မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၆-၅-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၅၇၀၇၂.၅၄၆)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၂၁.၄၉၉)သန်း၊ နယ်စပ်မှ (၂၄၁၅၉.၂၈၇)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၁၆.၆၂၁)သန်း၊ စုစုပေါင်း (၁၈၁၂၃၁.၈၃၃) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၃၈.၁၂၀)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၆-၅-၂၀၂၂ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၆-၅-၂၀၂၂) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၂၁.၂၂၄ | ၁.၃၀၆ | ၂၂.၅၃၀ | |
ကီလို | ၂၆၉၁၃.၅၆၀ | ၁၄၂၉.၂၀၀ | ၂၈၃၄၂.၇၆၀ | |||
၂ | ပဲတီစိမ်း | US$ | ၆၁.၅၀၀ | ၆.၅၃၅ | ၆၈.၀၃၅ | |
ကီလို | ၇၇၆၈၃.၄၇၉ | ၉၆၁၃.၀၆၉ | ၈၇၂၉၆.၅၄၈ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၀.၁၃၅ | ၀.၁၃၅ | ||
ကီလို | ၁၄၃.၀၀၀ | ၁၄၃.၀၀၀ | ||||
၄ | ပဲစဉ်းငုံ | US$ | ၂.၉၇၉ | ၀.၀၁၈ | ၂.၉၉၇ | |
ကီလို | ၄၀၇၂.၇၅၀ | ၂၅.၀၀၀ | ၄၀၉၇.၇၅၀ | |||
၅ | ကုလားပဲ | US$ | ၁.၉၉၀ | ၀.၀၂၅ | ၂.၀၁၅ | |
ကီလို | ၂၉၅၅.၉၀၀ | ၄၁.၀၀၀ | ၂၉၉၆.၉၀၀ | |||
၆ | ပဲလွန်းဖြူ | US$ | ၅.၄၃၈ | ၀.၂၃၇ | ၅.၆၇၅ | |
ကီလို | ၇၇၉၂.၅၇၀ | ၅၃၀.၉၅၃ | ၈၃၂၃.၅၂၃ | |||
၇ | မြေထောက်ပဲ | US$ | ၉.၇၃၄ | ၂.၉၆၇ | ၁၂.၇၀၁ | |
ကီလို | ၁၃၇၄၀.၈၀၂ | ၄၅၇၉.၆၃၀ | ၁၈၃၂၀.၄၃၂ | |||
၈ | ထောပတ်ပဲ | US$ | ၄.၉၇၃ | ၀.၂၁၆ | ၅.၁၈၉ | |
ကီလို | ၅၉၁၅.၅၃၂ | ၃၈၆.၀၀၀ | ၆၃၀၁.၅၃၂ | |||
၉ | ပဲယင်း | US$ | ၆.၆၂၈ | ၀.၆၂၅ | ၇.၂၅၃ | |
ကီလို | ၈၄၉၉.၁၁၇ | ၁၃၃၂.၅၅၀ | ၉၈၃၁.၆၆၇ | |||
၁၀ | ပဲကြီး | US$ | ၁.၈၁၅ | ၀.၄၆၂ | ၂.၂၇၇ | |
ကီလို | ၂၄၇၁.၄၈၀ | ၈၀၀.၈၇၀ | ၃၂၇၂.၃၅၀ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၁.၀၉၈ | ၁.၀၉၈ | ||
ကီလို | ၁၅၇၇.၉၄၂ | ၁၅၇၇.၉၄၂ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၁၇၅ | ၀.၀၀၀ | ၀.၁၇၅ | |
ကီလို | ၂၄၈.၀၀၀ | ၀.၀၀၀ | ၂၄၈.၀၀၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၂၃၇ | ၀.၂၃၇ | ||
ကီလို | ၄၀၆.၀၀၀ | ၄၀၆.၀၀၀ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၀၁၉ | ၀.၀၀၀ | ၀.၀၁၉ | |
ကီလို | ၂၁.၀၀၀ | ၀.၀၀၀ | ၂၁.၀၀၀ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၂.၂၆၅ | ၀.၀၀၀ | ၂.၂၆၅ | |
ကီလို | ၃၀၅၆.၄၀၀ | ၀.၀၀၀ | ၃၀၅၆.၄၀၀ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၆၃ | ၀.၀၀၀ | ၀.၀၆၃ | |
ကီလို | ၆၆.၀၀၀ | ၀.၀၀၀ | ၆၆.၀၀၀ | |||
၁၇ | ပဲနီကြား | US$ | ၀.၅၇၁ | ၀.၅၇၁ | ||
ကီလို | ၁၃၉၆.၄၅၀ | ၁၃၉၆.၄၅၀ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၀.၁၅၃ | ၀.၁၅၃ | ||
ကီလို | ၂၀၄.၀၀၀ | ၂၀၄.၀၀၀ | ||||
၁၉ | မြေပဲ(အခွံပါ) | US$ | ၀.၀၇၈ | ၀.၀၇၈ | ||
ကီလို | ၉၆.၂၅၀ | ၉၆.၂၅၀ | ||||
၂၀ | မြေပဲဆံ | US$ | ၁.၂၂၆ | ၃.၀၄၂ | ၄.၂၆၈ | |
ကီလို | ၁၃၈၉.၁၀၀ | ၃၁၄၀.၈၁၅ | ၄၅၂၉.၉၁၅ | |||
၂၁ | အခြားပဲ | US$ | ၀.၃၇၂ | ၀.၀၁၄ | ၀.၃၈၆ | |
ကီလို | ၆၆၈.၉၁၄ | ၃၄.၅၀၀ | ၇၀၃.၄၁၄ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၁၂၁.၄၉၉ | ၁၆.၆၂၁ | ၁၃၈.၁၂၀ | ||
ကီလို | ၁၅၇၀၇၂.၅၄၆ | ၂၄၁၅၉.၂၈၇ | ၁၈၁၂၃၁.၈၃၃ | |||
Source: Customs |