မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုး နေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာ နှစ်စာရင်းများအရ ပင်လယ် ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇) သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၂၇-၁-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၂၁၄၆၉၈.၀၉၃)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၉၅၅.၃၅၁) သန်း၊ နယ်စပ်မှ (၁၇၅၂၉၀.၇၇၂) တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၁၂၄.၂၁၇) သန်း၊ စုစုပေါင်း (၁၃၈၉၉၈၈.၈၆၅) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၀၇၉.၅၆၈) သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၂၇-၁-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၂၇-၁-၂၀၂၃) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၄၆၁.၉၇၁ | ၈.၆၁၃ | ၄၇၀.၅၈၄ | |
| ကီလို | ၅၆၁၅၂၉.၆၁၇ | ၉၀၃၁.၀၁၀ | ၅၇၀၅၆၀.၆၂၇ | |||
| ၂ | ပဲတီစိမ်း | US$ | ၂၅၄.၉၃၀ | ၇၃.၆၉၂ | ၃၂၈.၆၂၂ | |
| ကီလို | ၃၄၁၂၄၇.၆၇၉ | ၁၀၇၄၄၅.၁၃၈ | ၄၄၈၆၉၂.၈၁၇ | |||
| ၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ||||
| ကီလို | ||||||
| ၄ | ပဲစဉ်းငုံ | US$ | ၁၂၂.၈၅၄ | ၀.၂၅၂ | ၁၂၃.၁၀၆ | |
| ကီလို | ၁၅၆၇၆၉.၃၀၂ | ၃၆၁.၅၀၀ | ၁၅၇၁၃၀.၈၀၂ | |||
| ၅ | ကုလားပဲ | US$ | ၁၂.၇၆၅ | ၀.၀၂၇ | ၁၂.၇၉၂ | |
| ကီလို | ၁၈၂၃၇.၉၅၆ | ၄၃.၀၀၀ | ၁၈၂၈၀.၉၅၆ | |||
| ၆ | ပဲလွန်းဖြူ | US$ | ၂၁.၃၄၉ | ၁.၉၀၆ | ၂၃.၂၅၅ | |
| ကီလို | ၃၀၇၆၅.၈၉၆ | ၄၂၃၉.၂၅၂ | ၃၅၀၀၅.၁၄၈ | |||
| ၇ | မြေထောက်ပဲ | US$ | ၂၇.၀၀၇ | ၈.၉၇၄ | ၃၅.၉၈၁ | |
| ကီလို | ၃၄၀၃၆.၅၂၂ | ၁၃၅၃၃.၄၆၁ | ၄၇၅၆၉.၉၈၃ | |||
| ၈ | ထောပတ်ပဲ | US$ | ၁၈.၀၃၆ | ၃.၁၀၅ | ၂၁.၁၄၁ | |
| ကီလို | ၂၁၄၂၁.၇၄၂ | ၅၇၀၀.၃၅၇ | ၂၇၁၂၂.၀၉၉ | |||
| ၉ | ပဲယင်း | US$ | ၁၆.၅၅၉ | ၅.၀၆၁ | ၂၁.၆၂၀ | |
| ကီလို | ၂၃၂၇၄.၃၇၅ | ၁၀၁၆၀.၄၁၀ | ၃၃၄၃၄.၇၈၅ | |||
| ၁၀ | ပဲကြီး | US$ | ၃.၂၀၃ | ၁.၂၅၈ | ၄.၄၆၁ | |
| ကီလို | ၄၄၄၂.၃၈၆ | ၂၃၀၀.၄၂၀ | ၆၇၄၂.၈၀၆ | |||
| ၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၂.၇၆၉ | ၂.၇၆၉ | ||
| ကီလို | ၄၂၃၅.၁၃၅ | ၄၂၃၅.၁၃၅ | ||||
| ၁၂ | စွန်တာပြာ | US$ | ၀.၆၅၁ | ၀.၀၀၀ | ၀.၆၅၁ | |
| ကီလို | ၁၀၀၉.၇၀၀ | ၀.၀၀၀ | ၁၀၀၉.၇၀၀ | |||
| ၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၁.၁၉၇ | ၁.၁၉၇ | ||
| ကီလို | ၂၀၉၈.၅၃၀ | ၂၀၉၈.၅၃၀ | ||||
| ၁၄ | ပဲဖြူလေး | US$ | ၀.၁၈၂ | ၀.၀၀၀ | ၀.၁၈၂ | |
| ကီလို | ၂၅၆.၆၈၅ | ၀.၀၀၀ | ၂၅၆.၆၈၅ | |||
| ၁၅ | ဘိုကိတ်ပဲ | US$ | ၁၀.၁၄၀ | ၀.၀၀၀ | ၁၀.၁၄၀ | |
| ကီလို | ၁၄၁၃၅.၅၉၇ | ၀.၀၀၀ | ၁၄၁၃၅.၅၉၇ | |||
| ၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၆၅ | ၀.၀၀၀ | ၀.၀၆၅ | |
| ကီလို | ၆၉.၅၁၀ | ၀.၀၀၀ | ၆၉.၅၁၀ | |||
| ၁၇ | ပဲနီကြား | US$ | ၁.၉၅၂ | ၁.၉၅၂ | ||
| ကီလို | ၄၈၈၇.၄၀၂ | ၄၈၈၇.၄၀၂ | ||||
| ၁၈ | နိုင်လွန်ပဲ | US$ | ၀.၅၀၂ | ၀.၅၀၂ | ||
| ကီလို | ၆၅၉.၈၇၀ | ၆၅၉.၈၇၀ | ||||
| ၁၉ | မြေပဲ(အခွံပါ) | US$ | ||||
| ကီလို | ||||||
| ၂၀ | မြေပဲဆံ | US$ | ၂.၃၂၀ | ၁၇.၆၇၈ | ၁၉.၉၉၈ | |
| ကီလို | ၂၃၁၂.၂၄၀ | ၁၄၈၃၀.၄၂၂ | ၁၇၁၄၂.၆၆၂ | |||
| ၂၁ | အခြားပဲ | US$ | ၀.၅၅၀ | ၀.၀၀၀ | ၀.၅၅၀ | |
| ကီလို | ၉၅၃.၇၅၁ | ၀.၀၀၀ | ၉၅၃.၇၅၁ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၉၅၅.၃၅၁ | ၁၂၄.၂၁၇ | ၁၀၇၉.၅၆၈ | ||
| ကီလို | ၁၂၁၄၆၉၈.၀၉၃ | ၁၇၅၂၉၀.၇၇၂ | ၁၃၈၉၉၈၈.၈၆၅ | |||
