မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါ သည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၄၀၇၇၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၆၁.၈၇၄) သန်း၊ နယ်စပ်မှ (၂၇၈၃၇၉) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၈.၇၈၉)သန်း၊ စုစုပေါင်း (၁၉၁၉၁၅၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၇၀.၆၆၃) သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၁၈-၈-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၅၃၀၄၉၈.၈၉၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၂၀.၅၅၆)သန်း၊ နယ်စပ်မှ (၁၀၅၆၉၃.၄၁၁) တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၉၁.၃၅၂) သန်း၊ စုစုပေါင်း (၆၃၆၁၉၂.၃၀၈) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၅၁၁.၉၀၈)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၁၈-၈-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁၈-၈-၂၀၂၃) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၁၉၃.၄၆၉ | ၁.၂၁၀ | ၁၉၄.၆၇၉ | |
| ကီလို | ၂၂၇၀၆၇.၂၈၄ | ၁၁၆၀.၁၂၅ | ၂၂၈၂၂၇.၄၀၉ | |||
| ၂ | ပဲတီစိမ်း | US$ | ၁၀၈.၆၇၁ | ၃၃.၇၃၄ | ၁၄၂.၄၀၅ | |
| ကီလို | ၁၆၂၁၃၀.၄၅၃ | ၅၀၀၃၅.၇၁၄ | ၂၁၂၁၆၆.၁၆၇ | |||
| ၃ | ပဲစဉ်းငုံ | US$ | ၇၃.၈၃၉ | ၀.၀၀၀ | ၇၃.၈၃၉ | |
| ကီလို | ၈၅၂၅၂.၀၄၂ | ၀.၀၀၀ | ၈၅၂၅၂.၀၄၂ | |||
| ၄ | ကုလားပဲ | US$ | ၀.၅၄၁ | ၀.၀၀၀ | ၀.၅၄၁ | |
| ကီလို | ၅၈၄.၈၂၅ | ၀.၀၀၀ | ၅၈၄.၈၂၅ | |||
| ၅ | ပဲလွန်းဖြူ | US$ | ၁၁.၁၀၈ | ၁.၄၉၃ | ၁၂.၆၀၁ | |
| ကီလို | ၁၇၆၁၈.၈၆၇ | ၂၄၅၅.၁၁၉ | ၂၀၀၇၃.၉၈၆ | |||
| ၆ | မြေထောက်ပဲ | US$ | ၇.၆၇၁ | ၁၃.၄၃၅ | ၂၁.၁၀၆ | |
| ကီလို | ၇၈၃၀.၀၈၀ | ၉၃၆၀.၀၀၈ | ၁၇၁၉၀.၀၈၈ | |||
| ၇ | ထောပတ်ပဲ | US$ | ၁၁.၈၀၇ | ၅.၈၉၄ | ၁၇.၇၀၁ | |
| ကီလို | ၁၁၉၉၈.၂၅၄ | ၅၅၀၂.၂၉၇ | ၁၇၅၀၀.၅၅၁ | |||
| ၈ | ပဲယင်း | US$ | ၈.၉၆၂ | ၁၇.၁၅၈ | ၂၆.၁၂၀ | |
| ကီလို | ၁၂၃၈၉.၈၉၄ | ၂၀၈၃၉.၁၈၈ | ၃၃၂၂၉.၀၈၂ | |||
| ၉ | ပဲကြီး | US$ | ၁.၉၆၆ | ၀.၇၂၂ | ၂.၆၈၈ | |
| ကီလို | ၁၉၁၀.၄၄၂ | ၇၂၀.၅၀၀ | ၂၆၃၀.၉၄၂ | |||
| ၁၀ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၈၇၀ | ၀.၈၇၀ | ||
| ကီလို | ၁၃၇၃.၀၂၀ | ၁၃၇၃.၀၂၀ | ||||
| ၁၁ | စွန်တာပြာ | US$ | ၀.၃၈၁ | ၀.၀၀၀ | ၀.၃၈၁ | |
| ကီလို | ၅၉၁.၀၀၀ | ၀.၀၀၀ | ၅၉၁.၀၀၀ | |||
| ၁၂ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၁.၇၈၂ | ၁.၇၈၂ | ||
| ကီလို | ၂၉၇၀.၅၀၀ | ၂၉၇၀.၅၀၀ | ||||
| ၁၃ | ပဲဖြူလေး | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
| ၁၄ | ဘိုကိတ်ပဲ | US$ | ၁.၀၃၁ | ၀.၀၀၀ | ၁.၀၃၁ | |
| ကီလို | ၁၅၈၇.၇၅၅ | ၀.၀၀၀ | ၁၅၈၇.၇၅၅ | |||
| ၁၅ | ပဲပုတ်စေ့ | US$ | ၀.၀၀၄ | ၀.၀၀၀ | ၀.၀၀၄ | |
| ကီလို | ၄.၇၄၀ | ၀.၀၀၀ | ၄.၇၄၀ | |||
| ၁၆ | ပဲနီကြား | US$ | ၀.၇၅၃ | ၀.၇၅၃ | ||
| ကီလို | ၁၄၈၃.၇၃၀ | ၁၄၈၃.၇၃၀ | ||||
| ၁၇ | နိုင်လွန်ပဲ | US$ | ၀.၉၂၈ | ၀.၉၂၈ | ||
| ကီလို | ၁၃၀၇.၅၀၀ | ၁၃၀၇.၅၀၀ | ||||
| ၁၈ | မြေပဲဆံ | US$ | ၀.၂၃၀ | ၁၃.၆၂၁ | ၁၃.၈၅၁ | |
| ကီလို | ၁၅၅.၀၀၀ | ၈၈၁၃.၃၃၀ | ၈၉၆၈.၃၃၀ | |||
| ၁၉ | အခြားပဲ | US$ | ၀.၀၀၆ | ၀.၆၂၂ | ၀.၆၂၈ | |
| ကီလို | ၅.၂၄၁ | ၁၀၄၅.၄၀၀ | ၁၀၅၀.၆၄၁ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၄၂၀.၅၅၆ | ၉၁.၃၅၂ | ၅၁၁.၉၀၈ | ||
| ကီလို | ၅၃၀၄၉၈.၈၉၇ | ၁၀၅၆၉၃.၄၁၁ | ၆၃၆၁၉၂.၃၀၈ | |||
| Source: Customs | ||||||
