မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၂၈-၁၀-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၇၅၂၆၂၃.၈၀၄)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၆၀၇.၉၄၂)သန်း၊ နယ်စပ်မှ (၁၄၆၉၁၇.၉၃၀)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၉၉.၈၅၇)သန်း၊ စုစုပေါင်း (၈၉၉၅၄၁.၇၃၄) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၇၀၇.၇၉၉)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၂၈-၁၀-၂၀၂၂ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၂၈-၁၀-၂၀၂၂) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၂၅၄.၃၉၀ | ၇.၁၉၆ | ၂၆၁.၅၈၆ | |
| ကီလို | ၂၉၉၀၅၆.၃၃၀ | ၇၅၄၈.၀၁၀ | ၃၀၆၆၀၄.၃၄၀ | |||
| ၂ | ပဲတီစိမ်း | US$ | ၁၉၉.၆၀၁ | ၆၇.၁၆၅ | ၂၆၆.၇၆၆ | |
| ကီလို | ၂၅၄၈၆၄.၇၃၇ | ၉၅၆၆၁.၈၄၀ | ၃၅၀၅၂၆.၅၇၇ | |||
| ၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ||||
| ကီလို | ||||||
| ၄ | ပဲစဉ်းငုံ | US$ | ၅၅.၈၄၉ | ၀.၁၇၉ | ၅၆.၀၂၈ | |
| ကီလို | ၆၉၆၃၅.၁၁၁ | ၂၆၃.၅၀၀ | ၆၉၈၉၈.၆၁၁ | |||
| ၅ | ကုလားပဲ | US$ | ၁၂.၄၅၈ | ၀.၀၂၆ | ၁၂.၄၈၄ | |
| ကီလို | ၁၇၈၃၄.၁၂၆ | ၄၃.၀၀၀ | ၁၇၈၇၇.၁၂၆ | |||
| ၆ | ပဲလွန်းဖြူ | US$ | ၁၆.၃၈၅ | ၁.၆၂၁ | ၁၈.၀၀၆ | |
| ကီလို | ၂၂၃၉၅.၆၆၇ | ၃၇၀၃.၇၅၃ | ၂၆၀၉၉.၄၂၀ | |||
| ၇ | မြေထောက်ပဲ | US$ | ၂၃.၉၇၁ | ၈.၁၄၀ | ၃၂.၁၁၁ | |
| ကီလို | ၃၀၃၁၁.၃၄၄ | ၁၂၈၁၂.၄၆၁ | ၄၃၁၂၃.၈၀၅ | |||
| ၈ | ထောပတ်ပဲ | US$ | ၁၆.၃၃၉ | ၃.၀၆၂ | ၁၉.၄၀၁ | |
| ကီလို | ၁၈၉၇၆.၈၃၂ | ၅၆၃၂.၈၅၀ | ၂၄၆၀၉.၆၈၂ | |||
| ၉ | ပဲယင်း | US$ | ၁၄.၁၄၆ | ၃.၅၄၈ | ၁၇.၆၉၄ | |
| ကီလို | ၁၉၁၅၂.၄၄၁ | ၇၅၅၀.၆၀၀ | ၂၆၇၀၃.၀၄၁ | |||
| ၁၀ | ပဲကြီး | US$ | ၃.၁၁၉ | ၁.၂၅၇ | ၄.၃၇၆ | |
| ကီလို | ၄၃၆၆.၄၄၀ | ၂၃၀၀.၄၂၀ | ၆၆၆၆.၈၆၀ | |||
| ၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၂.၂၆၄ | ၂.၂၆၄ | ||
| ကီလို | ၃၄၂၇.၁၃၅ | ၃၄၂၇.၁၃၅ | ||||
| ၁၂ | စွန်တာပြာ | US$ | ၀.၄၈၃ | ၀.၀၀၀ | ၀.၄၈၃ | |
| ကီလို | ၇၃၆.၇၀၀ | ၀.၀၀၀ | ၇၃၆.၇၀၀ | |||
| ၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၁.၀၅၇ | ၁.၀၅၇ | ||
| ကီလို | ၁၈၅၇.၅၃၀ | ၁၈၅၇.၅၃၀ | ||||
| ၁၄ | ပဲဖြူလေး | US$ | ၀.၁၈၂ | ၀.၀၀၀ | ၀.၁၈၂ | |
| ကီလို | ၂၅၆.၆၈၅ | ၀.၀၀၀ | ၂၅၆.၆၈၅ | |||
| ၁၅ | ဘိုကိတ်ပဲ | US$ | ၆.၇၅၂ | ၀.၀၀၀ | ၆.၇၅၂ | |
| ကီလို | ၉၀၁၁.၉၁၀ | ၀.၀၀၀ | ၉၀၁၁.၉၁၀ | |||
| ၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၆၃ | ၀.၀၀၀ | ၀.၀၆၃ | |
| ကီလို | ၆၆.၀၀၀ | ၀.၀၀၀ | ၆၆.၀၀၀ | |||
| ၁၇ | ပဲနီကြား | US$ | ၁.၇၉၁ | ၁.၇၉၁ | ||
| ကီလို | ၄၅၄၄.၂၅၀ | ၄၅၄၄.၂၅၀ | ||||
| ၁၈ | နိုင်လွန်ပဲ | US$ | ၀.၄၇၀ | ၀.၄၇၀ | ||
| ကီလို | ၆၁၅.၆၀၀ | ၆၁၅.၆၀၀ | ||||
| ၁၉ | မြေပဲ(အခွံပါ) | US$ | ||||
| ကီလို | ||||||
| ၂၀ | မြေပဲဆံ | US$ | ၁.၃၉၈ | ၄.၃၄၅ | ၅.၇၄၃ | |
| ကီလို | ၁၅၈၇.၆၀၀ | ၄၃၈၄.၁၁၆ | ၅၉၇၁.၇၁၆ | |||
| ၂၁ | အခြားပဲ | US$ | ၀.၅၄၂ | ၀.၀၀၀ | ၀.၅၄၂ | |
| ကီလို | ၉၄၄.၇၄၆ | ၀.၀၀၀ | ၉၄၄.၇၄၆ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၆၀၇.၉၄၂ | ၉၉.၈၅၇ | ၇၀၇.၇၉၉ | ||
| ကီလို | ၇၅၂၆၂၃.၈၀၄ | ၁၄၆၉၁၇.၉၃၀ | ၈၉၉၅၄၁.၇၃၄ | |||
