မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါ သည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၄၀၇၇၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၆၁.၈၇၄) သန်း၊ နယ်စပ်မှ (၂၇၈၃၇၉) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၈.၇၈၉)သန်း၊ စုစုပေါင်း (၁၉၁၉၁၅၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၇၀.၆၆၃) သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၁၅-၉-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၆၆၇၄၄၁.၃၈၆)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၄၂.၆၂၅)သန်း၊ နယ်စပ်မှ (၁၂၃၄၄၆.၉၆၆) တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၁၀၆.၀၈၉) သန်း၊ စုစုပေါင်း (၇၉၀၈၈၈.၃၅၂) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၆၄၈.၇၁၄)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၁၅-၉-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁၅-၉-၂၀၂၃) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၂၈၄.၀၂၈ | ၁.၂၇၃ | ၂၈၅.၃၀၁ | |
| ကီလို | ၃၂၅၅၁၂.၄၅၈ | ၁၂၂၈.၁၂၅ | ၃၂၆၇၄၀.၅၈၃ | |||
| ၂ | ပဲတီစိမ်း | US$ | ၁၁၉.၀၀၆ | ၃၇.၀၈၈ | ၁၅၆.၀၉၄ | |
| ကီလို | ၁၇၇၀၄၉.၉၇၉ | ၅၄၆၅၂.၄၆၄ | ၂၃၁၇၀၂.၄၄၃ | |||
| ၃ | ပဲစဉ်းငုံ | US$ | ၉၁.၉၂၇ | ၀.၀၀၀ | ၉၁.၉၂၇ | |
| ကီလို | ၁၀၅၀၄၃.၉၄၈ | ၀.၀၀၀ | ၁၀၅၀၄၃.၉၄၈ | |||
| ၄ | ကုလားပဲ | US$ | ၀.၈၁၆ | ၀.၀၀၀ | ၀.၈၁၆ | |
| ကီလို | ၈၅၃.၈၅၀ | ၀.၀၀၀ | ၈၅၃.၈၅၀ | |||
| ၅ | ပဲလွန်းဖြူ | US$ | ၁၂.၆၇၇ | ၂.၇၈၈ | ၁၅.၄၆၅ | |
| ကီလို | ၁၉၉၆၄.၀၇၈ | ၄၅၅၅.၄၁၈ | ၂၄၅၁၉.၄၉၆ | |||
| ၆ | မြေထောက်ပဲ | US$ | ၈.၂၄၉ | ၁၆.၁၈၈ | ၂၄.၄၃၇ | |
| ကီလို | ၈၂၆၆.၅၃၈ | ၁၁၂၂၉.၆၄၇ | ၁၉၄၉၆.၁၈၅ | |||
| ၇ | ထောပတ်ပဲ | US$ | ၁၁.၈၁၃ | ၆.၄၃၈ | ၁၈.၂၅၁ | |
| ကီလို | ၁၂၀၀၃.၂၅၄ | ၅၉၇၇.၂၈၁ | ၁၇၉၈၀.၅၃၅ | |||
| ၈ | ပဲယင်း | US$ | ၉.၁၆၁ | ၂၀.၆၆၆ | ၂၉.၈၂၇ | |
| ကီလို | ၁၂၆၆၇.၂၆၄ | ၂၅၂၇၈.၈၈၂ | ၃၇၉၄၆.၁၄၆ | |||
| ၉ | ပဲကြီး | US$ | ၂.၁၅၃ | ၀.၉၂၆ | ၃.၀၇၉ | |
| ကီလို | ၂၀၉၅.၉၁၂ | ၉၂၄.၅၀၀ | ၃၀၂၀.၄၁၂ | |||
| ၁၀ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၉၄၅ | ၀.၉၄၅ | ||
| ကီလို | ၁၄၉၃.၀၂၀ | ၁၄၉၃.၀၂၀ | ||||
| ၁၁ | စွန်တာပြာ | US$ | ၀.၄၁၃ | ၀.၀၀၀ | ၀.၄၁၃ | |
| ကီလို | ၆၃၃.၀၀၀ | ၀.၀၀၀ | ၆၃၃.၀၀၀ | |||
| ၁၂ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၂.၇၄၂ | ၂.၇၄၂ | ||
| ကီလို | ၄၅၆၇.၄၈၉ | ၄၅၆၇.၄၈၉ | ||||
| ၁၃ | ပဲဖြူလေး | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
| ၁၄ | ဘိုကိတ်ပဲ | US$ | ၁.၀၃၅ | ၀.၀၀၀ | ၁.၀၃၅ | |
| ကီလို | ၁၅၉၂.၇၅၅ | ၀.၀၀၀ | ၁၅၉၂.၇၅၅ | |||
| ၁၅ | ပဲပုတ်စေ့ | US$ | ၀.၀၀၄ | ၀.၀၀၀ | ၀.၀၀၄ | |
| ကီလို | ၄.၇၄၀ | ၀.၀၀၀ | ၄.၇၄၀ | |||
| ၁၆ | ပဲနီကြား | US$ | ၁.၃၇၁ | ၁.၃၇၁ | ||
| ကီလို | ၂၇၄၀.၉၈၀ | ၂၇၄၀.၉၈၀ | ||||
| ၁၇ | နိုင်လွန်ပဲ | US$ | ၁.၀၃၈ | ၁.၀၃၈ | ||
| ကီလို | ၁၄၇၇.၅၀၀ | ၁၄၇၇.၅၀၀ | ||||
| ၁၈ | မြေပဲဆံ | US$ | ၀.၃၉၀ | ၁၄.၈၂၈ | ၁၅.၂၁၈ | |
| ကီလို | ၂၅၅.၀၀၁ | ၉၅၆၅.၀၈၀ | ၉၈၂၀.၀၈၁ | |||
| ၁၉ | အခြားပဲ | US$ | ၀.၀၀၈ | ၀.၇၄၃ | ၀.၇၅၁ | |
| ကီလို | ၅.၅၈၉ | ၁၂၄၉.၆၀၀ | ၁၂၅၅.၁၈၉ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၅၄၂.၆၂၅ | ၁၀၆.၀၈၉ | ၆၄၈.၇၁၄ | ||
| ကီလို | ၆၆၇၄၄၁.၃၈၆ | ၁၂၃၄၄၆.၉၆၆ | ၇၉၀၈၈၈.၃၅၂ | |||
| Source: Customs | ||||||
