မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုး နေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာ နှစ်စာရင်းများအရ ပင်လယ် ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇) သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၉-၁၂-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၉၈၁၆၆၈.၀၂၈)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၈၅.၂၄၅) သန်း၊ နယ်စပ်မှ (၁၅၇၂၂၄.၀၂၀) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၀၈.၅၄၇) သန်း၊ စုစုပေါင်း (၁၁၃၈၈၉၂.၀၄၈) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၈၉၃.၇၉၂) သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၉-၁၂-၂၀၂၂ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

 

          အမေရိကန်ဒေါ်လာသန်း
ကီလို-ထောင်ပေါင်း
စဉ် အကြောင်းအရာ ရေတွက်
ပုံ
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်
(၉-၁၂-၂၀၂၂) ထိ
ပင်လယ်
ရေကြောင်း
နယ်စပ် ‌​​ပေါင်း
  မတ်ပဲ US$ ၃၇၈.၄၆၄ ၇.၈၁၆ ၃၈၆.၂၈၀
ကီလို ၄၅၃၈၀၇.၄၃၁ ၈၁၆၂.၀၁၀ ၄၆၁၉၆၉.၄၄၁
  ပဲတီစိမ်း US$ ၂၂၄.၂၃၂ ၆၉.၅၅၉ ၂၉၃.၇၉၁
ကီလို ၂၉၂၃၂၅.၉၈၄ ၉၉၉၇၁.၁၈၇ ၃၉၂၂၉၇.၁၇၁
  ပဲတီစိမ်းလုံးခြမ်း US$      
ကီလို      
  ပဲစဉ်းငုံ US$ ၇၇.၃၈၀ ၀.၂၀၅ ၇၇.၅၈၅
ကီလို ၉၅၈၇၂.၇၅၇ ၂၉၆.၅၀၀ ၉၆၁၆၉.၂၅၇
  ကုလားပဲ US$ ၁၂.၆၅၂ ၀.၀၂၆ ၁၂.၆၇၈
ကီလို ၁၈၀၉၈.၅၂၆ ၄၃.၀၀၀ ၁၈၁၄၁.၅၂၆
  ပဲလွန်းဖြူ US$ ၁၈.၁၉၆ ၁.၇၁၆ ၁၉.၉၁၂
ကီလို ၂၅၃၉၃.၀၅၈ ၃၈၇၆.၂၅၃ ၂၉၂၆၉.၃၁၁
  မြေထောက်ပဲ US$ ၂၅.၃၂၃ ၈.၁၄၁ ၃၃.၄၆၄
ကီလို ၃၂၀၀၉.၂၇၄ ၁၂၈၁၂.၄၆၁ ၄၄၈၂၁.၇၃၅
  ထောပတ်ပဲ US$ ၁၇.၂၅၁ ၃.၁၀၇ ၂၀.၃၅၈
ကီလို ၂၀၂၇၉.၆၇၂ ၅၇၀၀.၃၅၇ ၂၅၉၈၀.၀၂၉
   ပဲယင်း US$ ၁၅.၁၄၆ ၄.၁၈၇ ၁၉.၃၃၃
ကီလို ၂၀၉၁၀.၀၂၉ ၈၆၅၅.၅၅၀ ၂၉၅၆၅.၅၇၉
  ၁၀ ပဲကြီး US$ ၃.၁၆၆ ၁.၂၅၇ ၄.၄၂၃
ကီလို ၄၄၁၂.၉၆၁ ၂၃၀၀.၄၂၀ ၆၇၁၃.၃၈၁
  ၁၁ ပဲကတ္တီပါ(စွန်တာနီ) US$ ၂.၄၆၅   ၂.၄၆၅
ကီလို ၃၇၅၅.၁၃၅   ၃၇၅၅.၁၃၅
  ၁၂ စွန်တာပြာ US$ ၀.၆၀၂ ၀.၀၀၀ ၀.၆၀၂
ကီလို ၉၂၅.၇၀၀ ၀.၀၀၀ ၉၂၅.၇၀၀
  ၁၃ ပဲကတ္တီပါ(စွန်တာနီ/ပြာ) US$   ၁.၁၇၆ ၁.၁၇၆
ကီလို   ၂၀၆၄.၅၃၀ ၂၀၆၄.၅၃၀
  ၁၄ ပဲဖြူလေး US$ ၀.၁၈၂ ၀.၀၀၀ ၀.၁၈၂
ကီလို ၂၅၆.၆၈၅ ၀.၀၀၀ ၂၅၆.၆၈၅
  ၁၅ ဘိုကိတ်ပဲ US$ ၇.၈၄၀ ၀.၀၀၀ ၇.၈၄၀
ကီလို ၁၀၇၆၃.၉၆၀ ၀.၀၀၀ ၁၀၇၆၃.၉၆၀
  ၁၆ ပဲပုတ်စေ့ US$ ၀.၀၆၅ ၀.၀၀၀ ၀.၀၆၅
ကီလို ၆၉.၅၁၀ ၀.၀၀၀ ၆၉.၅၁၀
  ၁၇ ပဲနီကြား US$   ၁.၈၈၃ ၁.၈၈၃
ကီလို   ၄၇၆၄.၂၅၀ ၄၇၆၄.၂၅၀
  ၁၈ နိုင်လွန်ပဲ US$   ၀.၄၉၀ ၀.၄၉၀
ကီလို   ၆၄၀.၆၀၀ ၆၄၀.၆၀၀
  ၁၉ မြေပဲ(အခွံပါ) US$      
ကီလို      
  ၂၀ မြေပဲဆံ US$ ၁.၇၃၉ ၈.၉၈၄ ၁၀.၇၂၃
ကီလို ၁၈၄၂.၆၀၀ ၇၉၃၆.၉၀၂ ၉၇၇၉.၅၀၂
  ၂၁ အခြားပဲ US$ ၀.၅၄၂ ၀.၀၀၀ ၀.၅၄၂
ကီလို ၉၄၄.၇၄၆ ၀.၀၀၀ ၉၄၄.၇၄၆
    ပဲတင်ပို့မှုစုစုပေါင်း US$ ၇၈၅.၂၄၅ ၁၀၈.၅၄၇ ၈၉၃.၇၉၂
ကီလို ၉၈၁၆၆၈.၀၂၈ ၁၅၇၂၂၄.၀၂၀ ၁၁၃၈၈၉၂.၀၄၈