မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၇-၁၀-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၆၉၀၁၃၄.၆၁၆)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၅၇.၃၉၁)သန်း၊ နယ်စပ်မှ (၁၄၃၈၄၉.၆၇၁)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၉၇.၆၂၄)သန်း၊ စုစုပေါင်း (၈၃၃၉၈၄.၂၈၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၅၅.၀၁၅)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၇-၁၀-၂၀၂၂ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၇-၁၀-၂၀၂၂) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၂၁၇.၄၀၆ | ၆.၇၅၀ | ၂၂၄.၁၅၆ | |
| ကီလို | ၂၅၅၅၅၉.၃၀၇ | ၇၁၂၈.၀၁၀ | ၂၆၂၆၈၇.၃၁၇ | |||
| ၂ | ပဲတီစိမ်း | US$ | ၁၉၀.၈၀၇ | ၆၆.၀၂၆ | ၂၅၆.၈၃၃ | |
| ကီလို | ၂၄၁၇၃၃.၂၉၇ | ၉၃၈၁၅.၁၁၃ | ၃၃၅၅၄၈.၄၁၀ | |||
| ၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ||||
| ကီလို | ||||||
| ၄ | ပဲစဉ်းငုံ | US$ | ၅၂.၇၆၇ | ၀.၁၇၉ | ၅၂.၉၄၆ | |
| ကီလို | ၆၅၉၃၅.၇၉၂ | ၂၆၃.၅၀၀ | ၆၆၁၉၉.၂၉၂ | |||
| ၅ | ကုလားပဲ | US$ | ၁၂.၃၆၈ | ၀.၀၂၇ | ၁၂.၃၉၅ | |
| ကီလို | ၁၇၇၀၉.၉၉၂ | ၄၃.၀၀၀ | ၁၇၇၅၂.၉၉၂ | |||
| ၆ | ပဲလွန်းဖြူ | US$ | ၁၅.၇၉၇ | ၁.၄၇၂ | ၁၇.၂၆၉ | |
| ကီလို | ၂၁၅၄၇.၆၂၀ | ၃၄၅၇.၇၅၂ | ၂၅၀၀၅.၃၇၂ | |||
| ၇ | မြေထောက်ပဲ | US$ | ၂၃.၆၆၀ | ၈.၁၃၉ | ၃၁.၇၉၉ | |
| ကီလို | ၃၀၀၅၄.၁၉၄ | ၁၂၈၁၂.၄၆၁ | ၄၂၈၆၆.၆၅၅ | |||
| ၈ | ထောပတ်ပဲ | US$ | ၁၅.၉၉၇ | ၃.၀၆၀ | ၁၉.၀၅၇ | |
| ကီလို | ၁၈၅၂၉.၈၂၂ | ၅၆၃၂.၈၅၀ | ၂၄၁၆၂.၆၇၂ | |||
| ၉ | ပဲယင်း | US$ | ၁၃.၉၆၇ | ၃.၃၈၇ | ၁၇.၃၅၄ | |
| ကီလို | ၁၈၉၀၂.၃၀၈ | ၇၃၁၆.၆၀၀ | ၂၆၂၁၈.၉၀၈ | |||
| ၁၀ | ပဲကြီး | US$ | ၃.၁၁၃ | ၁.၂၅၈ | ၄.၃၇၁ | |
| ကီလို | ၄၃၆၀.၄၄၀ | ၂၃၀၀.၄၂၀ | ၆၆၆၀.၈၆၀ | |||
| ၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၂.၂၂၄ | ၂.၂၂၄ | ||
| ကီလို | ၃၃၈၇.၁၃၅ | ၃၃၈၇.၁၃၅ | ||||
| ၁၂ | စွန်တာပြာ | US$ | ၀.၄၁၇ | ၀.၀၀၀ | ၀.၄၁၇ | |
| ကီလို | ၆၂၈.၇၀၀ | ၀.၀၀၀ | ၆၂၈.၇၀၀ | |||
| ၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၉၉၅ | ၀.၉၉၅ | ||
| ကီလို | ၁၇၅၆.၅၃၀ | ၁၇၅၆.၅၃၀ | ||||
| ၁၄ | ပဲဖြူလေး | US$ | ၀.၁၈၂ | ၀.၀၀၀ | ၀.၁၈၂ | |
| ကီလို | ၂၅၆.၆၈၅ | ၀.၀၀၀ | ၂၅၆.၆၈၅ | |||
| ၁၅ | ဘိုကိတ်ပဲ | US$ | ၆.၇၁၃ | ၀.၀၀၀ | ၆.၇၁၃ | |
| ကီလို | ၈၉၅၂.၄၁၀ | ၀.၀၀၀ | ၈၉၅၂.၄၁၀ | |||
| ၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၆၃ | ၀.၀၀၀ | ၀.၀၆၃ | |
| ကီလို | ၆၆.၀၀၀ | ၀.၀၀၀ | ၆၆.၀၀၀ | |||
| ၁၇ | ပဲနီကြား | US$ | ၁.၇၇၄ | ၁.၇၇၄ | ||
| ကီလို | ၄၅၁၂.၂၅၀ | ၄၅၁၂.၂၅၀ | ||||
| ၁၈ | နိုင်လွန်ပဲ | US$ | ၀.၄၇၀ | ၀.၄၇၀ | ||
| ကီလို | ၆၁၅.၆၀၀ | ၆၁၅.၆၀၀ | ||||
| ၁၉ | မြေပဲ(အခွံပါ) | US$ | ||||
| ကီလို | ||||||
| ၂၀ | မြေပဲဆံ | US$ | ၁.၃၇၀ | ၄.၀၈၇ | ၅.၄၅၇ | |
| ကီလို | ၁၅၆၇.၆၀၀ | ၄၁၉၅.၅၈၅ | ၅၇၆၃.၁၈၅ | |||
| ၂၁ | အခြားပဲ | US$ | ၀.၅၄၀ | ၀.၀၀၀ | ၀.၅၄၀ | |
| ကီလို | ၉၄၃.၃၁၄ | ၀.၀၀၀ | ၉၄၃.၃၁၄ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၅၅၇.၃၉၁ | ၉၇.၆၂၄ | ၆၅၅.၀၁၅ | ||
| ကီလို | ၆၉၀၁၃၄.၆၁၆ | ၁၄၃၈၄၉.၆၇၁ | ၈၃၃၉၈၄.၂၈၇ | |||
