မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၉-၉-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၅၈၀၆၉၁.၈၉၂)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၆၈.၂၈၃)သန်း၊ နယ်စပ်မှ (၁၄၂၃၅၂.၀၄၇)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၉၆.၃၅၄)သန်း၊ စုစုပေါင်း (၇၂၃၀၄၃.၉၃၉) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၅၆၄.၆၃၇)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၉-၉-၂၀၂၂ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၉-၉-၂၀၂၂) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၁၆၁.၇၇၆ | ၆.၄၂၀ | ၁၆၈.၁၉၆ | |
ကီလို | ၁၉၀၂၄၇.၃၅၈ | ၆၈၀၈.၀၁၀ | ၁၉၇၀၅၅.၃၆၈ | |||
၂ | ပဲတီစိမ်း | US$ | ၁၇၆.၄၂၀ | ၆၅.၅၈၄ | ၂၄၂.၀၀၄ | |
ကီလို | ၂၂၀၉၂၁.၃၂၉ | ၉၃၁၆၇.၀၂၃ | ၃၁၄၀၈၈.၃၅၂ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ||||
ကီလို | ||||||
၄ | ပဲစဉ်းငုံ | US$ | ၃၇.၉၂၅ | ၀.၁၇၈ | ၃၈.၁၀၃ | |
ကီလို | ၄၇၉၁၂.၈၀၂ | ၂၆၃.၅၀၀ | ၄၈၁၇၆.၃၀၂ | |||
၅ | ကုလားပဲ | US$ | ၁၁.၉၄၅ | ၀.၀၂၇ | ၁၁.၉၇၂ | |
ကီလို | ၁၇၁၈၀.၃၉၃ | ၄၃.၀၀၀ | ၁၇၂၂၃.၃၉၃ | |||
၆ | ပဲလွန်းဖြူ | US$ | ၁၄.၃၀၄ | ၁.၃၄၇ | ၁၅.၆၅၁ | |
ကီလို | ၁၉၃၈၇.၈၄၃ | ၃၂၅၇.၇၅၃ | ၂၂၆၄၅.၅၉၆ | |||
၇ | မြေထောက်ပဲ | US$ | ၂၂.၄၂၅ | ၈.၀၁၉ | ၃၀.၄၄၄ | |
ကီလို | ၂၈၉၅၀.၄၉၄ | ၁၂၇၁၂.၄၆၁ | ၄၁၆၆၂.၉၅၅ | |||
၈ | ထောပတ်ပဲ | US$ | ၁၅.၅၉၇ | ၃.၀၀၂ | ၁၈.၅၉၉ | |
ကီလို | ၁၈၀၃၅.၈၂၂ | ၅၅၅၉.၃၅၀ | ၂၃၅၉၅.၁၇၂ | |||
၉ | ပဲယင်း | US$ | ၁၃.၈၃၅ | ၃.၃၆၁ | ၁၇.၁၉၆ | |
ကီလို | ၁၈၇၂၂.၆၈၇ | ၇၂၈၀.၈၅၀ | ၂၆၀၀၃.၅၃၇ | |||
၁၀ | ပဲကြီး | US$ | ၃.၀၇၃ | ၁.၂၅၈ | ၄.၃၃၁ | |
ကီလို | ၄၃၂၀.၆၇၀ | ၂၃၀၀.၄၂၀ | ၆၆၂၁.၀၉၀ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၂.၀၅၄ | ၂.၀၅၄ | ||
ကီလို | ၃၁၁၀.၇၈၅ | ၃၁၁၀.၇၈၅ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၃၆၆ | ၀.၀၀၀ | ၀.၃၆၆ | |
ကီလို | ၅၄၄.၇၀၀ | ၀.၀၀၀ | ၅၄၄.၇၀၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၉၉၅ | ၀.၉၉၅ | ||
ကီလို | ၁၇၅၆.၅၃၀ | ၁၇၅၆.၅၃၀ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၁၈၂ | ၀.၀၀၀ | ၀.၁၈၂ | |
ကီလို | ၂၅၆.၆၈၅ | ၀.၀၀၀ | ၂၅၆.၆၈၅ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၆.၄၆၄ | ၀.၀၀၀ | ၆.၄၆၄ | |
ကီလို | ၈၅၆၃.၄၁၀ | ၀.၀၀၀ | ၈၅၆၃.၄၁၀ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၆၃ | ၀.၀၀၀ | ၀.၀၆၃ | |
ကီလို | ၆၆.၀၀၀ | ၀.၀၀၀ | ၆၆.၀၀၀ | |||
၁၇ | ပဲနီကြား | US$ | ၁.၇၇၄ | ၁.၇၇၄ | ||
ကီလို | ၄၅၁၂.၂၅၀ | ၄၅၁၂.၂၅၀ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၀.၄၇၀ | ၀.၄၇၀ | ||
ကီလို | ၆၁၅.၆၀၀ | ၆၁၅.၆၀၀ | ||||
၁၉ | မြေပဲ(အခွံပါ) | US$ | ||||
ကီလို | ||||||
၂၀ | မြေပဲဆံ | US$ | ၁.၃၁၄ | ၃.၉၁၉ | ၅.၂၃၃ | |
ကီလို | ၁၅၂၇.၆၀၀ | ၄၀၇၅.၃၀၀ | ၅၆၀၂.၉၀၀ | |||
၂၁ | အခြားပဲ | US$ | ၀.၅၄၀ | ၀.၀၀၀ | ၀.၅၄၀ | |
ကီလို | ၉၄၃.၃၁၄ | ၀.၀၀၀ | ၉၄၃.၃၁၄ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၄၆၈.၂၈၃ | ၉၆.၃၅၄ | ၅၆၄.၆၃၇ | ||
ကီလို | ၅၈၀၆၉၁.၈၉၂ | ၁၄၂၃၅၂.၀၄၇ | ၇၂၃၀၄၃.၉၃၉ |