မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၁၅-၄-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၆၆၄၀၄.၂၉၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၀.၇၀၇) သန်း၊ နယ်စပ်မှ (၉၃၆၇.၃၄၀) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၆.၄၉၉) သန်း၊ စုစုပေါင်း (၇၅၇၇၁.၆၃၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၅၇.၂၀၆)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၁၅-၄-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂-၂-၂၀၂၃ ဘဏ္ဍာနှစ် (၁၅-၄-၂၀၂၂) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၅.၁၅၈ | ၀.၄၉၉ | ၅.၆၅၇ | |
| ကီလို | ၆၉၃၄.၇၃၅ | ၅၅၀.၃၀၀ | ၇၄၈၅.၀၃၅ | |||
| ၂ | ပဲတီစိမ်း | US$ | ၂၈.၈၄၃ | ၂.၁၇၉ | ၃၁.၀၂၂ | |
| ကီလို | ၃၆၈၂၆.၃၉၀ | ၃၁၅၂.၁၂၅ | ၃၉၉၇၈.၅၁၅ | |||
| ၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
| ၄ | ပဲစဉ်းငုံ | US$ | ၀.၆၃၄ | ၀.၀၁၈ | ၀.၆၅၂ | |
| ကီလို | ၈၇၀.၅၀၀ | ၂၅.၀၀၀ | ၈၉၅.၅၀၀ | |||
| ၅ | ကုလားပဲ | US$ | ၀.၇၀၀ | ၀.၀၀၄ | ၀.၇၀၄ | |
| ကီလို | ၁၀၈၉.၀၀၀ | ၆.၀၀၀ | ၁၀၉၅.၀၀၀ | |||
| ၆ | ပဲလွန်းဖြူ | US$ | ၂.၃၄၁ | ၀.၁၂၈ | ၂.၄၆၉ | |
| ကီလို | ၃၃၇၉.၀၀၀ | ၂၇၃.၁၇၅ | ၃၆၅၂.၁၇၅ | |||
| ၇ | မြေထောက်ပဲ | US$ | ၅.၂၅၁ | ၁.၉၁၁ | ၇.၁၆၂ | |
| ကီလို | ၆၉၇၇.၃၉၁ | ၂၉၄၃.၅၀၀ | ၉၉၂၀.၈၉၁ | |||
| ၈ | ထောပတ်ပဲ | US$ | ၁.၅၇၇ | ၀.၀၂၇ | ၁.၆၀၄ | |
| ကီလို | ၂၀၁၇.၁၉၁ | ၅၀.၀၀၀ | ၂၀၆၇.၁၉၁ | |||
| ၉ | ပဲယင်း | US$ | ၃.၀၅၉ | ၀.၂၆၄ | ၃.၃၂၃ | |
| ကီလို | ၃၈၈၃.၉၂၆ | ၅၆၃.၅၅၀ | ၄၄၄၇.၄၇၆ | |||
| ၁၀ | ပဲကြီး | US$ | ၁.၀၀၈ | ၀.၀၂၇ | ၁.၀၃၅ | |
| ကီလို | ၁၄၃၉.၁၈၀ | ၄၉.၀၀၀ | ၁၄၈၈.၁၈၀ | |||
| ၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၂၂၉ | ၀.၂၂၉ | ||
| ကီလို | ၂၈၈.၀၀၀ | ၂၈၈.၀၀၀ | ||||
| ၁၂ | စွန်တာပြာ | US$ | ၀.၁၀၂ | ၀.၀၀၀ | ၀.၁၀၂ | |
| ကီလို | ၁၄၀.၀၀၀ | ၀.၀၀၀ | ၁၄၀.၀၀၀ | |||
| ၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၀၅၃ | ၀.၀၅၃ | ||
| ကီလို | ၈၁.၅၀၀ | ၈၁.၅၀၀ | ||||
| ၁၄ | ပဲဖြူလေး | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
| ၁၅ | ဘိုကိတ်ပဲ | US$ | ၁.၂၀၁ | ၀.၀၀၀ | ၁.၂၀၁ | |
| ကီလို | ၁၆၅၆.၉၀၀ | ၀.၀၀၀ | ၁၆၅၆.၉၀၀ | |||
| ၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
| ၁၇ | ပဲနီကြား | US$ | ၀.၁၄၈ | ၀.၁၄၈ | ||
| ကီလို | ၃၆၅.၅၀၀ | ၃၆၅.၅၀၀ | ||||
| ၁၈ | နိုင်လွန်ပဲ | US$ | ၀.၀၁၆ | ၀.၀၁၆ | ||
| ကီလို | ၁၉.၅၀၀ | ၁၉.၅၀၀ | ||||
| ၁၉ | မြေပဲ(အခွံပါ) | US$ | ၀.၀၃၂ | ၀.၀၃၂ | ||
| ကီလို | ၄၁.၈၅၀ | ၄၁.၈၅၀ | ||||
| ၂၀ | မြေပဲဆံ | US$ | ၀.၃၃၁ | ၁.၁၉၃ | ၁.၅၂၄ | |
| ကီလို | ၃၉၆.၁၀၀ | ၁၂၄၆.၃၄၀ | ၁၆၄၂.၄၄၀ | |||
| ၂၁ | အခြားပဲ | US$ | ၀.၂၇၃ | ၀.၀၀၀ | ၀.၂၇၃ | |
| ကီလို | ၅၀၅.၉၈၄ | ၀.၀၀၀ | ၅၀၅.၉၈၄ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၅၀.၇၀၇ | ၆.၄၉၉ | ၅၇.၂၀၆ | ||
| ကီလို | ၆၆၄၀၄.၂၉၇ | ၉၃၆၇.၃၄၀ | ၇၅၇၇၁.၆၃၇ | |||
