မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုး နေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာ နှစ်စာရင်းများအရ ပင်လယ် ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇) သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၃၁-၃-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၆၄၀၇၇၇.၁၆၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၂၆၁.၈၇၃) သန်း၊ နယ်စပ်မှ (၂၇၈၃၇၈.၉၃၃) တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၂၀၈.၇၈၈) သန်း၊ စုစုပေါင်း (၁၉၁၉၁၅၆.၁၀၀) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၄၇၀.၆၆၁) သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၃၁-၃-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

 

          အမေရိကန်ဒေါ်လာသန်း
ကီလို-ထောင်ပေါင်း
စဉ် အကြောင်းအရာ ရေတွက်
ပုံ
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်
(၃၁-၃-၂၀၂၃) ထိ
ပင်လယ်
ရေကြောင်း
နယ်စပ် ‌​​ပေါင်း
  မတ်ပဲ US$ ၅၂၂.၅၆၅ ၉.၂၃၂ ၅၃၁.၇၉၇
ကီလို ၆၄၀၂၆၆.၂၂၀ ၉၆၇၄.၀၁၀ ၆၄၉၉၄၀.၂၃၀
  ပဲတီစိမ်း US$ ၃၈၁.၈၅၆ ၁၀၇.၂၃၃ ၄၈၉.၀၈၉
ကီလို ၅၃၂၁၄၉.၃၆၈ ၁၅၉၂၄၉.၉၂၀ ၆၉၁၃၉၉.၂၈၈
  ပဲတီစိမ်းလုံးခြမ်း US$      
ကီလို      
  ပဲစဉ်းငုံ US$ ၁၈၆.၉၇၅ ၀.၄၁၈ ၁၈၇.၃၉၃
ကီလို ၂၃၈၉၇၃.၂၃၃ ၅၆၄.၅၀၀ ၂၃၉၅၃၇.၇၃၃
  ကုလားပဲ US$ ၁၃.၁၁၂ ၀.၀၂၇ ၁၃.၁၃၉
ကီလို ၁၈၆၃၃.၈၆၄ ၄၃.၀၀၀ ၁၈၆၇၆.၈၆၄
  ပဲလွန်းဖြူ US$ ၃၅.၀၆၇ ၄.၉၂၀ ၃၉.၉၈၇
ကီလို ၅၃၆၀၆.၃၇၄ ၉၃၉၅.၄၁၆ ၆၃၀၀၁.၇၉၀
  မြေထောက်ပဲ US$ ၃၄.၇၇၆ ၁၅.၅၃၄ ၅၀.၃၁၀
ကီလို ၄၀၆၅၂.၇၈၅ ၁၈၇၇၂.၉၂၆ ၅၉၄၂၅.၇၁၁
  ထောပတ်ပဲ US$ ၂၀.၃၄၇ ၆.၆၇၂ ၂၇.၀၁၉
ကီလို ၂၃၉၁၉.၅၂၂ ၉၈၈၃.၄၅၆ ၃၃၈၀၂.၉၇၈
   ပဲယင်း US$ ၄၀.၇၁၇ ၂၀.၀၅၄ ၆၀.၇၇၁
ကီလို ၅၆၃၅၄.၂၄၉ ၂၈၃၁၈.၃၆၄ ၈၄၆၇၂.၆၁၃
  ၁၀ ပဲကြီး US$ ၃.၃၂၈ ၂.၁၇၀ ၅.၄၉၈
ကီလို ၄၅၆၀.၂၈၄ ၃၂၁၂.၆၇၀ ၇၇၇၂.၉၅၄
  ၁၁ ပဲကတ္တီပါ(စွန်တာနီ) US$ ၃.၀၇၁   ၃.၀၇၁
ကီလို ၄၇၂၅.၁၃၅   ၄၇၂၅.၁၃၅
  ၁၂ စွန်တာပြာ US$ ၀.၆၉၂ ၀.၀၀၀ ၀.၆၉၂
ကီလို ၁၀၇၈.၇၀၀ ၀.၀၀၀ ၁၀၇၈.၇၀၀
  ၁၃ ပဲကတ္တီပါ(စွန်တာနီ/ပြာ) US$   ၁.၅၇၀ ၁.၅၇၀
ကီလို   ၂၇၁၀.၀၃၀ ၂၇၁၀.၀၃၀
  ၁၄ ပဲဖြူလေး US$ ၀.၂၁၄ ၀.၀၀၀ ၀.၂၁၄
ကီလို ၂၈၀.၆၈၅ ၀.၀၀၀ ၂၈၀.၆၈၅
  ၁၅ ဘိုကိတ်ပဲ US$ ၁၅.၈၄၈ ၀.၀၀၀ ၁၅.၈၄၈
ကီလို ၂၁၉၀၈.၈၄၇ ၀.၀၀၀ ၂၁၉၀၈.၈၄၇
  ၁၆ ပဲပုတ်စေ့ US$ ၀.၂၀၆ ၀.၀၀၀ ၀.၂၀၆
ကီလို ၂၂၃.၅၁၀ ၀.၀၀၀ ၂၂၃.၅၁၀
  ၁၇ ပဲနီကြား US$   ၂.၂၈၀ ၂.၂၈၀
ကီလို   ၅၅၂၀.၃၀၂ ၅၅၂၀.၃၀၂
  ၁၈ နိုင်လွန်ပဲ US$   ၀.၈၇၂ ၀.၈၇၂
ကီလို   ၁၂၀၇.၄၀၇ ၁၂၀၇.၄၀၇
  ၁၉ မြေပဲ(အခွံပါ) US$      
ကီလို      
  ၂၀ မြေပဲဆံ US$ ၂.၅၃၁ ၃၇.၆၂၉ ၄၀.၁၆၀
ကီလို ၂၄၇၂.၂၄၀ ၂၉၅၇၃.၉၃၂ ၃၂၀၄၆.၁၇၂
  ၂၁ အခြားပဲ US$ ၀.၅၆၈ ၀.၁၇၇ ၀.၇၄၅
ကီလို ၉၇၂.၁၅၁ ၂၅၃.၀၀၀ ၁၂၂၅.၁၅၁
    ပဲတင်ပို့မှုစုစုပေါင်း US$ ၁၂၆၁.၈၇၃ ၂၀၈.၇၈၈ ၁၄၇၀.၆၆၁
ကီလို ၁၆၄၀၇၇၇.၁၆၇ ၂၇၈၃၇၈.၉၃၃ ၁၉၁၉၁၅၆.၁၀၀