မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၃-၆-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၂၉၂၁၁၄.၀၇၁)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၂၇.၄၁၆)သန်း၊ နယ်စပ်မှ (၆၈၂၆၉.၂၄၂)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၄၅.၅၀၂)သန်း၊ စုစုပေါင်း (၃၆၀၃၈၃.၃၁၃) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၇၂.၉၁၈)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၃-၆-၂၀၂၂ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၃-၆-၂၀၂၂) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၄၅.၅၂၂ | ၂.၇၀၉ | ၄၈.၂၃၁ | |
ကီလို | ၅၆၃၈၈.၈၄၅ | ၂၈၉၉.၃၁၀ | ၅၉၂၈၈.၁၅၅ | |||
၂ | ပဲတီစိမ်း | US$ | ၁၁၃.၁၁၄ | ၂၅.၅၉၄ | ၁၃၈.၇၀၈ | |
ကီလို | ၁၄၂၇၅၈.၅၆၃ | ၃၆၇၄၀.၉၁၉ | ၁၇၉၄၉၉.၄၈၂ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
၄ | ပဲစဉ်းငုံ | US$ | ၄.၅၂၉ | ၀.၁၁၀ | ၄.၆၃၉ | |
ကီလို | ၆၁၇၀.၅၀၀ | ၁၆၁.၅၀၀ | ၆၃၃၂.၀၀၀ | |||
၅ | ကုလားပဲ | US$ | ၉.၀၃၅ | ၀.၀၂၇ | ၉.၀၆၂ | |
ကီလို | ၁၂၈၆၉.၇၃၅ | ၄၃.၀၀၀ | ၁၂၉၁၂.၇၃၅ | |||
၆ | ပဲလွန်းဖြူ | US$ | ၈.၂၁၃ | ၀.၅၄၀ | ၈.၇၅၃ | |
ကီလို | ၁၁၄၅၃.၉၄၅ | ၁၃၃၀.၈၀၃ | ၁၂၇၈၄.၇၄၈ | |||
၇ | မြေထောက်ပဲ | US$ | ၁၆.၀၇၆ | ၅.၆၈၄ | ၂၁.၇၆၀ | |
ကီလို | ၂၂၂၇၉.၈၆၉ | ၈၉၁၂.၆၁၀ | ၃၁၁၉၂.၄၇၉ | |||
၈ | ထောပတ်ပဲ | US$ | ၁၀.၅၀၇ | ၁.၅၄၈ | ၁၂.၀၅၅ | |
ကီလို | ၁၂၃၅၀.၂၉၂ | ၂၈၁၈.၄၀၀ | ၁၅၁၆၈.၆၉၂ | |||
၉ | ပဲယင်း | US$ | ၁၀.၄၆၂ | ၁.၉၀၆ | ၁၂.၃၆၈ | |
ကီလို | ၁၄၁၄၆.၅၁၃ | ၄၁၈၁.၈၅၀ | ၁၈၃၂၈.၃၆၃ | |||
၁၀ | ပဲကြီး | US$ | ၂.၇၂၉ | ၀.၉၄၁ | ၃.၆၇၀ | |
ကီလို | ၃၈၆၅.၀၃၀ | ၁၆၉၈.၁၇၀ | ၅၅၆၃.၂၀၀ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၁.၅၄၈ | ၁.၅၄၈ | ||
ကီလို | ၂၁၈၈.၉၃၅ | ၂၁၈၈.၉၃၅ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၁၉၂ | ၀.၀၀၀ | ၀.၁၉၂ | |
ကီလို | ၂၇၁.၇၀၀ | ၀.၀၀၀ | ၂၇၁.၇၀၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၆၃၆ | ၀.၆၃၆ | ||
ကီလို | ၁၁၁၀.၅၃၀ | ၁၁၁၀.၅၃၀ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၁၆၂ | ၀.၀၀၀ | ၀.၁၆၂ | |
ကီလို | ၂၃၂.၆၇၀ | ၀.၀၀၀ | ၂၃၂.၆၇၀ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၃.၄၄၃ | ၀.၀၀၀ | ၃.၄၄၃ | |
ကီလို | ၄၆၃၆.၆၇၀ | ၀.၀၀၀ | ၄၆၃၆.၆၇၀ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၆၃ | ၀.၀၀၀ | ၀.၀၆၃ | |
ကီလို | ၆၆.၀၀၀ | ၀.၀၀၀ | ၆၆.၀၀၀ | |||
၁၇ | ပဲနီကြား | US$ | ၁.၅၃၃ | ၁.၅၃၃ | ||
ကီလို | ၃၈၃၈.၄၀၀ | ၃၈၃၈.၄၀၀ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၀.၃၅၃ | ၀.၃၅၃ | ||
ကီလို | ၄၅၈.၄၅၀ | ၄၅၈.၄၅၀ | ||||
၁၉ | မြေပဲ(အခွံပါ) | US$ | ၀.၀၉၅ | ၀.၀၉၅ | ||
ကီလို | ၁၁၆.၂၅၀ | ၁၁၆.၂၅၀ | ||||
၂၀ | မြေပဲဆံ | US$ | ၁.၃၁၄ | ၃.၈၂၆ | ၅.၁၄၀ | |
ကီလို | ၁၅၂၇.၆၀၀ | ၃၉၅၉.၀၅၀ | ၅၄၈၆.၆၅၀ | |||
၂၁ | အခြားပဲ | US$ | ၀.၅၀၇ | ၀.၀၀၀ | ၀.၅၀၇ | |
ကီလို | ၉၀၇.၂၀၄ | ၀.၀၀၀ | ၉၀၇.၂၀၄ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၂၂၇.၄၁၆ | ၄၅.၅၀၂ | ၂၇၂.၉၁၈ | ||
ကီလို | ၂၉၂၁၁၄.၀၇၁ | ၆၈၂၆၉.၂၄၂ | ၃၆၀၃၈၃.၃၁၃ |