မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၇-၇-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၂၃၄၃၉.၁၉၄)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၉.၁၂၄)သန်း၊ နယ်စပ်မှ (၉၅၉၄.၇၅၀)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၇.၈၅၁)သန်း၊ စုစုပေါင်း (၃၃၀၃၃.၉၄၄) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၂၆.၉၇၅)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၇-၇-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၇-၇-၂၀၂၃) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၉.၆၀၂ | ၀.၀၀၀ | ၉.၆၀၂ | |
ကီလို | ၁၀၈၇၁.၉၈၅ | ၀.၀၀၀ | ၁၀၈၇၁.၉၈၅ | |||
၂ | ပဲတီစိမ်း | US$ | ၄.၂၃၃ | ၃.၁၇၅ | ၇.၄၀၈ | |
ကီလို | ၆၁၂၀.၁၅၉ | ၄၆၄၅.၀၀၀ | ၁၀၇၆၅.၁၅၉ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ||||
ကီလို | ||||||
၄ | ပဲစဉ်းငုံ | US$ | ၄.၁၉၃ | ၀.၀၀၀ | ၄.၁၉၃ | |
ကီလို | ၅၀၄၇.၀၀၀ | ၀.၀၀၀ | ၅၀၄၇.၀၀၀ | |||
၅ | ကုလားပဲ | US$ | ၀.၀၁၁ | ၀.၀၀၀ | ၀.၀၁၁ | |
ကီလို | ၁၀.၀၀၀ | ၀.၀၀၀ | ၁၀.၀၀၀ | |||
၆ | ပဲလွန်းဖြူ | US$ | ၀.၅၇၂ | ၀.၁၀၆ | ၀.၆၇၈ | |
ကီလို | ၈၆၃.၂၄၀ | ၁၆၈.၅၀၀ | ၁၀၃၁.၇၄၀ | |||
၇ | မြေထောက်ပဲ | US$ | ၀.၂၁၄ | ၁.၄၅၁ | ၁.၆၆၅ | |
ကီလို | ၂၀၉.၆၅၀ | ၉၈၀.၀၀၀ | ၁၁၈၉.၆၅၀ | |||
၈ | ထောပတ်ပဲ | US$ | ၀.၁၂၆ | ၀.၃၂၆ | ၀.၄၅၂ | |
ကီလို | ၁၂၀.၀၀၀ | ၃၀၆.၂၅၀ | ၄၂၆.၂၅၀ | |||
၉ | ပဲယင်း | US$ | ၀.၀၂၉ | ၂.၃၀၂ | ၂.၃၃၁ | |
ကီလို | ၄၀.၀၀၀ | ၂၇၉၇.၅၀၀ | ၂၈၃၇.၅၀၀ | |||
၁၀ | ပဲကြီး | US$ | ၀.၁၀၉ | ၀.၁၀၃ | ၀.၂၁၂ | |
ကီလို | ၁၀၆.၉၆၀ | ၁၀၂.၀၀၀ | ၂၀၈.၉၆၀ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၀၀၀ | ၀.၂၄၇ | ၀.၂၄၇ | |
ကီလို | ၀.၀၀၀ | ၄၀၈.၅၀၀ | ၄၀၈.၅၀၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၀.၀၃၃ | ၀.၀၀၀ | ၀.၀၃၃ | |
ကီလို | ၄၈.၂၀၀ | ၀.၀၀၀ | ၄၈.၂၀၀ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
၁၇ | ပဲနီကြား | US$ | ၀.၀၄၃ | ၀.၀၄၃ | ||
ကီလို | ၈၅.၀၀၀ | ၈၅.၀၀၀ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၀.၀၄၄ | ၀.၀၄၄ | ||
ကီလို | ၆၈.၀၀၀ | ၆၈.၀၀၀ | ||||
၁၉ | မြေပဲဆံ | US$ | ၀.၀၅၄ | ၀.၀၅၄ | ||
ကီလို | ၃၄.၀၀၀ | ၃၄.၀၀၀ | ||||
၂၀ | အခြားပဲ | US$ | ၀.၀၀၂ | ၀.၀၀၀ | ၀.၀၀၂ | |
ကီလို | ၂.၀၀၀ | ၀.၀၀၀ | ၂.၀၀၀ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၁၉.၁၂၄ | ၇.၈၅၁ | ၂၆.၉၇၅ | ||
ကီလို | ၂၃၄၃၉.၁၉၄ | ၉၅၉၄.၇၅၀ | ၃၃၀၃၃.၉၄၄ | |||
Source: Customs |