မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုး နေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာ နှစ်စာရင်းများအရ ပင်လယ် ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇) သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၁၇-၂-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၃၃၃၉၁၆.၀၄၉)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၀၄၀.၃၇၉) သန်း၊ နယ်စပ်မှ (၂၀၄၀၀၈.၅၄၇) တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၁၄၄.၆၆၇) သန်း၊ စုစုပေါင်း (၁၅၃၇၉၂၄.၅၉၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၁၈၅.၀၄၆) သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၁၇-၂-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၁၇-၂-၂၀၂၃) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၄၈၁.၀၀၅ | ၈.၆၈၃ | ၄၈၉.၆၈၈ | |
ကီလို | ၅၈၆၇၅၆.၇၅၂ | ၉၁၃၀.၀၁၀ | ၅၉၅၈၈၆.၇၆၂ | |||
၂ | ပဲတီစိမ်း | US$ | ၂၈၆.၀၁၅ | ၈၃.၂၈၀ | ၃၆၉.၂၉၅ | |
ကီလို | ၃၈၈၆၅၂.၇၄၅ | ၁၂၄၃၂၀.၈၄၅ | ၅၁၂၉၇၃.၅၉၀ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ||||
ကီလို | ||||||
၄ | ပဲစဉ်းငုံ | US$ | ၁၄၄.၃၅၉ | ၀.၂၅၂ | ၁၄၄.၆၁၁ | |
ကီလို | ၁၈၅၁၄၄.၂၇၂ | ၃၆၁.၅၀၀ | ၁၈၅၅၀၅.၇၇၂ | |||
၅ | ကုလားပဲ | US$ | ၁၂.၇၈၃ | ၀.၀၂၇ | ၁၂.၈၁၀ | |
ကီလို | ၁၈၂၆၀.၂၅၆ | ၄၃.၀၀၀ | ၁၈၃၀၃.၂၅၆ | |||
၆ | ပဲလွန်းဖြူ | US$ | ၂၃.၇၀၇ | ၂.၄၆၂ | ၂၆.၁၆၉ | |
ကီလို | ၃၄၆၅၀.၂၈၄ | ၅၂၄၃.၁၅၂ | ၃၉၈၉၃.၄၃၆ | |||
၇ | မြေထောက်ပဲ | US$ | ၂၈.၆၂၄ | ၁၀.၈၆၄ | ၃၉.၄၈၈ | |
ကီလို | ၃၅၆၆၂.၂၉၅ | ၁၅၁၂၅.၂၁၀ | ၅၀၇၈၇.၅၀၅ | |||
၈ | ထောပတ်ပဲ | US$ | ၁၈.၂၃၂ | ၄.၅၂၀ | ၂၂.၇၅၂ | |
ကီလို | ၂၁၆၆၉.၄၇၂ | ၇၅၀၆.၆၅၇ | ၂၉၁၇၆.၁၂၉ | |||
၉ | ပဲယင်း | US$ | ၂၄.၀၃၅ | ၇.၃၈၃ | ၃၁.၄၁၈ | |
ကီလို | ၃၃၁၇၅.၄၅၉ | ၁၃၅၉၃.၀၄၉ | ၄၆၇၆၈.၅၀၈ | |||
၁၀ | ပဲကြီး | US$ | ၃.၂၁၄ | ၁.၂၉၂ | ၄.၅၀၆ | |
ကီလို | ၄၄၅၁.၈၉၆ | ၂၃၃၄.၄၂၀ | ၆၇၈၆.၃၁၆ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၂.၈၄၄ | ၂.၈၄၄ | ||
ကီလို | ၄၃၆၀.၁၃၅ | ၄၃၆၀.၁၃၅ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၆၅၁ | ၀.၀၀၀ | ၀.၆၅၁ | |
ကီလို | ၁၀၀၉.၇၀၀ | ၀.၀၀၀ | ၁၀၀၉.၇၀၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၁.၂၈၀ | ၁.၂၈၀ | ||
ကီလို | ၂၂၄၈.၅၃၀ | ၂၂၄၈.၅၃၀ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၁၈၂ | ၀.၀၀၀ | ၀.၁၈၂ | |
ကီလို | ၂၅၆.၆၈၅ | ၀.၀၀၀ | ၂၅၆.၆၈၅ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၁၁.၇၁၁ | ၀.၀၀၀ | ၁၁.၇၁၁ | |
ကီလို | ၁၆၄၄၆.၅၉၇ | ၀.၀၀၀ | ၁၆၄၄၆.၅၉၇ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၀.၁၂၃ | ၀.၀၀၀ | ၀.၁၂၃ | |
ကီလို | ၁၃၅.၅၁၀ | ၀.၀၀၀ | ၁၃၅.၅၁၀ | |||
၁၇ | ပဲနီကြား | US$ | ၂.၀၉၂ | ၂.၀၉၂ | ||
ကီလို | ၅၁၄၁.၈၀၂ | ၅၁၄၁.၈၀၂ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၀.၅၆၉ | ၀.၅၆၉ | ||
ကီလို | ၇၆၂.၈၇၀ | ၇၆၂.၈၇၀ | ||||
၁၉ | မြေပဲ(အခွံပါ) | US$ | ||||
ကီလို | ||||||
၂၀ | မြေပဲဆံ | US$ | ၂.၃၄၄ | ၂၁.၉၆၃ | ၂၄.၃၀၇ | |
ကီလို | ၂၃၃၀.၂၄၀ | ၁၈၁၉၇.၅၀၂ | ၂၀၅၂၇.၇၄၂ | |||
၂၁ | အခြားပဲ | US$ | ၀.၅၅၀ | ၀.၀၀၀ | ၀.၅၅၀ | |
ကီလို | ၉၅၃.၇၅၁ | ၀.၀၀၀ | ၉၅၃.၇၅၁ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၁၀၄၀.၃၇၉ | ၁၄၄.၆၆၇ | ၁၁၈၅.၀၄၆ | ||
ကီလို | ၁၃၃၃၉၁၆.၀၄၉ | ၂၀၄၀၀၈.၅၄၇ | ၁၅၃၇၉၂၄.၅၉၆ |