မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါ သည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၄၀၇၇၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၆၁.၈၇၄) သန်း၊ နယ်စပ်မှ (၂၇၈၃၇၉) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၈.၇၈၉)သန်း၊ စုစုပေါင်း (၁၉၁၉၁၅၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၇၀.၆၆၃) သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၂၉-၉-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၇၃၃၃၁၄.၀၉၂)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၆၀၃.၄၀၇)သန်း၊ နယ်စပ်မှ (၁၃၀၀၅၂.၄၁၂) တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၁.၆၀၄) သန်း၊ စုစုပေါင်း (၈၆၃၃၆၆.၅၀၄) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၇၁၅.၀၁၁)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၂၉-၉-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၂၉-၉-၂၀၂၃) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၃၃၅.၉၅၉ | ၁.၅၄၀ | ၃၃၇.၄၉၉ | |
| ကီလို | ၃၈၀၂၉၉.၄၃၃ | ၁၄၆၉.၃၂၅ | ၃၈၁၇၆၈.၇၅၈ | |||
| ၂ | ပဲတီစိမ်း | US$ | ၁၂၃.၁၃၃ | ၃၈.၀၈၇ | ၁၆၁.၂၂၀ | |
| ကီလို | ၁၈၃၁၉၈.၄၉၈ | ၅၅၉၉၂.၉၀၆ | ၂၃၉၁၉၁.၄၀၄ | |||
| ၃ | ပဲစဉ်းငုံ | US$ | ၉၄.၅၇၂ | ၉၄.၅၇၂ | ||
| ကီလို | ၁၀၇၄၂၄.၉၄၈ | ၁၀၇၄၂၄.၉၄၈ | ||||
| ၄ | ကုလားပဲ | US$ | ၁.၁၉၃ | ၁.၁၉၃ | ||
| ကီလို | ၁၂၃၀.၈၄၅ | ၁၂၃၀.၈၄၅ | ||||
| ၅ | ပဲလွန်းဖြူ | US$ | ၁၃.၇၂၇ | ၃.၀၉၂ | ၁၆.၈၁၉ | |
| ကီလို | ၂၁၅၀၅.၁၅၇ | ၅၀၄၉.၉၁၈ | ၂၆၅၅၅.၀၇၅ | |||
| ၆ | မြေထောက်ပဲ | US$ | ၈.၂၉၁ | ၁၇.၁၉၆ | ၂၅.၄၈၇ | |
| ကီလို | ၈၂၉၂.၃၈၃ | ၁၁၉၀၆.၁၄၇ | ၂၀၁၉၈.၅၃၀ | |||
| ၇ | ထောပတ်ပဲ | US$ | ၁၂.၀၂၆ | ၆.၄၆၀ | ၁၈.၄၈၆ | |
| ကီလို | ၁၂၁၆၇.၂၅၄ | ၅၉၉၄.၂၈၁ | ၁၈၁၆၁.၅၃၅ | |||
| ၈ | ပဲယင်း | US$ | ၉.၂၆၁ | ၂၂.၂၇၆ | ၃၁.၅၃၇ | |
| ကီလို | ၁၂၈၀၀.၇၆၄ | ၂၇၂၉၃.၁၂၈ | ၄၀၀၉၃.၈၉၂ | |||
| ၉ | ပဲကြီး | US$ | ၂.၃၆၂ | ၁.၀၆၂ | ၃.၄၂၄ | |
| ကီလို | ၂၃၀၂.၆၁၅ | ၁၀၆၀.၅၀၀ | ၃၃၆၃.၁၁၅ | |||
| ၁၀ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၉၈၄ | ၀.၉၈၄ | ||
| ကီလို | ၁၅၃၃.၀၂၀ | ၁၅၃၃.၀၂၀ | ||||
| ၁၁ | စွန်တာပြာ | US$ | ၀.၄၅၄ | ၀.၄၅၄ | ||
| ကီလို | ၆၉၆.၀၀၀ | ၆၉၆.၀၀၀ | ||||
| ၁၂ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၃.၀၇၃ | ၃.၀၇၃ | ||
| ကီလို | ၅၁၂၆.၀၃၄ | ၅၁၂၆.၀၃၄ | ||||
| ၁၃ | ပဲဖြူလေး | US$ | ||||
| ကီလို | ||||||
| ၁၄ | ဘိုကိတ်ပဲ | US$ | ၁.၀၃၅ | ၁.၀၃၅ | ||
| ကီလို | ၁၅၉၂.၇၅၅ | ၁၅၉၂.၇၅၅ | ||||
| ၁၅ | ပဲပုတ်စေ့ | US$ | ၀.၀၀၈ | ၀.၀၀၈ | ||
| ကီလို | ၈.၇၃၀ | ၈.၇၃၀ | ||||
| ၁၆ | ပဲနီကြား | US$ | ၁.၇၁၉ | ၁.၇၁၉ | ||
| ကီလို | ၃၃၆၉.၀၁၄ | ၃၃၆၉.၀၁၄ | ||||
| ၁၇ | နိုင်လွန်ပဲ | US$ | ၁.၀၈၂ | ၁.၀၈၂ | ||
| ကီလို | ၁၅၄၅.၅၀၀ | ၁၅၄၅.၅၀၀ | ||||
| ၁၈ | မြေပဲဆံ | US$ | ၀.၃၉၀ | ၁၅.၁၅၁ | ၁၅.၅၄၁ | |
| ကီလို | ၂၅၅.၀၀၀ | ၉၇၉၅.၀၅၉ | ၁၀၀၅၀.၀၅၉ | |||
| ၁၉ | အခြားပဲ | US$ | ၀.၀၁၂ | ၀.၈၆၆ | ၀.၈၇၈ | |
| ကီလို | ၆.၆၉၀ | ၁၄၅၀.၆၀၀ | ၁၄၅၇.၂၉၀ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၆၀၃.၄၀၇ | ၁၁၁.၆၀၄ | ၇၁၅.၀၁၁ | ||
| ကီလို | ၇၃၃၃၁၄.၀၉၂ | ၁၃၀၀၅၂.၄၁၂ | ၈၆၃၃၆၆.၅၀၄ | |||
| Source: Customs | ||||||
