မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါ သည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၄၀၇၇၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၆၁.၈၇၄) သန်း၊ နယ်စပ်မှ (၂၇၈၃၇၉) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၈.၇၈၉)သန်း၊ စုစုပေါင်း (၁၉၁၉၁၅၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၇၀.၆၆၃) သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၁၇-၁၁-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၈၉၀၆၄၄.၄၁၆)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၄၉.၆၃၃)သန်း၊ နယ်စပ်မှ (၁၃၄၇၄၆.၁၉၈) တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၅.၆၀၆) သန်း၊ စုစုပေါင်း (၁၀၂၅၃၉၀.၆၁၄) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၈၆၅.၂၃၉)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၁၇-၁၁-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁၇-၁၁-၂၀၂၃) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၄၅၂.၃၂၄ | ၂.၃၇၄ | ၄၅၄.၆၉၈ | |
| ကီလို | ၅၀၀၁၉၅.၈၇၃ | ၂၂၃၈.၈၂၅ | ၅၀၂၄၃၄.၆၉၈ | |||
| ၂ | ပဲတီစိမ်း | US$ | ၁၄၀.၉၄၀ | ၃၈.၅၁၆ | ၁၇၉.၄၅၆ | |
| ကီလို | ၂၀၈၆၃၅.၆၂၁ | ၅၆၅၇၂.၉၀၆ | ၂၆၅၂၀၈.၅၂၇ | |||
| ၃ | ပဲစဉ်းငုံ | US$ | ၁၀၀.၈၁၂ | ၀.၀၀၀ | ၁၀၀.၈၁၂ | |
| ကီလို | ၁၁၂၈၂၉.၄၃၈ | ၀.၀၀၀ | ၁၁၂၈၂၉.၄၃၈ | |||
| ၄ | ကုလားပဲ | US$ | ၂.၅၈၀ | ၀.၀၀၀ | ၂.၅၈၀ | |
| ကီလို | ၂၅၉၆.၉၅၈ | ၀.၀၀၀ | ၂၅၉၆.၉၅၈ | |||
| ၅ | ပဲလွန်းဖြူ | US$ | ၁၆.၁၀၃ | ၃.၁၉၄ | ၁၉.၂၉၇ | |
| ကီလို | ၂၄၈၂၆.၅၄၉ | ၅၂၁၆.၉၁၈ | ၃၀၀၄၃.၄၆၇ | |||
| ၆ | မြေထောက်ပဲ | US$ | ၉.၂၆၆ | ၁၇.၃၂၅ | ၂၆.၅၉၁ | |
| ကီလို | ၈၉၄၅.၅၉၂ | ၁၁၉၈၉.၁၄၇ | ၂၀၉၃၄.၇၃၉ | |||
| ၇ | ထောပတ်ပဲ | US$ | ၁၂.၁၈၁ | ၆.၆၇၈ | ၁၈.၈၅၉ | |
| ကီလို | ၁၂၂၉၇.၇၁၄ | ၆၁၆၁.၅၈၁ | ၁၈၄၅၉.၂၉၅ | |||
| ၈ | ပဲယင်း | US$ | ၉.၆၆၄ | ၂၃.၈၇၉ | ၃၃.၅၄၃ | |
| ကီလို | ၁၃၃၃၁.၅၅၄ | ၂၉၃၄၃.၁၁၅ | ၄၂၆၇၄.၆၆၉ | |||
| ၉ | ပဲကြီး | US$ | ၂.၅၁၆ | ၁.၀၉၇ | ၃.၆၁၃ | |
| ကီလို | ၂၄၅၄.၂၄၂ | ၁၀၉၄.၅၀၀ | ၃၅၄၈.၇၄၂ | |||
| ၁၀ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၁.၀၅၁ | ၁.၀၅၁ | ||
| ကီလို | ၁၆၁၈.၀၂၀ | ၁၆၁၈.၀၂၀ | ||||
| ၁၁ | စွန်တာပြာ | US$ | ၀.၅၂၆ | ၀.၀၀၀ | ၀.၅၂၆ | |
| ကီလို | ၈၀၂.၆၈၀ | ၀.၀၀၀ | ၈၀၂.၆၈၀ | |||
| ၁၂ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၃.၁၁၄ | ၃.၁၁၄ | ||
| ကီလို | ၅၁၉၄.၀၃၄ | ၅၁၉၄.၀၃၄ | ||||
| ၁၃ | ပဲဖြူလေး | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
| ၁၄ | ဘိုကိတ်ပဲ | US$ | ၁.၂၅၉ | ၀.၀၀၀ | ၁.၂၅၉ | |
| ကီလို | ၁၈၃၇.၇၅၅ | ၀.၀၀၀ | ၁၈၃၇.၇၅၅ | |||
| ၁၅ | ပဲပုတ်စေ့ | US$ | ၀.၀၀၈ | ၀.၀၀၀ | ၀.၀၀၈ | |
| ကီလို | ၈.၇၃၀ | ၀.၀၀၀ | ၈.၇၃၀ | |||
| ၁၆ | ပဲနီကြား | US$ | ၁.၇၃၇ | ၁.၇၃၇ | ||
| ကီလို | ၃၄၀၃.၀၁၄ | ၃၄၀၃.၀၁၄ | ||||
| ၁၇ | နိုင်လွန်ပဲ | US$ | ၁.၁၁၉ | ၁.၁၁၉ | ||
| ကီလို | ၁၅၉၆.၅၀၀ | ၁၅၉၆.၅၀၀ | ||||
| ၁၈ | မြေပဲဆံ | US$ | ၀.၃၉၀ | ၁၅.၄၉၈ | ၁၅.၈၈၈ | |
| ကီလို | ၂၅၅.၀၀၀ | ၁၀၁၄၇.၅၅၈ | ၁၀၄၀၂.၅၅၈ | |||
| ၁၉ | အခြားပဲ | US$ | ၀.၀၁၃ | ၁.၀၇၅ | ၁.၀၈၈ | |
| ကီလို | ၈.၆၉၀ | ၁၇၈၈.၁၀၀ | ၁၇၉၆.၇၉၀ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၇၄၉.၆၃၃ | ၁၁၅.၆၀၆ | ၈၆၅.၂၃၉ | ||
| ကီလို | ၈၉၀၆၄၄.၄၁၆ | ၁၃၄၇၄၆.၁၉၈ | ၁၀၂၅၃၉၀.၆၁၄ | |||
| Source: Customs | ||||||
