မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၃၀-၉-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၆၆၈၀၉၂.၀၁)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၃၉.၆၂၆)သန်း၊ နယ်စပ်မှ (၁၄၃၇၂၀.၆၇၁)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၉၇.၅၁၄)သန်း၊ စုစုပေါင်း (၈၁၁၈၁၂.၆၈၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၃၇.၁၄)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၃၀-၉-၂၀၂၂ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၃၀-၉-၂၀၂၂) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၂၀၆.၈၄၂ | ၆.၆၆၁ | ၂၁၃.၅၀၃ | |
| ကီလို | ၂၄၃၂၀၈.၄၆၇ | ၇၀၃၂.၀၁၀ | ၂၅၀၂၄၀.၄၇၇ | |||
| ၂ | ပဲတီစိမ်း | US$ | ၁၈၆.၈၀၈ | ၆၆.၀၂၆ | ၂၅၂.၈၃၄ | |
| ကီလို | ၂၃၅၉၃၄.၂၃၀ | ၉၃၈၁၅.၁၁၃ | ၃၂၉၇၄၉.၃၄၃ | |||
| ၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ||||
| ကီလို | ||||||
| ၄ | ပဲစဉ်းငုံ | US$ | ၅၀.၃၀၂ | ၀.၁၇၉ | ၅၀.၄၈၁ | |
| ကီလို | ၆၂၉၇၆.၂၉၂ | ၂၆၃.၅၀၀ | ၆၃၂၃၉.၇၉၂ | |||
| ၅ | ကုလားပဲ | US$ | ၁၂.၂၂၄ | ၀.၀၂၇ | ၁၂.၂၅၁ | |
| ကီလို | ၁၇၅၂၂.၄၉၃ | ၄၃.၀၀၀ | ၁၇၅၆၅.၄၉၃ | |||
| ၆ | ပဲလွန်းဖြူ | US$ | ၁၅.၄၉၉ | ၁.၄၅၁ | ၁၆.၉၅၀ | |
| ကီလို | ၂၁၀၉၈.၆၂၀ | ၃၄၂၄.၇၅၂ | ၂၄၅၂၃.၃၇၂ | |||
| ၇ | မြေထောက်ပဲ | US$ | ၂၃.၄၇၁ | ၈.၁၃၉ | ၃၁.၆၁၀ | |
| ကီလို | ၂၉၉၀၂.၉၉၅ | ၁၂၈၁၂.၄၆၁ | ၄၂၇၁၅.၄၅၆ | |||
| ၈ | ထောပတ်ပဲ | US$ | ၁၅.၉၅၇ | ၃.၀၆၀ | ၁၉.၀၁၇ | |
| ကီလို | ၁၈၄၈၁.၈၂၂ | ၅၆၃၂.၈၅၀ | ၂၄၁၁၄.၆၇၂ | |||
| ၉ | ပဲယင်း | US$ | ၁၃.၉၄၉ | ၃.၃၈၇ | ၁၇.၃၃၆ | |
| ကီလို | ၁၈၈၇၇.၃၀၇ | ၇၃၁၆.၆၀၀ | ၂၆၁၉၃.၉၀၇ | |||
| ၁၀ | ပဲကြီး | US$ | ၃.၁၁၂ | ၁.၂၅၈ | ၄.၃၇၀ | |
| ကီလို | ၄၃၅၉.၉၄၀ | ၂၃၀၀.၄၂၀ | ၆၆၆၀.၃၆၀ | |||
| ၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၂.၂၂၄ | ၂.၂၂၄ | ||
| ကီလို | ၃၃၈၇.၁၃၅ | ၃၃၈၇.၁၃၅ | ||||
| ၁၂ | စွန်တာပြာ | US$ | ၀.၄၁၆ | ၀.၀၀၀ | ၀.၄၁၆ | |
| ကီလို | ၆၂၈.၇၀၀ | ၀.၀၀၀ | ၆၂၈.၇၀၀ | |||
| ၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၉၉၅ | ၀.၉၉၅ | ||
| ကီလို | ၁၇၅၆.၅၃၀ | ၁၇၅၆.၅၃၀ | ||||
| ၁၄ | ပဲဖြူလေး | US$ | ၀.၁၈၂ | ၀.၀၀၀ | ၀.၁၈၂ | |
| ကီလို | ၂၅၆.၆၈၅ | ၀.၀၀၀ | ၂၅၆.၆၈၅ | |||
| ၁၅ | ဘိုကိတ်ပဲ | US$ | ၆.၆၆၇ | ၀.၀၀၀ | ၆.၆၆၇ | |
| ကီလို | ၈၈၈၀.၄၁၀ | ၀.၀၀၀ | ၈၈၈၀.၄၁၀ | |||
| ၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၆၃ | ၀.၀၀၀ | ၀.၀၆၃ | |
| ကီလို | ၆၆.၀၀၀ | ၀.၀၀၀ | ၆၆.၀၀၀ | |||
| ၁၇ | ပဲနီကြား | US$ | ၁.၇၇၄ | ၁.၇၇၄ | ||
| ကီလို | ၄၅၁၂.၂၅၀ | ၄၅၁၂.၂၅၀ | ||||
| ၁၈ | နိုင်လွန်ပဲ | US$ | ၀.၄၇၀ | ၀.၄၇၀ | ||
| ကီလို | ၆၁၅.၆၀၀ | ၆၁၅.၆၀၀ | ||||
| ၁၉ | မြေပဲ(အခွံပါ) | US$ | ||||
| ကီလို | ||||||
| ၂၀ | မြေပဲဆံ | US$ | ၁.၃၇၀ | ၄.၀၈၇ | ၅.၄၅၇ | |
| ကီလို | ၁၅၆၇.၆၀၀ | ၄၁၉၅.၅၈၅ | ၅၇၆၃.၁၈၅ | |||
| ၂၁ | အခြားပဲ | US$ | ၀.၅၄၀ | ၀.၀၀၀ | ၀.၅၄၀ | |
| ကီလို | ၉၄၃.၃၁၄ | ၀.၀၀၀ | ၉၄၃.၃၁၄ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၅၃၉.၆၂၆ | ၉၇.၅၁၄ | ၆၃၇.၁၄၀ | ||
| ကီလို | ၆၆၈၀၉၂.၀၁၀ | ၁၄၃၇၂၀.၆၇၁ | ၈၁၁၈၁၂.၆၈၁ | |||
