မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါ သည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၄၀၇၇၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၆၁.၈၇၄) သန်း၊ နယ်စပ်မှ (၂၇၈၃၇၉) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၈.၇၈၉)သန်း၊ စုစုပေါင်း (၁၉၁၉၁၅၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၇၀.၆၆၃) သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၆-၁၀-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၇၅၃၇၃၅.၄၂၈)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၆၂၂.၁၀၉)သန်း၊ နယ်စပ်မှ (၁၃၀၈၉၁.၈၈၃) တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၂.၃၂၃) သန်း၊ စုစုပေါင်း (၈၈၄၆၂၇.၃၁၁) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၇၃၄.၄၃၂)သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၆-၁၀-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် - 

          အမေရိကန်ဒေါ်လာသန်း
ကီလို-ထောင်ပေါင်း
စဉ် အကြောင်းအရာ ရေတွက်
ပုံ
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်
(၆-၁၀-၂၀၂၃) ထိ
ပင်လယ်
ရေကြောင်း
နယ်စပ် ‌​​ပေါင်း
  မတ်ပဲ US$ ၃၅၀.၃၇၉ ၁.၆၉၂ ၃၅၂.၀၇၁
ကီလို ၃၉၅၂၄၃.၉၂၃ ၁၅၉၇.၃၂၅ ၃၉၆၈၄၁.၂၄၈
  ပဲတီစိမ်း US$ ၁၂၅.၄၆၄ ၃၈.၂၂၇ ၁၆၃.၆၉၁
ကီလို ၁၈၆၇၃၅.၄၇၃ ၅၆၂၁၂.၉၀၆ ၂၄၂၉၄၈.၃၇၉
  ပဲစဉ်းငုံ US$ ၉၅.၅၆၃ ၀.၀၀၀ ၉၅.၅၆၃
ကီလို ၁၀၈၂၈၀.၉၄၈ ၀.၀၀၀ ၁၀၈၂၈၀.၉၄၈
  ကုလားပဲ US$ ၁.၅၅၈ ၀.၀၀၀ ၁.၅၅၈
ကီလို ၁၅၉၄.၁၄၅ ၀.၀၀၀ ၁၅၉၄.၁၄၅
  ပဲလွန်းဖြူ US$ ၁၄.၀၉၂ ၃.၁၃၃ ၁၇.၂၂၅
ကီလို ၂၂၀၂၂.၁၅၈ ၅၁၁၈.၄၁၈ ၂၇၁၄၀.၅၇၆
  မြေထောက်ပဲ US$ ၈.၄၀၁ ၁၇.၁၉၅ ၂၅.၅၉၆
ကီလို ၈၃၅၉.၄၈၃ ၁၁၉၀၆.၁၄၇ ၂၀၂၆၅.၆၃၀
  ထောပတ်ပဲ US$ ၁၂.၀၂၆ ၆.၄၆၁ ၁၈.၄၈၇
ကီလို ၁၂၁၆၇.၂၅၄ ၅၉၉၄.၂၈၁ ၁၈၁၆၁.၅၃၅
   ပဲယင်း US$ ၉.၂၈၈ ၂၂.၅၃၈ ၃၁.၈၂၆
ကီလို ၁၂၈၃၈.၇၆၄ ၂၇၅၈၈.၆၁၅ ၄၀၄၂၇.၃၇၉
  ပဲကြီး US$ ၂.၄၄၀ ၁.၀၆၃ ၃.၅၀၃
ကီလို ၂၃၈၀.၀၈၅ ၁၀၆၀.၅၀၀ ၃၄၄၀.၅၈၅
  ၁၀ ပဲကတ္တီပါ(စွန်တာနီ) US$ ၀.၉၈၄   ၀.၉၈၄
ကီလို ၁၅၃၃.၀၂၀   ၁၅၃၃.၀၂၀
  ၁၁ စွန်တာပြာ US$ ၀.၄၇၀ ၀.၀၀၀ ၀.၄၇၀
ကီလို ၇၁၇.၀၀၀ ၀.၀၀၀ ၇၁၇.၀၀၀
  ၁၂ ပဲကတ္တီပါ(စွန်တာနီ/ပြာ) US$   ၃.၀၉၄ ၃.၀၉၄
ကီလို   ၅၁၆၀.၀၃၄ ၅၁၆၀.၀၃၄
  ၁၃ ပဲဖြူလေး US$ ၀.၀၀၀ ၀.၀၀၀ ၀.၀၀၀
ကီလို ၀.၀၀၀ ၀.၀၀၀ ၀.၀၀၀
  ၁၄ ဘိုကိတ်ပဲ US$ ၁.၀၃၅ ၀.၀၀၀ ၁.၀၃၅
ကီလို ၁၅၉၂.၇၅၅ ၀.၀၀၀ ၁၅၉၂.၇၅၅
  ၁၅ ပဲပုတ်စေ့ US$ ၀.၀၀၈ ၀.၀၀၀ ၀.၀၀၈
ကီလို ၈.၇၃၀ ၀.၀၀၀ ၈.၇၃၀
  ၁၆ ပဲနီကြား US$   ၁.၇၂၀ ၁.၇၂၀
ကီလို   ၃၃၆၉.၀၁၄ ၃၃၆၉.၀၁၄
  ၁၇ နိုင်လွန်ပဲ US$   ၁.၀၈၂ ၁.၀၈၂
ကီလို   ၁၅၄၅.၅၀၀ ၁၅၄၅.၅၀၀
  ၁၈ မြေပဲဆံ US$ ၀.၃၉၀ ၁၅.၂၅၃ ၁၅.၆၄၃
ကီလို ၂၅၅.၀၀၀ ၉၈၈၈.၅၄၃ ၁၀၁၄၃.၅၄၃
  ၁၉ အခြားပဲ US$ ၀.၀၁၁ ၀.၈၆၅ ၀.၈၇၆
ကီလို ၆.၆၉၀ ၁၄၅၀.၆၀၀ ၁၄၅၇.၂၉၀
    ပဲတင်ပို့မှုစုစုပေါင်း US$ ၆၂၂.၁၀၉ ၁၁၂.၃၂၃ ၇၃၄.၄၃၂
ကီလို ၇၅၃၇၃၅.၄၂၈ ၁၃၀၈၉၁.၈၈၃ ၈၈၄၆၂၇.၃၁၁
Source: Customs