မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုး နေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာ နှစ်စာရင်းများအရ ပင်လယ် ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇) သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၁၇-၃-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၅၄၃၄၄၁.၂၉၄)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၉၀.၇၅၈) သန်း၊ နယ်စပ်မှ (၂၅၉၃၁၅.၆၂၉) တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၁၉၁.၆၁၅) သန်း၊ စုစုပေါင်း (၁၈၀၂၇၅၆.၉၂၃) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၃၈၂.၃၇၃) သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၁၇-၃-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၁၇-၃-၂၀၂၃) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၅၀၇.၁၃၃ | ၉.၁၇၅ | ၅၁၆.၃၀၈ | |
| ကီလို | ၆၂၀၅၂၉.၄၆၇ | ၉၆၁၀.၀၁၀ | ၆၃၀၁၃၉.၄၇၇ | |||
| ၂ | ပဲတီစိမ်း | US$ | ၃၅၃.၃၈၁ | ၁၀၁.၃၅၈ | ၄၅၄.၇၃၉ | |
| ကီလို | ၄၈၉၃၉၂.၉၇၄ | ၁၅၀၄၁၀.၇၂၀ | ၆၃၉၈၀၃.၆၉၄ | |||
| ၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ||||
| ကီလို | ||||||
| ၄ | ပဲစဉ်းငုံ | US$ | ၁၇၁.၁၉၅ | ၀.၃၇၈ | ၁၇၁.၅၇၃ | |
| ကီလို | ၂၁၉၃၁၁.၈၂၈ | ၅၁၉.၅၀၀ | ၂၁၉၈၃၁.၃၂၈ | |||
| ၅ | ကုလားပဲ | US$ | ၁၂.၉၇၉ | ၀.၀၂၇ | ၁၃.၀၀၆ | |
| ကီလို | ၁၈၄၈၁.၅၈၁ | ၄၃.၀၀၀ | ၁၈၅၂၄.၅၈၁ | |||
| ၆ | ပဲလွန်းဖြူ | US$ | ၃၂.၃၀၈ | ၄.၁၆၁ | ၃၆.၄၆၉ | |
| ကီလို | ၄၉၀၈၁.၉၅၁ | ၈၁၂၃.၁၀၃ | ၅၇၂၀၅.၀၅၄ | |||
| ၇ | မြေထောက်ပဲ | US$ | ၃၂.၉၄၆ | ၁၃.၆၈၀ | ၄၆.၆၂၆ | |
| ကီလို | ၃၉၂၇၀.၁၆၀ | ၁၇၃၇၂.၄၆၀ | ၅၆၆၄၂.၆၂၀ | |||
| ၈ | ထောပတ်ပဲ | US$ | ၁၈.၈၀၇ | ၄.၉၂၇ | ၂၃.၇၃၄ | |
| ကီလို | ၂၂၂၉၉.၄၄၂ | ၇၉၇၇.၆၅၇ | ၃၀၂၇၇.၀၉၉ | |||
| ၉ | ပဲယင်း | US$ | ၃၆.၈၈၃ | ၁၈.၉၃၅ | ၅၅.၈၁၈ | |
| ကီလို | ၅၀၇၀၃.၈၈၇ | ၂၇၀၆၆.၈၆၄ | ၇၇၇၇၀.၇၅၁ | |||
| ၁၀ | ပဲကြီး | US$ | ၃.၂၆၈ | ၁.၇၈၀ | ၅.၀၄၈ | |
| ကီလို | ၄၅၀၃.၇၃၆ | ၂၈၂၁.၆၇၀ | ၇၃၂၅.၄၀၆ | |||
| ၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၂.၉၄၄ | ၂.၉၄၄ | ||
| ကီလို | ၄၅၂၇.၁၃၅ | ၄၅၂၇.၁၃၅ | ||||
| ၁၂ | စွန်တာပြာ | US$ | ၀.၆၇၉ | ၀.၀၀၀ | ၀.၆၇၉ | |
| ကီလို | ၁၀၅၇.၇၀၀ | ၀.၀၀၀ | ၁၀၅၇.၇၀၀ | |||
| ၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၁.၅၀၀ | ၁.၅၀၀ | ||
| ကီလို | ၂၅၈၉.၅၃၀ | ၂၅၈၉.၅၃၀ | ||||
| ၁၄ | ပဲဖြူလေး | US$ | ၀.၂၁၄ | ၀.၀၀၀ | ၀.၂၁၄ | |
| ကီလို | ၂၈၀.၆၈၅ | ၀.၀၀၀ | ၂၈၀.၆၈၅ | |||
| ၁၅ | ဘိုကိတ်ပဲ | US$ | ၁၄.၈၆၁ | ၀.၀၀၀ | ၁၄.၈၆၁ | |
| ကီလို | ၂၀၄၆၈.၈၄၇ | ၀.၀၀၀ | ၂၀၄၆၈.၈၄၇ | |||
| ၁၆ | ပဲပုတ်စေ့ | US$ | ၀.၁၂၃ | ၀.၀၀၀ | ၀.၁၂၃ | |
| ကီလို | ၁၃၅.၅၁၀ | ၀.၀၀၀ | ၁၃၅.၅၁၀ | |||
| ၁၇ | ပဲနီကြား | US$ | ၂.၂၁၁ | ၂.၂၁၁ | ||
| ကီလို | ၅၃၈၁.၈၀၂ | ၅၃၈၁.၈၀၂ | ||||
| ၁၈ | နိုင်လွန်ပဲ | US$ | ၀.၇၇၀ | ၀.၇၇၀ | ||
| ကီလို | ၁၀၇၀.၈၇၀ | ၁၀၇၀.၈၇၀ | ||||
| ၁၉ | မြေပဲ(အခွံပါ) | US$ | ||||
| ကီလို | ||||||
| ၂၀ | မြေပဲဆံ | US$ | ၂.၄၈၀ | ၃၂.၅၈၅ | ၃၅.၀၆၅ | |
| ကီလို | ၂၄၃၂.၂၄၀ | ၂၆၁၅၈.၉၄၃ | ၂၈၅၉၁.၁၈၃ | |||
| ၂၁ | အခြားပဲ | US$ | ၀.၅၅၇ | ၀.၁၂၈ | ၀.၆၈၅ | |
| ကီလို | ၉၆၄.၁၅၁ | ၁၆၉.၅၀၀ | ၁၁၃၃.၆၅၁ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၁၁၉၀.၇၅၈ | ၁၉၁.၆၁၅ | ၁၃၈၂.၃၇၃ | ||
| ကီလို | ၁၅၄၃၄၄၁.၂၉၄ | ၂၅၉၃၁၅.၆၂၉ | ၁၈၀၂၇၅၆.၉၂၃ | |||
