မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၁၈-၁၁-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၈၅၅၄၈၄.၆၂၆)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၆၈၉.၃၀၃)သန်း၊ နယ်စပ်မှ (၁၅၀၂၂၅.၂၇၅)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၁၀၂.၂၈၈)သန်း၊ စုစုပေါင်း (၁၀၀၅၇၀၉.၉၀၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၇၉၁.၅၉၁)သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၁၈-၁၁-၂၀၂၂ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

 

          အမေရိကန်ဒေါ်လာသန်း
ကီလို-ထောင်ပေါင်း
စဉ် အကြောင်းအရာ ရေတွက်
ပုံ
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်
(၁၈-၁၁-၂၀၂၂) ထိ
ပင်လယ်
ရေကြောင်း
နယ်စပ် ‌​​ပေါင်း
  မတ်ပဲ US$ ၃၁၂.၆၃၅ ၇.၇၈၈ ၃၂၀.၄၂၃
ကီလို ၃၇၀၂၆၆.၀၀၀ ၈၁၂၈.၀၁၀ ၃၇၈၃၉၄.၀၁၀
  ပဲတီစိမ်း US$ ၂၁၀.၇၃၃ ၆၈.၀၉၉ ၂၇၈.၈၃၂
ကီလို ၂၇၁၆၆၄.၃၈၇ ၉၇၃၃၁.၇၇၈ ၃၆၈၉၉၆.၁၆၅
  ပဲတီစိမ်းလုံးခြမ်း US$      
ကီလို      
  ပဲစဉ်းငုံ US$ ၆၅.၉၉၈ ၀.၁၇၉ ၆၆.၁၇၇
ကီလို ၈၁၇၄၇.၆၂၁ ၂၆၃.၅၀၀ ၈၂၀၁၁.၁၂၁
  ကုလားပဲ US$ ၁၂.၅၉၇ ၀.၀၂၆ ၁၂.၆၂၃
ကီလို ၁၈၀၂၂.၃၇၇ ၄၃.၀၀၀ ၁၈၀၆၅.၃၇၇
  ပဲလွန်းဖြူ US$ ၁၇.၀၉၂ ၁.၆၇၇ ၁၈.၇၆၉
ကီလို ၂၃၅၆၂.၀၀၂ ၃၈၀၆.၂၅၃ ၂၇၃၆၈.၂၅၅
  မြေထောက်ပဲ US$ ၂၄.၁၄၀ ၈.၁၄၀ ၃၂.၂၈၀
ကီလို ၃၀၄၄၄.၈၄၄ ၁၂၈၁၂.၄၆၁ ၄၃၂၅၇.၃၀၅
  ထောပတ်ပဲ US$ ၁၆.၅၂၆ ၃.၁၀၇ ၁၉.၆၃၃
ကီလို ၁၉၂၄၄.၈၃၂ ၅၇၀၀.၃၅၇ ၂၄၉၄၅.၁၈၉
   ပဲယင်း US$ ၁၄.၄၄၉ ၃.၇၉၄ ၁၈.၂၄၃
ကီလို ၁၉၆၃၅.၀၃၁ ၇၉၅၂.၁၀၀ ၂၇၅၈၇.၁၃၁
  ၁၀ ပဲကြီး US$ ၃.၁၂၈ ၁.၂၅၇ ၄.၃၈၅
ကီလို ၄၃၇၅.၄၄၆ ၂၃၀၀.၄၂၀ ၆၆၇၅.၈၆၆
  ၁၁ ပဲကတ္တီပါ(စွန်တာနီ) US$ ၂.၃၅၀   ၂.၃၅၀
ကီလို ၃၅၆၇.၁၃၅   ၃၅၆၇.၁၃၅
  ၁၂ စွန်တာပြာ US$ ၀.၅၅၂ ၀.၀၀၀ ၀.၅၅၂
ကီလို ၈၄၁.၇၀၀ ၀.၀၀၀ ၈၄၁.၇၀၀
  ၁၃ ပဲကတ္တီပါ(စွန်တာနီ/ပြာ) US$   ၁.၀၉၆ ၁.၀၉၆
ကီလို   ၁၉၂၄.၅၃၀ ၁၉၂၄.၅၃၀
  ၁၄ ပဲဖြူလေး US$ ၀.၁၈၂ ၀.၀၀၀ ၀.၁၈၂
ကီလို ၂၅၆.၆၈၅ ၀.၀၀၀ ၂၅၆.၆၈၅
  ၁၅ ဘိုကိတ်ပဲ US$ ၆.၉၁၆ ၀.၀၀၀ ၆.၉၁၆
ကီလို ၉၂၅၄.၇၁၀ ၀.၀၀၀ ၉၂၅၄.၇၁၀
  ၁၆ ပဲပုတ်စေ့ US$ ၀.၀၆၅ ၀.၀၀၀ ၀.၀၆၅
ကီလို ၆၉.၅၁၀ ၀.၀၀၀ ၆၉.၅၁၀
  ၁၇ ပဲနီကြား US$   ၁.၇၉၁ ၁.၇၉၁
ကီလို   ၄၅၄၄.၂၅၀ ၄၅၄၄.၂၅၀
  ၁၈ နိုင်လွန်ပဲ US$   ၀.၄၇၀ ၀.၄၇၀
ကီလို   ၆၁၅.၆၀၀ ၆၁၅.၆၀၀
  ၁၉ မြေပဲ(အခွံပါ) US$      
ကီလို      
  ၂၀ မြေပဲဆံ US$ ၁.၃၉၈ ၄.၈၆၄ ၆.၂၆၂
ကီလို ၁၅၈၇.၆၀၀ ၄၈၀၃.၀၁၆ ၆၃၉၀.၆၁၆
  ၂၁ အခြားပဲ US$ ၀.၅၄၂ ၀.၀၀၀ ၀.၅၄၂
ကီလို ၉၄၄.၇၄၆ ၀.၀၀၀ ၉၄၄.၇၄၆
    ပဲတင်ပို့မှုစုစုပေါင်း US$ ၆၈၉.၃၀၃ ၁၀၂.၂၈၈ ၇၉၁.၅၉၁
ကီလို ၈၅၅၄၈၄.၆၂၆ ၁၅၀၂၂၅.၂၇၅ ၁၀၀၅၇၀၉.၉၀၁