃၀ | |||
၁၆ | ပဲနီကြား | US$ | ၁.၇၃၇ | ၁.၇၃၇ | ||
ကီလို | ၃၄၀၃.၀၁၄ | ၃၄၀၃.၀၁၄ | ||||
၁၇ | နိုင်လွန်ပဲ | US$ | ၁.၁၁၉ | ၁.၁၁၉ | ||
ကီလို | ၁၅၉၆.၅၀၀ | ၁၅၉၆.၅၀၀ | ||||
၁၈ | မြေပဲဆံ | US$ | ၀.၃၉၀ | ၁၅.၅၄၃ | ၁၅.၉၃၃ | |
ကီလို | ၂၅၅.၀၀၀ | ၁၀၂၁၀.၅၅၈ | ၁၀၄၆၅.၅၅၈ | |||
၁၉ | အခြားပဲ | US$ | ၀.၀၁၃ | ၁.၀၇၅ | ၁.၀၈၈ | |
ကီလို | ၈.၆၉၀ | ၁၇၈၈.၁၀၀ | ၁၇၉၆.၇၉၀ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၇၆၈.၁၈၆ | ၁၁၅.၈၈၂ | ၈၈၄.၀၆၈ | ||
ကီလို | ၉၁၁၄၈၅.၄၄၂ | ၁၃၄၉၆၉.၁၉၈ | ၁၀၄၆၄၅၄.၆၄၀ | |||
Source: Customs |