မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုး နေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာ နှစ်စာရင်းများအရ ပင်လယ် ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇) သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၂၃-၁၂-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၀၃၆၅၆၂.၆၄၈)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၈၂၆.၀၂၄) သန်း၊ နယ်စပ်မှ (၁၆၁၉၆၀.၉၃၉) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၃.၂၂၆) သန်း၊ စုစုပေါင်း (၁၁၉၈၅၂၃.၅၈၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၉၃၉.၂၅၀) သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၂၃-၁၂-၂၀၂၂ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် - 

          အမေရိကန်ဒေါ်လာသန်း
ကီလို-ထောင်ပေါင်း
စဉ် အကြောင်းအရာ ရေတွက်
ပုံ
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်
(၂၃-၁၂-၂၀၂၂) ထိ
ပင်လယ်
ရေကြောင်း
နယ်စပ် ‌​​ပေါင်း
  မတ်ပဲ US$ ၄၀၇.၈၇၅ ၈.၂၄၃ ၄၁၆.၁၁၈
ကီလို ၄၉၁၅၂၉.၈၉၆ ၈၆၄၉.၀၁၀ ၅၀၀၁၇၈.၉၀၆
  ပဲတီစိမ်း US$ ၂၃၀.၆၂၉ ၇၀.၃၇၆ ၃၀၁.၀၀၅
ကီလို ၃၀၂၂၇၁.၆၂၆ ၁၀၁၃၂၉.၄၉၅ ၄၀၃၆၀၁.၁၂၁
  ပဲတီစိမ်းလုံးခြမ်း US$      
ကီလို      
  ပဲစဉ်းငုံ US$ ၇၉.၆၆၂ ၀.၂၀၅ ၇၉.၈၆၇
ကီလို ၉၈၈၀၀.၆၅၇ ၂၉၆.၅၀၀ ၉၉၀၉၇.၁၅၇
  ကုလားပဲ US$ ၁၂.၇၅၈ ၀.၀၂၆ ၁၂.၇၈၄
ကီလို ၁၈၂၃၀.၅၅၆ ၄၃.၀၀၀ ၁၈၂၇၃.၅၅၆
  ပဲလွန်းဖြူ US$ ၁၉.၂၆၈ ၁.၇၆၂ ၂၁.၀၃၀
ကီလို ၂၇၂၃၄.၈၂၈ ၃၉၆၀.၂၅၃ ၃၁၁၉၅.၀၈၁
  မြေထောက်ပဲ US$ ၂၅.၆၀၁ ၈.၃၇၈ ၃၃.၉၇၉
ကီလို ၃၂၃၈၇.၄၀၇ ၁၃၀၂၀.၄၆၁ ၄၅၄၀၇.၈၆၈
  ထောပတ်ပဲ US$ ၁၇.၄၄၄ ၃.၁၀၇ ၂၀.၅၅၁
ကီလို ၂၀၅၆၃.၂၇၂ ၅၇၀၀.၃၅၇ ၂၆၂၆၃.၆၂၉
   ပဲယင်း US$ ၁၅.၄၄၉ ၄.၃၁၅ ၁၉.၇၆၄
ကီလို ၂၁၄၁၉.၅၂၉ ၈၈၈၇.၅၅၀ ၃၀၃၀၇.၀၇၉
  ၁၀ ပဲကြီး US$ ၃.၁၆၉ ၁.၂၅၇ ၄.၄၂၆
ကီလို ၄၄၁၄.၄၆၁ ၂၃၀၀.၄၂၀ ၆၇၁၄.၈၈၁
  ၁၁ ပဲကတ္တီပါ(စွန်တာနီ) US$ ၂.၇၂၉   ၂.၇၂၉
ကီလို ၄၁၉၅.၁၃၅   ၄၁၉၅.၁၃၅
  ၁၂ စွန်တာပြာ US$ ၀.၆၀၂ ၀.၀၀၀ ၀.၆၀၂
ကီလို ၉၂၅.၇၀၀ ၀.၀၀၀ ၉၂၅.၇၀၀
  ၁၃ ပဲကတ္တီပါ(စွန်တာနီ/ပြာ) US$   ၁.၁၇၆ ၁.၁၇၆
ကီလို   ၂၀၆၄.၅၃၀ ၂၀၆၄.၅၃၀
  ၁၄ ပဲဖြူလေး US$ ၀.၁၈၂ ၀.၀၀၀ ၀.၁၈၂
ကီလို ၂၅၆.၆၈၅ ၀.၀၀၀ ၂၅၆.၆၈၅
  ၁၅ ဘိုကိတ်ပဲ US$ ၈.၁၈၃ ၀.၀၀၀ ၈.၁၈၃
ကီလို ၁၁၃၆၄.၄၂၀ ၀.၀၀၀ ၁၁၃၆၄.၄၂၀
  ၁၆ ပဲပုတ်စေ့ US$ ၀.၀၆၅ ၀.၀၀၀ ၀.၀၆၅
ကီလို ၆၉.၅၁၀ ၀.၀၀၀ ၆၉.၅၁၀
  ၁၇ ပဲနီကြား US$   ၁.၉၀၀ ၁.၉၀၀
ကီလို   ၄၇၉၇.၂၅၀ ၄၇၉၇.၂၅၀
  ၁၈ နိုင်လွန်ပဲ US$   ၀.၄၉၀ ၀.၄၉၀
ကီလို   ၆၄၀.၆၀၀ ၆၄၀.၆၀၀
  ၁၉ မြေပဲ(အခွံပါ) US$      
ကီလို      
  ၂၀ မြေပဲဆံ US$ ၁.၈၆၂ ၁၁.၉၉၁ ၁၃.၈၅၃
ကီလို ၁၉၄၈.၂၂၀ ၁၀၂၇၁.၅၁၃ ၁၂၂၁၉.၇၃၃
  ၂၁ အခြားပဲ US$ ၀.၅၄၆ ၀.၀၀၀ ၀.၅၄၆
ကီလို ၉၅၀.၇၄၆ ၀.၀၀၀ ၉၅၀.၇၄၆
    ပဲတင်ပို့မှုစုစုပေါင်း US$ ၈၂၆.၀၂၄ ၁၁၃.၂၂၆ ၉၃၉.၂၅၀
ကီလို ၁၀၃၆၅၆၂.၆၄၈ ၁၆၁၉၆၀.၉၃၉ ၁၁၉၈၅၂၃.၅၈၇