မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါ သည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၄၀၇၇၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၆၁.၈၇၄) သန်း၊ နယ်စပ်မှ (၂၇၈၃၇၉) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၈.၇၈၉)သန်း၊ စုစုပေါင်း (၁၉၁၉၁၅၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၇၀.၆၆၃) သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၂၂-၉-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၇၀၀၁၆၂.၉၃၈)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၇၂.၉၆၂)သန်း၊ နယ်စပ်မှ (၁၂၇၄၇၃.၇၇၅) တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၁၀၉.၃၈၈) သန်း၊ စုစုပေါင်း (၈၂၇၆၃၆.၇၁၃) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၆၈၂.၃၅၀)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၂၂-၉-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၂၂-၉-၂၀၂၃) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၃၀၉.၈၇၁ | ၁.၅၄၀ | ၃၁၁.၄၁၁ | |
| ကီလို | ၃၅၂၇၃၀.၈၄၁ | ၁၄၆၉.၃၂၅ | ၃၅၄၂၀၀.၁၆၆ | |||
| ၂ | ပဲတီစိမ်း | US$ | ၁၂၁.၀၃၀ | ၃၇.၅၂၂ | ၁၅၈.၅၅၂ | |
| ကီလို | ၁၈၀၀၄၃.၉၅၆ | ၅၅၂၆၄.၄၆၄ | ၂၃၅၃၀၈.၄၂၀ | |||
| ၃ | ပဲစဉ်းငုံ | US$ | ၉၃.၈၄၁ | ၀.၀၀၀ | ၉၃.၈၄၁ | |
| ကီလို | ၁၀၆၇၉၃.၉၄၈ | ၀.၀၀၀ | ၁၀၆၇၉၃.၉၄၈ | |||
| ၄ | ကုလားပဲ | US$ | ၀.၈၃၀ | ၀.၀၀၀ | ၀.၈၃၀ | |
| ကီလို | ၈၆၇.၈၄၅ | ၀.၀၀၀ | ၈၆၇.၈၄၅ | |||
| ၅ | ပဲလွန်းဖြူ | US$ | ၁၃.၁၀၅ | ၂.၉၆၆ | ၁၆.၀၇၁ | |
| ကီလို | ၂၀၅၉၇.၁၅၇ | ၄၈၄၅.၉၁၈ | ၂၅၄၄၃.၀၇၅ | |||
| ၆ | မြေထောက်ပဲ | US$ | ၈.၂၅၉ | ၁၆.၇၉၇ | ၂၅.၀၅၆ | |
| ကီလို | ၈၂၇၃.၁၃၃ | ၁၁၆၃၅.၁၄၇ | ၁၉၉၀၈.၂၈၀ | |||
| ၇ | ထောပတ်ပဲ | US$ | ၁၁.၈၃၉ | ၆.၄၃၈ | ၁၈.၂၇၇ | |
| ကီလို | ၁၂၀၂၃.၂၅၄ | ၅၉၇၇.၂၈၁ | ၁၈၀၀၀.၅၃၅ | |||
| ၈ | ပဲယင်း | US$ | ၉.၁၇၉ | ၂၁.၇၈၄ | ၃၀.၉၆၃ | |
| ကီလို | ၁၂၆၉၂.၂၆၄ | ၂၆၇၃၆.၁၂၈ | ၃၉၄၂၈.၃၉၂ | |||
| ၉ | ပဲကြီး | US$ | ၂.၁၇၀ | ၁.၀၆၂ | ၃.၂၃၂ | |
| ကီလို | ၂၁၁၂.၄၄၅ | ၁၀၆၀.၅၀၀ | ၃၁၇၂.၉၄၅ | |||
| ၁၀ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၉၈၄ | ၀.၉၈၄ | ||
| ကီလို | ၁၅၃၃.၀၂၀ | ၁၅၃၃.၀၂၀ | ||||
| ၁၁ | စွန်တာပြာ | US$ | ၀.၄၁၃ | ၀.၀၀၀ | ၀.၄၁၃ | |
| ကီလို | ၆၃၃.၀၀၀ | ၀.၀၀၀ | ၆၃၃.၀၀၀ | |||
| ၁၂ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၂.၈၆၃ | ၂.၈၆၃ | ||
| ကီလို | ၄၇၇၁.၄၈၉ | ၄၇၇၁.၄၈၉ | ||||
| ၁၃ | ပဲဖြူလေး | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
| ၁၄ | ဘိုကိတ်ပဲ | US$ | ၁.၀၃၅ | ၀.၀၀၀ | ၁.၀၃၅ | |
| ကီလို | ၁၅၉၂.၇၅၅ | ၀.၀၀၀ | ၁၅၉၂.၇၅၅ | |||
| ၁၅ | ပဲပုတ်စေ့ | US$ | ၀.၀၀၈ | ၀.၀၀၀ | ၀.၀၀၈ | |
| ကီလို | ၈.၇၃၀ | ၀.၀၀၀ | ၈.၇၃၀ | |||
| ၁၆ | ပဲနီကြား | US$ | ၁.၆၆၂ | ၁.၆၆၂ | ||
| ကီလို | ၃၂၆၇.၀၁၄ | ၃၂၆၇.၀၁၄ | ||||
| ၁၇ | နိုင်လွန်ပဲ | US$ | ၁.၀၈၂ | ၁.၀၈၂ | ||
| ကီလို | ၁၅၄၅.၅၀၀ | ၁၅၄၅.၅၀၀ | ||||
| ၁၈ | မြေပဲဆံ | US$ | ၀.၃၉၀ | ၁၄.၉၂၉ | ၁၅.၃၁၉ | |
| ကီလို | ၂၅၅.၀၀၁ | ၉၆၅၁.၄၀၉ | ၉၉၀၆.၄၁၀ | |||
| ၁၉ | အခြားပဲ | US$ | ၀.၀၀၈ | ၀.၇၄၃ | ၀.၇၅၁ | |
| ကီလို | ၅.၅၈၉ | ၁၂၄၉.၆၀၀ | ၁၂၅၅.၁၈၉ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၅၇၂.၉၆၂ | ၁၀၉.၃၈၈ | ၆၈၂.၃၅၀ | ||
| ကီလို | ၇၀၀၁၆၂.၉၃၈ | ၁၂၇၄၇၃.၇၇၅ | ၈၂၇၆၃၆.၇၁၃ | |||
| Source: Customs | ||||||
