မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၂၉-၄-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၂၅၃၅၁.၃၃၀)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၉၆.၅၆၁)သန်း၊ နယ်စပ်မှ (၁၆၈၉၀.၆၆၀)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁.၇၇၄)သန်း၊ စုစုပေါင်း (၁၄၂၂၄၁.၉၉၀) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၀၈.၃၃၅)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၂၉-၄-၂၀၂၂ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၂၉-၄-၂၀၂၂) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၁၆.၈၆၅ | ၁.၀၉၆ | ၁၇.၉၆၁ | |
| ကီလို | ၂၁၅၂၀.၆၁၀ | ၁၁၇၄.၀၀၀ | ၂၂၆၉၄.၆၁၀ | |||
| ၂ | ပဲတီစိမ်း | US$ | ၄၉.၄၈၁ | ၄.၂၁၉ | ၅၃.၇၀၀ | |
| ကီလို | ၆၂၆၄၆.၁၉၃ | ၆၂၃၇.၈၀၂ | ၆၈၈၈၃.၉၉၅ | |||
| ၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၀.၀၄၁ | ၀.၀၄၁ | ||
| ကီလို | ၄၃.၀၀၀ | ၄၃.၀၀၀ | ||||
| ၄ | ပဲစဉ်းငုံ | US$ | ၂.၉၄၇ | ၀.၀၁၈ | ၂.၉၆၅ | |
| ကီလို | ၄၀၃၁.၂၅၀ | ၂၅.၀၀၀ | ၄၀၅၆.၂၅၀ | |||
| ၅ | ကုလားပဲ | US$ | ၁.၂၈၅ | ၀.၀၂၅ | ၁.၃၁၀ | |
| ကီလို | ၁၉၃၉.၉၀၀ | ၄၁.၀၀၀ | ၁၉၈၀.၉၀၀ | |||
| ၆ | ပဲလွန်းဖြူ | US$ | ၄.၂၇၇ | ၀.၂၀၄ | ၄.၄၈၁ | |
| ကီလို | ၆၂၅၁.၅၇၀ | ၄၅၄.၄၅၃ | ၆၇၀၆.၀၂၃ | |||
| ၇ | မြေထောက်ပဲ | US$ | ၇.၅၆၄ | ၂.၅၆၈ | ၁၀.၁၃၂ | |
| ကီလို | ၁၀၆၈၄.၈၀၂ | ၃၉၅၆.၅၂၀ | ၁၄၆၄၁.၃၂၂ | |||
| ၈ | ထောပတ်ပဲ | US$ | ၃.၃၉၅ | ၀.၀၈၈ | ၃.၄၈၃ | |
| ကီလို | ၄၁၃၇.၈၆၂ | ၁၆၁.၀၀၀ | ၄၂၉၈.၈၆၂ | |||
| ၉ | ပဲယင်း | US$ | ၅.၂၅၃ | ၀.၄၈၈ | ၅.၇၄၁ | |
| ကီလို | ၆၇၂၄.၁၃၇ | ၁၀၄၅.၀၅၀ | ၇၇၆၉.၁၈၇ | |||
| ၁၀ | ပဲကြီး | US$ | ၁.၃၂၀ | ၀.၂၃၉ | ၁.၅၅၉ | |
| ကီလို | ၁၈၁၇.၄၈၀ | ၄၁၃.၈၂၀ | ၂၂၃၁.၃၀၀ | |||
| ၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၆၆၈ | ၀.၆၆၈ | ||
| ကီလို | ၉၀၂.၉၄၂ | ၉၀၂.၉၄၂ | ||||
| ၁၂ | စွန်တာပြာ | US$ | ၀.၁၂၁ | ၀.၀၀၀ | ၀.၁၂၁ | |
| ကီလို | ၁၆၄.၀၀၀ | ၀.၀၀၀ | ၁၆၄.၀၀၀ | |||
| ၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၁၆၃ | ၀.၁၆၃ | ||
| ကီလို | ၂၇၆.၅၀၀ | ၂၇၆.၅၀၀ | ||||
| ၁၄ | ပဲဖြူလေး | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
| ၁၅ | ဘိုကိတ်ပဲ | US$ | ၂.၀၈၄ | ၀.၀၀၀ | ၂.၀၈၄ | |
| ကီလို | ၂၈၂၀.၉၀၀ | ၀.၀၀၀ | ၂၈၂၀.၉၀၀ | |||
| ၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၆၃ | ၀.၀၀၀ | ၀.၀၆၃ | |
| ကီလို | ၆၆.၀၀၀ | ၀.၀၀၀ | ၆၆.၀၀၀ | |||
| ၁၇ | ပဲနီကြား | US$ | ၀.၂၂၄ | ၀.၂၂၄ | ||
| ကီလို | ၅၄၁.၀၀၀ | ၅၄၁.၀၀၀ | ||||
| ၁၈ | နိုင်လွန်ပဲ | US$ | ၀.၀၅၉ | ၀.၀၅၉ | ||
| ကီလို | ၇၃.၅၀၀ | ၇၃.၅၀၀ | ||||
| ၁၉ | မြေပဲ(အခွံပါ) | US$ | ၀.၀၇၈ | ၀.၀၇၈ | ||
| ကီလို | ၉၆.၂၅၀ | ၉၆.၂၅၀ | ||||
| ၂၀ | မြေပဲဆံ | US$ | ၀.၈၉၇ | ၂.၂၅၀ | ၃.၁၄၇ | |
| ကီလို | ၁၀၂၅.၁၀၀ | ၂၃၁၇.၂၆၅ | ၃၃၄၂.၃၆၅ | |||
| ၂၁ | အခြားပဲ | US$ | ၀.၃၄၁ | ၀.၀၁၄ | ၀.၃၅၅ | |
| ကီလို | ၆၁၈.၅၈၄ | ၃၄.၅၀၀ | ၆၅၃.၀၈၄ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၉၆.၅၆၁ | ၁၁.၇၇၄ | ၁၀၈.၃၃၅ | ||
| ကီလို | ၁၂၅၃၅၁.၃၃၀ | ၁၆၈၉၀.၆၆၀ | ၁၄၂၂၄၁.၉၉၀ | |||
| Source: Customs | ||||||
