မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၁ မှ ၁၈-၃-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၃၉၄၃၅၂.၃၇၄)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၆၈၂.၇၀၈)သန်း၊ နယ်စပ်မှ (၅၆၁၃၈.၄၉၄)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၄၆.၀၁)သန်း၊ စုစုပေါင်း (၉၅၀၄၉၀.၈၆၈) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၇၂၈.၇၁၈)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၁-၂၀၂၂(Mini Budget) (၁၈-၃-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၁၈-၃-၂၀၂၂) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၂၆၁.၂၃၈ | ၇.၈၄၁ | ၂၆၉.၀၇၉ | |
ကီလို | ၃၃၇၀၁၇.၇၇၃ | ၇၉၁၃.၉၂၆ | ၃၄၄၉၃၁.၆၉၉ | |||
၂ | ပဲတီစိမ်း | US$ | ၂၃၈.၇၄၄ | ၇.၆၇၃ | ၂၄၆.၄၁၇ | |
ကီလို | ၃၀၄၁၅၂.၀၀၃ | ၁၂၇၆၆.၂၆၃ | ၃၁၆၉၁၈.၂၆၆ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၀.၁၇၅ | ၀.၁၇၅ | ||
ကီလို | ၁၆၀.၀၀၀ | ၁၆၀.၀၀၀ | ||||
၄ | ပဲစဉ်းငုံ | US$ | ၇၈.၀၈၃ | ၀.၀၀၀ | ၇၈.၀၈၃ | |
ကီလို | ၁၁၆၇၈၂.၀၆၁ | ၀.၀၀၀ | ၁၁၆၇၈၂.၀၆၁ | |||
၅ | ကုလားပဲ | US$ | ၂.၂၉၆ | ၀.၀၅၂ | ၂.၃၄၈ | |
ကီလို | ၃၆၀၄.၀၅၅ | ၇၅.၀၀၀ | ၃၆၇၉.၀၅၅ | |||
၆ | ပဲလွန်းဖြူ | US$ | ၁၅.၃၁၄ | ၀.၃၃၈ | ၁၅.၆၅၂ | |
ကီလို | ၂၀၇၉၄.၈၇၃ | ၇၅၅.၉၁၅ | ၂၁၅၅၀.၇၈၈ | |||
၇ | မြေထောက်ပဲ | US$ | ၂၁.၀၉၉ | ၂.၉၀၁ | ၂၄.၀၀၀ | |
ကီလို | ၂၆၆၅၆.၇၉၁ | ၄၆၂၆.၈၂၅ | ၃၁၂၈၃.၆၁၆ | |||
၈ | ထောပတ်ပဲ | US$ | ၃.၂၆၂ | ၀.၀၃၀ | ၃.၂၉၂ | |
ကီလို | ၄၉၅၀.၁၇၀ | ၅၂.၅၀၀ | ၅၀၀၂.၆၇၀ | |||
၉ | ပဲယင်း | US$ | ၂၇.၈၈၆ | ၀.၂၉၆ | ၂၈.၁၈၂ | |
ကီလို | ၃၉၂၄၁.၂၀၂ | ၆၅၁.၉၅၀ | ၃၉၈၉၃.၁၅၂ | |||
၁၀ | ပဲကြီး | US$ | ၀.၇၅၄ | ၀.၀၀၀ | ၀.၇၅၄ | |
ကီလို | ၁၁၉၁.၃၉၃ | ၀.၀၀၀ | ၁၁၉၁.၃၉၃ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၆၂၈ | ၀.၆၂၈ | ||
ကီလို | ၉၉၆.၆၆၉ | ၉၉၆.၆၆၉ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၂၅၉ | ၀.၀၀၀ | ၀.၂၅၉ | |
ကီလို | ၄၂၂.၉၉၀ | ၀.၀၀၀ | ၄၂၂.၉၉၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၃၂၄ | ၀.၀၀၀ | ၀.၃၂၄ | |
ကီလို | ၄၃၄.၅၀၀ | ၀.၀၀၀ | ၄၃၄.၅၀၀ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၁၀.၀၂၂ | ၀.၀၀၀ | ၁၀.၀၂၂ | |
ကီလို | ၁၃၉၃၇.၄၁၉ | ၀.၀၀၀ | ၁၃၉၃၇.၄၁၉ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၀.၂၉၈ | ၀.၀၀၀ | ၀.၂၉၈ | |
ကီလို | ၄၁၁.၀၀၀ | ၀.၀၀၀ | ၄၁၁.၀၀၀ | |||
၁၇ | ပဲနီကြား | US$ | ၀.၀၇၈ | ၀.၀၇၈ | ||
ကီလို | ၁၉၅.၀၀၀ | ၁၉၅.၀၀၀ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၀.၁၈၂ | ၀.၁၈၂ | ||
ကီလို | ၂၁၆.၅၀၀ | ၂၁၆.၅၀၀ | ||||
၁၉ | မြေပဲ(အခွံပါ) | US$ | ၃.၄၂၅ | ၃.၄၂၅ | ||
ကီလို | ၄၉၀၈.၅၈၄ | ၄၉၀၈.၅၈၄ | ||||
၂၀ | မြေပဲဆံ | US$ | ၂၂.၄၁၆ | ၂၃.၀၁၉ | ၄၅.၄၃၅ | |
ကီလို | ၂၃၆၅၁.၆၁၁ | ၂၃၈၁၆.၀၃၁ | ၄၇၄၆၇.၆၄၂ | |||
၂၁ | အခြားပဲ | US$ | ၀.၀၈၅ | ၀.၀၀၀ | ၀.၀၈၅ | |
ကီလို | ၁၀၇.၈၆၄ | ၀.၀၀၀ | ၁၀၇.၈၆၄ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၆၈၂.၇၀၈ | ၄၆.၀၁၀ | ၇၂၈.၇၁၈ | ||
ကီလို | ၈၉၄၃၅၂.၃၇၄ | ၅၆၁၃၈.၄၉၄ | ၉၅၀၄၉၀.၈၆၈ | |||
Source: Customs |