မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုး နေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာ နှစ်စာရင်းများအရ ပင်လယ် ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇) သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၂၄-၂-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၃၈၄၁၄၇.၃၂၈)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၀၇၆.၇၈၄) သန်း၊ နယ်စပ်မှ (၂၁၇၆၁၂.၃၃၈) တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၁၅၅.၄၀၃) သန်း၊ စုစုပေါင်း (၁၆၀၁၇၅၉.၆၆၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၂၃၂.၁၈၇) သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၂၄-၂-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၂၄-၂-၂၀၂၃) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၄၈၈.၀၉၈ | ၈.၈၇၃ | ၄၉၆.၉၇၁ | |
ကီလို | ၅၉၆၀၈၂.၁၅၂ | ၉၃၂၂.၀၁၀ | ၆၀၅၄၀၄.၁၆၂ | |||
၂ | ပဲတီစိမ်း | US$ | ၃၀၁.၉၈၅ | ၈၇.၇၀၉ | ၃၈၉.၆၉၄ | |
ကီလို | ၄၁၂၄၀၁.၆၃၉ | ၁၃၁၂၀၄.၈၆၆ | ၅၄၃၆၀၆.၅၀၅ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ||||
ကီလို | ||||||
၄ | ပဲစဉ်းငုံ | US$ | ၁၄၈.၉၆၆ | ၀.၃၃၁ | ၁၄၉.၂၉၇ | |
ကီလို | ၁၉၁၁၁၈.၇၂၂ | ၄၆၂.၅၀၀ | ၁၉၁၅၈၁.၂၂၂ | |||
၅ | ကုလားပဲ | US$ | ၁၂.၇၉၄ | ၀.၀၂၇ | ၁၂.၈၂၁ | |
ကီလို | ၁၈၂၇၀.၂၅၆ | ၄၃.၀၀၀ | ၁၈၃၁၃.၂၅၆ | |||
၆ | ပဲလွန်းဖြူ | US$ | ၂၅.၃၁၆ | ၂.၈၄၄ | ၂၈.၁၆၀ | |
ကီလို | ၃၇၃၃၆.၃၄၅ | ၅၈၉၈.၃၅၂ | ၄၃၂၃၄.၆၉၇ | |||
၇ | မြေထောက်ပဲ | US$ | ၃၀.၂၁၂ | ၁၁.၆၅၂ | ၄၁.၈၆၄ | |
ကီလို | ၃၇၀၇၀.၄၅၉ | ၁၅၇၈၀.၇၁၀ | ၅၂၈၅၁.၁၆၉ | |||
၈ | ထောပတ်ပဲ | US$ | ၁၈.၄၀၀ | ၄.၅၃၀ | ၂၂.၉၃၀ | |
ကီလို | ၂၁၈၅၈.၄၇၂ | ၇၅၁၈.၆၅၇ | ၂၉၃၇၇.၁၂၉ | |||
၉ | ပဲယင်း | US$ | ၂၇.၉၄၂ | ၁၀.၆၀၁ | ၃၈.၅၄၃ | |
ကီလို | ၃၈၁၃၅.၄၅၉ | ၁၇၃၃၂.၂၉၉ | ၅၅၄၆၇.၇၅၈ | |||
၁၀ | ပဲကြီး | US$ | ၃.၂၁၆ | ၁.၃၂၅ | ၄.၅၄၁ | |
ကီလို | ၄၄၅၃.၄၅၆ | ၂၃၆၇.၄၂၀ | ၆၈၂၀.၈၇၆ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၂.၉၄၄ | ၂.၉၄၄ | ||
ကီလို | ၄၅၂၇.၁၃၅ | ၄၅၂၇.၁၃၅ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၆၅၁ | ၀.၀၀၀ | ၀.၆၅၁ | |
ကီလို | ၁၀၀၉.၇၀၀ | ၀.၀၀၀ | ၁၀၀၉.၇၀၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၁.၂၈၀ | ၁.၂၈၀ | ||
ကီလို | ၂၂၄၈.၅၃၀ | ၂၂၄၈.၅၃၀ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၁၈၂ | ၀.၀၀၀ | ၀.၁၈၂ | |
ကီလို | ၂၅၆.၆၈၅ | ၀.၀၀၀ | ၂၅၆.၆၈၅ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၁၃.၀၅၄ | ၀.၀၀၀ | ၁၃.၀၅၄ | |
ကီလို | ၁၈၁၉၇.၃၄၇ | ၀.၀၀၀ | ၁၈၁၉၇.၃၄၇ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၀.၁၂၃ | ၀.၀၀၀ | ၀.၁၂၃ | |
ကီလို | ၁၃၅.၅၁၀ | ၀.၀၀၀ | ၁၃၅.၅၁၀ | |||
၁၇ | ပဲနီကြား | US$ | ၂.၀၉၂ | ၂.၀၉၂ | ||
ကီလို | ၅၁၄၁.၈၀၂ | ၅၁၄၁.၈၀၂ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၀.၆၅၆ | ၀.၆၅၆ | ||
ကီလို | ၈၉၆.၈၇၀ | ၈၉၆.၈၇၀ | ||||
၁၉ | မြေပဲ(အခွံပါ) | US$ | ||||
ကီလို | ||||||
၂၀ | မြေပဲဆံ | US$ | ၂.၃၅၁ | ၂၃.၄၈၃ | ၂၅.၈၃၄ | |
ကီလို | ၂၃၄၀.၂၄၀ | ၁၉၃၉၅.၃၂၂ | ၂၁၇၃၅.၅၆၂ | |||
၂၁ | အခြားပဲ | US$ | ၀.၅၅၀ | ၀.၀၀၀ | ၀.၅၅၀ | |
ကီလို | ၉၅၃.၇၅၁ | ၀.၀၀၀ | ၉၅၃.၇၅၁ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၁၀၇၆.၇၈၄ | ၁၅၅.၄၀၃ | ၁၂၃၂.၁၈၇ | ||
ကီလို | ၁၃၈၄၁၄၇.၃၂၈ | ၂၁၇၆၁၂.၃၃၈ | ၁၆၀၁၇၅၉.၆၆၆ |