မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုး နေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာ နှစ်စာရင်းများအရ ပင်လယ် ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇) သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၂၆-၅-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၂၄၄၀၄၁.၂၅၆)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၈၂.၉၈၉) သန်း၊ နယ်စပ်မှ (၂၆၅၀၂.၁၄၀) တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၂၅.၅၉၄) သန်း၊ စုစုပေါင်း (၂၇၀၅၄၃.၃၉၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၂၀၈.၅၈၃) သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၂၆-၅-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၂၆-၅-၂၀၂၃) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၆၇.၅၁၇ | ၀.၈၀၂ | ၆၈.၃၁၉ | |
ကီလို | ၈၃၄၄၃.၁၈၉ | ၇၄၈.၀၀၀ | ၈၄၁၉၁.၁၈၉ | |||
၂ | ပဲတီစိမ်း | US$ | ၆၁.၀၂၃ | ၇.၃၆၀ | ၆၈.၃၈၃ | |
ကီလို | ၉၂၅၃၄.၁၂၀ | ၁၁၇၆၉.၃၄၂ | ၁၀၄၃၀၃.၄၆၂ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ||||
ကီလို | ||||||
၄ | ပဲစဉ်းငုံ | US$ | ၂၆.၅၈၃ | ၀.၀၀၀ | ၂၆.၅၈၃ | |
ကီလို | ၃၂၄၈၈.၀၂၅ | ၀.၀၀၀ | ၃၂၄၈၈.၀၂၅ | |||
၅ | ကုလားပဲ | US$ | ၀.၃၃၂ | ၀.၀၀၀ | ၀.၃၃၂ | |
ကီလို | ၃၇၄.၉၁၅ | ၀.၀၀၀ | ၃၇၄.၉၁၅ | |||
၆ | ပဲလွန်းဖြူ | US$ | ၆.၁၅၇ | ၀.၂၃၇ | ၆.၃၉၄ | |
ကီလို | ၁၀၀၄၄.၆၆၆ | ၃၉၃.၀၀၀ | ၁၀၄၃၇.၆၆၆ | |||
၇ | မြေထောက်ပဲ | US$ | ၄.၃၈၂ | ၁.၇၄၆ | ၆.၁၂၈ | |
ကီလို | ၄၅၃၄.၀၇၉ | ၁၃၄၀.၁၀၇ | ၅၈၇၄.၁၈၆ | |||
၈ | ထောပတ်ပဲ | US$ | ၇.၅၁၇ | ၂.၂၂၂ | ၉.၇၃၉ | |
ကီလို | ၇၉၀၅.၈၀၅ | ၂၁၁၁.၁၅၆ | ၁၀၀၁၆.၉၆၁ | |||
၉ | ပဲယင်း | US$ | ၆.၃၈၆ | ၁.၃၇၃ | ၇.၇၅၉ | |
ကီလို | ၈၇၅၀.၈၅၇ | ၁၆၂၂.၅၀၀ | ၁၀၃၇၃.၃၅၇ | |||
၁၀ | ပဲကြီး | US$ | ၁.၃၀၈ | ၀.၂၉၆ | ၁.၆၀၄ | |
ကီလို | ၁၃၀၄.၇၉၀ | ၂၉၅.၅၀၀ | ၁၆၀၀.၂၉၀ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၇၁၂ | ၀.၇၁၂ | ||
ကီလို | ၁၁၃၃.၀၂၀ | ၁၁၃၃.၀၂၀ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၁၇၂ | ၀.၁၆၅ | ၀.၃၃၇ | |
ကီလို | ၂၅၈.၀၀၀ | ၂၇၄.၅၀၀ | ၅၃၂.၅၀၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၀.၇၃၇ | ၀.၀၀၀ | ၀.၇၃၇ | |
ကီလို | ၁၁၅၀.၀၅၀ | ၀.၀၀၀ | ၁၁၅၀.၀၅၀ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၀၄ | ၀.၀၀၀ | ၀.၀၀၄ | |
ကီလို | ၄.၇၄၀ | ၀.၀၀၀ | ၄.၇၄၀ | |||
၁၇ | ပဲနီကြား | US$ | ၀.၂၅၆ | ၀.၂၅၆ | ||
ကီလို | ၄၉၆.၀၀၀ | ၄၉၆.၀၀၀ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၀.၁၉၆ | ၀.၁၉၆ | ||
ကီလို | ၂၅၄.၀၀၀ | ၂၅၄.၀၀၀ | ||||
၁၉ | မြေပဲ(အခွံပါ) | US$ | ||||
ကီလို | ||||||
၂၀ | မြေပဲဆံ | US$ | ၀.၁၅၆ | ၁၀.၈၆၀ | ၁၁.၀၁၆ | |
ကီလို | ၁၁၂.၀၀၀ | ၇၀၆၃.၆၃၅ | ၇၁၇၅.၆၃၅ | |||
၂၁ | အခြားပဲ | US$ | ၀.၀၀၃ | ၀.၀၈၁ | ၀.၀၈၄ | |
ကီလို | ၃.၀၀၀ | ၁၃၄.၄၀၀ | ၁၃၇.၄၀၀ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၁၈၂.၉၈၉ | ၂၅.၅၉၄ | ၂၀၈.၅၈၃ | ||
ကီလို | ၂၄၄၀၄၁.၂၅၆ | ၂၆၅၀၂.၁၄၀ | ၂၇၀၅၄၃.၃၉၆ |