မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၂၀-၅-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၂၁၆၃၈၁.၂၆၂)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၆၈.၀၅၈)သန်း၊ နယ်စပ်မှ (၄၂၂၉၇.၄၉၃)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၂၈.၆၆၄)သန်း၊ စုစုပေါင်း (၂၅၈၆၇၈.၇၅၅) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၉၆.၇၂၂)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၂၀-၅-၂၀၂၂ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၂၀-၅-၂၀၂၂) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၃၀.၁၉၂ | ၁.၉၃၈ | ၃၂.၁၃၀ | |
ကီလို | ၃၇၅၈၃.၆၁၉ | ၂၀၄၉.၂၁၀ | ၃၉၆၃၂.၈၂၉ | |||
၂ | ပဲတီစိမ်း | US$ | ၈၃.၈၇၆ | ၁၃.၆၃၆ | ၉၇.၅၁၂ | |
ကီလို | ၁၀၅၇၉၀.၅၆၈ | ၁၉၆၆၀.၇၁၉ | ၁၂၅၄၅၁.၂၈၇ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၀.၄၀၃ | ၀.၄၀၃ | ||
ကီလို | ၄၂၆.၇၀၀ | ၄၂၆.၇၀၀ | ||||
၄ | ပဲစဉ်းငုံ | US$ | ၃.၅၉၀ | ၀.၀၁၈ | ၃.၆၀၈ | |
ကီလို | ၄၉၂၇.၇၅၀ | ၂၅.၀၀၀ | ၄၉၅၂.၇၅၀ | |||
၅ | ကုလားပဲ | US$ | ၅.၆၃၈ | ၀.၀၂၆ | ၅.၆၆၄ | |
ကီလို | ၇၉၆၁.၄၀၀ | ၄၃.၀၀၀ | ၈၀၀၄.၄၀၀ | |||
၆ | ပဲလွန်းဖြူ | US$ | ၆.၉၂၅ | ၀.၃၁၆ | ၇.၂၄၁ | |
ကီလို | ၉၇၀၇.၄၆၁ | ၇၃၈.၉၅၃ | ၁၀၄၄၆.၄၁၄ | |||
၇ | မြေထောက်ပဲ | US$ | ၁၂.၅၆၁ | ၄.၀၈၈ | ၁၆.၆၄၉ | |
ကီလို | ၁၇၆၂၄.၇၅၆ | ၆၃၂၄.၅၄၁ | ၂၃၉၄၉.၂၉၇ | |||
၈ | ထောပတ်ပဲ | US$ | ၇.၉၃၈ | ၀.၇၆၀ | ၈.၆၉၈ | |
ကီလို | ၉၄၃၂.၅၄၂ | ၁၃၆၇.၀၀၀ | ၁၀၇၉၉.၅၄၂ | |||
၉ | ပဲယင်း | US$ | ၈.၈၅၆ | ၁.၁၆၇ | ၁၀.၀၂၃ | |
ကီလို | ၁၁၈၁၁.၆၁၇ | ၂၅၀၇.၂၀၀ | ၁၄၃၁၈.၈၁၇ | |||
၁၀ | ပဲကြီး | US$ | ၂.၂၃၂ | ၀.၇၃၄ | ၂.၉၆၆ | |
ကီလို | ၃၁၃၂.၄၈၀ | ၁၃၀၂.၆၇၀ | ၄၄၃၅.၁၅၀ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၁.၄၈၀ | ၁.၄၈၀ | ||
ကီလို | ၂၀၉၈.၉၃၅ | ၂၀၉၈.၉၃၅ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၁၇၅ | ၀.၀၀၀ | ၀.၁၇၅ | |
ကီလို | ၂၄၈.၀၀၀ | ၀.၀၀၀ | ၂၄၈.၀၀၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၄၁၈ | ၀.၄၁၈ | ||
ကီလို | ၇၂၄.၂၅၀ | ၇၂၄.၂၅၀ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၁၀၁ | ၀.၀၀၀ | ၀.၁၀၁ | |
ကီလို | ၁၄၆.၀၀၀ | ၀.၀၀၀ | ၁၄၆.၀၀၀ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၂.၇၈၅ | ၀.၀၀၀ | ၂.၇၈၅ | |
ကီလို | ၃၇၁၉.၄၀၀ | ၀.၀၀၀ | ၃၇၁၉.၄၀၀ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၆၃ | ၀.၀၀၀ | ၀.၀၆၃ | |
ကီလို | ၆၆.၀၀၀ | ၀.၀၀၀ | ၆၆.၀၀၀ | |||
၁၇ | ပဲနီကြား | US$ | ၁.၁၀၈ | ၁.၁၀၈ | ||
ကီလို | ၂၇၇၈.၅၀၀ | ၂၇၇၈.၅၀၀ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၀.၃၆၅ | ၀.၃၆၅ | ||
ကီလို | ၅၀၃.၄၅၀ | ၅၀၃.၄၅၀ | ||||
၁၉ | မြေပဲ(အခွံပါ) | US$ | ၀.၀၉၁ | ၀.၀၉၁ | ||
ကီလို | ၁၁၁.၂၅၀ | ၁၁၁.၂၅၀ | ||||
၂၀ | မြေပဲဆံ | US$ | ၁.၂၂၇ | ၃.၅၈၂ | ၄.၈၀၉ | |
ကီလို | ၁၃၈၉.၁၀၀ | ၃၇၀၀.၅၅၀ | ၅၀၈၉.၆၅၀ | |||
၂၁ | အခြားပဲ | US$ | ၀.၄၁၉ | ၀.၀၁၄ | ၀.၄၃၃ | |
ကီလို | ၇၄၁.၆၃၄ | ၃၄.၅၀၀ | ၇၇၆.၁၃၄ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၁၆၈.၀၅၈ | ၂၈.၆၆၄ | ၁၉၆.၇၂၂ | ||
ကီလို | ၂၁၆၃၈၁.၂၆၂ | ၄၂၂၉၇.၄၉၃ | ၂၅၈၆၇၈.၇၅၅ | |||
Source: Customs |