မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုး နေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာ နှစ်စာရင်းများအရ ပင်လယ် ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇) သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၂၄-၃-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၅၉၃၅၈၉.၉၃၆)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၂၂၇.၀၈၆) သန်း၊ နယ်စပ်မှ (၂၇၀၁၈၅.၇၆၄) တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၂၀၁.၂၅၅) သန်း၊ စုစုပေါင်း (၁၈၆၃၇၇၅.၇၀၀) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၄၂၈.၃၄၁) သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၂၄-၃-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၂၄-၃-၂၀၂၃) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၅၁၅.၉၀၆ | ၉.၁၇၅ | ၅၂၅.၀၈၁ | |
ကီလို | ၆၃၁၇၀၈.၂၁၅ | ၉၆၁၀.၀၁၀ | ၆၄၁၃၁၈.၂၂၅ | |||
၂ | ပဲတီစိမ်း | US$ | ၃၆၉.၄၀၈ | ၁၀၄.၈၀၁ | ၄၇၄.၂၀၉ | |
ကီလို | ၅၁၃၀၄၈.၄၃၈ | ၁၅၅၄၈၉.၆၈၃ | ၆၆၈၅၃၈.၁၂၁ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ||||
ကီလို | ||||||
၄ | ပဲစဉ်းငုံ | US$ | ၁၇၆.၅၅၆ | ၀.၃၈၇ | ၁၇၆.၉၄၃ | |
ကီလို | ၂၂၆၁၆၆.၈၃၃ | ၅၂၉.၅၀၀ | ၂၂၆၆၉၆.၃၃၃ | |||
၅ | ကုလားပဲ | US$ | ၁၂.၉၈၅ | ၀.၀၂၇ | ၁၃.၀၁၂ | |
ကီလို | ၁၈၄၈၆.၈၆၄ | ၄၃.၀၀၀ | ၁၈၅၂၉.၈၆၄ | |||
၆ | ပဲလွန်းဖြူ | US$ | ၃၃.၈၆၅ | ၄.၆၃၇ | ၃၈.၅၀၂ | |
ကီလို | ၅၁၅၉၀.၉၄၆ | ၈၉၂၅.၀၃၃ | ၆၀၅၁၅.၉၇၉ | |||
၇ | မြေထောက်ပဲ | US$ | ၃၃.၆၇၂ | ၁၄.၇၁၇ | ၄၈.၃၈၉ | |
ကီလို | ၃၉၈၁၈.၇၈၅ | ၁၈၁၆၉.၄၂၆ | ၅၇၉၈၈.၂၁၁ | |||
၈ | ထောပတ်ပဲ | US$ | ၁၉.၈၀၈ | ၅.၇၃၅ | ၂၅.၅၄၃ | |
ကီလို | ၂၃၃၆၃.၅၃၂ | ၈၈၈၆.၁၅၇ | ၃၂၂၄၉.၆၈၉ | |||
၉ | ပဲယင်း | US$ | ၃၈.၈၁၄ | ၁၉.၈၈၆ | ၅၈.၇၀၀ | |
ကီလို | ၅၃၇၃၆.၇၇၁ | ၂၈၁၂၅.၃၆၄ | ၈၁၈၆၂.၁၃၅ | |||
၁၀ | ပဲကြီး | US$ | ၃.၃၂၁ | ၂.၀၂၅ | ၅.၃၄၆ | |
ကီလို | ၄၅၅၄.၂၈၄ | ၃၀၆၇.၆၇၀ | ၇၆၂၁.၉၅၄ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၂.၉၄၈ | ၂.၉၄၈ | ||
ကီလို | ၄၅၃၃.၁၃၅ | ၄၅၃၃.၁၃၅ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၆၇၉ | ၀.၀၀၀ | ၀.၆၇၉ | |
ကီလို | ၁၀၅၇.၇၀၀ | ၀.၀၀၀ | ၁၀၅၇.၇၀၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၁.၅၂၈ | ၁.၅၂၈ | ||
ကီလို | ၂၆၄၀.၅၃၀ | ၂၆၄၀.၅၃၀ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၂၁၄ | ၀.၀၀၀ | ၀.၂၁၄ | |
ကီလို | ၂၈၀.၆၈၅ | ၀.၀၀၀ | ၂၈၀.၆၈၅ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၁၅.၆၈၉ | ၀.၀၀၀ | ၁၅.၆၈၉ | |
ကီလို | ၂၁၆၆၃.၈၄၇ | ၀.၀၀၀ | ၂၁၆၆၃.၈၄၇ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၀.၁၂၃ | ၀.၀၀၀ | ၀.၁၂၃ | |
ကီလို | ၁၃၅.၅၁၀ | ၀.၀၀၀ | ၁၃၅.၅၁၀ | |||
၁၇ | ပဲနီကြား | US$ | ၂.၂၄၄ | ၂.၂၄၄ | ||
ကီလို | ၅၄၅၀.၈၀၂ | ၅၄၅၀.၈၀၂ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၀.၈၂၃ | ၀.၈၂၃ | ||
ကီလို | ၁၁၃၉.၄၀၇ | ၁၁၃၉.၄၀၇ | ||||
၁၉ | မြေပဲ(အခွံပါ) | US$ | ||||
ကီလို | ||||||
၂၀ | မြေပဲဆံ | US$ | ၂.၅၃၁ | ၃၅.၁၃၃ | ၃၇.၆၆၄ | |
ကီလို | ၂၄၇၂.၂၄၀ | ၂၇၉၂၃.၁၈၂ | ၃၀၃၉၅.၄၂၂ | |||
၂၁ | အခြားပဲ | US$ | ၀.၅၆၇ | ၀.၁၃၇ | ၀.၇၀၄ | |
ကီလို | ၉၇၂.၁၅၁ | ၁၈၆.၀၀၀ | ၁၁၅၈.၁၅၁ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၁၂၂၇.၀၈၆ | ၂၀၁.၂၅၅ | ၁၄၂၈.၃၄၁ | ||
ကီလို | ၁၅၉၃၅၈၉.၉၃၆ | ၂၇၀၁၈၅.၇၆၄ | ၁၈၆၃၇၇၅.၇၀၀ |