မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုး နေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာ နှစ်စာရင်းများအရ ပင်လယ် ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇) သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၁၆-၆-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၃၃၅၄၅၃.၅၆၀)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၅၆.၇၄၁) သန်း၊ နယ်စပ်မှ (၃၈၅၂၃.၇၁၂) တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၃၅.၄၇၈) သန်း၊ စုစုပေါင်း (၂၉၂.၂၁၉) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၃၇၃၉၇၇.၂၇၂) သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၁၆-၆-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁၆-၆-၂၀၂၃) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၁၀၅.၉၂၄ | ၀.၉၅၃ | ၁၀၆.၈၇၇ | |
| ကီလို | ၁၂၇၃၈၈.၈၉၁ | ၈၈၉.၀၀၀ | ၁၂၈၂၇၇.၈၉၁ | |||
| ၂ | ပဲတီစိမ်း | US$ | ၇၉.၄၄၃ | ၁၁.၅၈၆ | ၉၁.၀၂၉ | |
| ကီလို | ၁၂၀၂၀၀.၀၁၀ | ၁၈၆၁၁.၅၀၇ | ၁၃၈၈၁၁.၅၁၇ | |||
| ၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ||||
| ကီလို | ||||||
| ၄ | ပဲစဉ်းငုံ | US$ | ၃၅.၇၃၆ | ၀.၀၀၀ | ၃၅.၇၃၆ | |
| ကီလို | ၄၂၉၈၇.၀၃၀ | ၀.၀၀၀ | ၄၂၉၈၇.၀၃၀ | |||
| ၅ | ကုလားပဲ | US$ | ၀.၃၄၄ | ၀.၀၀၀ | ၀.၃၄၄ | |
| ကီလို | ၃၈၆.၃၁၅ | ၀.၀၀၀ | ၃၈၆.၃၁၅ | |||
| ၆ | ပဲလွန်းဖြူ | US$ | ၇.၇၄၀ | ၀.၃၀၉ | ၈.၀၄၉ | |
| ကီလို | ၁၂၄၉၆.၉၉၁ | ၅၁၄.၅၀၀ | ၁၃၀၁၁.၄၉၁ | |||
| ၇ | မြေထောက်ပဲ | US$ | ၆.၁၉၄ | ၃.၀၈၄ | ၉.၂၇၈ | |
| ကီလို | ၆၅၀၉.၀၆၉ | ၂၃၀၀.၃၇၇ | ၈၈၀၉.၄၄၆ | |||
| ၈ | ထောပတ်ပဲ | US$ | ၁၀.၁၅၁ | ၂.၇၃၇ | ၁၂.၈၈၈ | |
| ကီလို | ၁၀၄၂၀.၃၄၈ | ၂၆၀၀.၄၀၆ | ၁၃၀၂၀.၇၅၄ | |||
| ၉ | ပဲယင်း | US$ | ၇.၆၃၈ | ၂.၈၀၉ | ၁၀.၄၄၇ | |
| ကီလို | ၁၀၅၁၃.၈၄၀ | ၃၄၃၈.၇၅၀ | ၁၃၉၅၂.၅၉၀ | |||
| ၁၀ | ပဲကြီး | US$ | ၁.၄၄၄ | ၀.၂၉၆ | ၁.၇၄၀ | |
| ကီလို | ၁၄၀၃.၇၅၆ | ၂၉၅.၅၀၀ | ၁၆၉၉.၂၅၆ | |||
| ၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၈၃၂ | ၀.၈၃၂ | ||
| ကီလို | ၁၃၃၃.၀၂၀ | ၁၃၃၃.၀၂၀ | ||||
| ၁၂ | စွန်တာပြာ | US$ | ၀.၂၆၇ | ၀.၂၃၅ | ၀.၅၀၂ | |
| ကီလို | ၄၁၇.၀၀၀ | ၃၉၃.၅၀၀ | ၈၁၀.၅၀၀ | |||
| ၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
| ၁၄ | ပဲဖြူလေး | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
| ၁၅ | ဘိုကိတ်ပဲ | US$ | ၀.၇၉၁ | ၀.၀၀၀ | ၀.၇၉၁ | |
| ကီလို | ၁၂၃၄.၅၅၀ | ၀.၀၀၀ | ၁၂၃၄.၅၅၀ | |||
| ၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၀၄ | ၀.၀၀၀ | ၀.၀၀၄ | |
| ကီလို | ၄.၇၄၀ | ၀.၀၀၀ | ၄.၇၄၀ | |||
| ၁၇ | ပဲနီကြား | US$ | ၀.၃၃၇ | ၀.၃၃၇ | ||
| ကီလို | ၆၄၇.၀၀၀ | ၆၄၇.၀၀၀ | ||||
| ၁၈ | နိုင်လွန်ပဲ | US$ | ၀.၃၈၃ | ၀.၃၈၃ | ||
| ကီလို | ၄၉၂.၀၀၀ | ၄၉၂.၀၀၀ | ||||
| ၁၉ | မြေပဲ(အခွံပါ) | US$ | ||||
| ကီလို | ||||||
| ၂၀ | မြေပဲဆံ | US$ | ၀.၂၃၀ | ၁၂.၆၆၈ | ၁၂.၈၉၈ | |
| ကီလို | ၁၅၅.၀၀၀ | ၈၂၀၆.၇၇၂ | ၈၃၆၁.၇၇၂ | |||
| ၂၁ | အခြားပဲ | US$ | ၀.၀၀၃ | ၀.၀၈၁ | ၀.၀၈၄ | |
| ကီလို | ၃.၀၀၀ | ၁၃၄.၄၀၀ | ၁၃၇.၄၀၀ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၂၅၆.၇၄၁ | ၃၅.၄၇၈ | ၂၉၂.၂၁၉ | ||
| ကီလို | ၃၃၅၄၅၃.၅၆၀ | ၃၈၅၂၃.၇၁၂ | ၃၇၃၉၇၇.၂၇၂ | |||
