မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၁ မှ ၂၈-၁-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၄၈၇၉၃၂.၉၀၃)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၈၇.၁၇၈)သန်း၊ နယ်စပ်မှ (၃၆၀၃၉.၉၉၂)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၃၁.၆၃.၇)သန်း၊ စုစုပေါင်း (၅၂၃၉၇၂.၈၉၅) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၁၈.၈၁၅)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၁-၂၀၂၂(Mini Budget) (၄-၂-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၄-၂-၂၀၂၂) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၁၈၁.၇၅၄ | ၆.၄၂၉ | ၁၈၈.၁၈၃ | |
ကီလို | ၂၂၃၂၉၅.၂၁၆ | ၆၂၂၁.၇၆၆ | ၂၂၉၅၁၆.၉၈၂ | |||
၂ | ပဲတီစိမ်း | US$ | ၁၁၄.၂၃၃ | ၄.၄၃၅ | ၁၁၈.၆၆၈ | |
ကီလို | ၁၄၀၁၁၈.၂၈၈ | ၇၀၄၇.၆၂၃ | ၁၄၇၁၆၅.၉၁၁ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၀.၁၇၅ | ၀.၁၇၅ | ||
ကီလို | ၁၆၀.၀၀၀ | ၁၆၀.၀၀၀ | ||||
၄ | ပဲစဉ်းငုံ | US$ | ၄၀.၉၅၅ | ၀.၀၀၀ | ၄၀.၉၅၅ | |
ကီလို | ၆၁၉၂၂.၀၁၂ | ၀.၀၀၀ | ၆၁၉၂၂.၀၁၂ | |||
၅ | ကုလားပဲ | US$ | ၁.၁၂၅ | ၀.၀၃၈ | ၁.၁၆၃ | |
ကီလို | ၁၆၀၅.၇၄၅ | ၅၅.၀၀၀ | ၁၆၆၀.၇၄၅ | |||
၆ | ပဲလွန်းဖြူ | US$ | ၆.၄၆၃ | ၀.၁၃၇ | ၆.၆၀၀ | |
ကီလို | ၇၇၁၀.၃၁၀ | ၃၃၁.၄၀၀ | ၈၀၄၁.၇၁၀ | |||
၇ | မြေထောက်ပဲ | US$ | ၆.၃၈၄ | ၀.၁၄၈ | ၆.၅၃၂ | |
ကီလို | ၇၉၂၂.၇၆၆ | ၂၃၅.၁၅၀ | ၈၁၅၇.၉၁၆ | |||
၈ | ထောပတ်ပဲ | US$ | ၁.၉၈၃ | ၀.၀၁၉ | ၂.၀၀၂ | |
ကီလို | ၃၁၄၄.၀၇၀ | ၃၅.၀၀၀ | ၃၁၇၉.၀၇၀ | |||
၉ | ပဲယင်း | US$ | ၈.၃၃၅ | ၀.၀၆၇ | ၈.၄၀၂ | |
ကီလို | ၁၂၇၂၆.၄၆၅ | ၁၄၈.၅၀၀ | ၁၂၈၇၄.၉၆၅ | |||
၁၀ | ပဲကြီး | US$ | ၀.၄၆၆ | ၀.၀၀၀ | ၀.၄၆၆ | |
ကီလို | ၇၃၇.၂၀၈ | ၀.၀၀၀ | ၇၃၇.၂၀၈ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၆၁၃ | ၀.၆၁၃ | ||
ကီလို | ၉၇၁.၆၆၉ | ၉၇၁.၆၆၉ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၂၂၉ | ၀.၀၀၀ | ၀.၂၂၉ | |
ကီလို | ၃၇၂.၉၉၀ | ၀.၀၀၀ | ၃၇၂.၉၉၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၀၂၀ | ၀.၀၀၀ | ၀.၀၂၀ | |
ကီလို | ၂၈.၀၀၀ | ၀.၀၀၀ | ၂၈.၀၀၀ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၅.၁၃၂ | ၀.၀၀၀ | ၅.၁၃၂ | |
ကီလို | ၆၈၄၃.၅၆၃ | ၀.၀၀၀ | ၆၈၄၃.၅၆၃ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၀.၂၄၉ | ၀.၀၀၀ | ၀.၂၄၉ | |
ကီလို | ၃၄၅.၀၀၀ | ၀.၀၀၀ | ၃၄၅.၀၀၀ | |||
၁၇ | ပဲနီကြား | US$ | ၀.၀၃၈ | ၀.၀၃၈ | ||
ကီလို | ၉၅.၀၀၀ | ၉၅.၀၀၀ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
၁၉ | မြေပဲ(အခွံပါ) | US$ | ၂.၄၂၉ | ၂.၄၂၉ | ||
ကီလို | ၃၄၀၃.၂၁၀ | ၃၄၀၃.၂၁၀ | ||||
၂၀ | မြေပဲဆံ | US$ | ၁၉.၁၅၈ | ၁၇.၇၂၂ | ၃၆.၈၈၀ | |
ကီလို | ၂၀၀၈၈.၁၂၁ | ၁၈၃၀၇.၃၄၃ | ၃၈၃၉၅.၄၆၄ | |||
၂၁ | အခြားပဲ | US$ | ၀.၀၇၉ | ၀.၀၀၀ | ၀.၀၇၉ | |
ကီလို | ၁၀၁.၄၈၀ | ၀.၀၀၀ | ၁၀၁.၄၈၀ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၃၈၇.၁၇၈ | ၃၁.၆၃၇ | ၄၁၈.၈၁၅ | ||
ကီလို | ၄၈၇၉၃၂.၉၀၃ | ၃၆၀၃၉.၉၉၂ | ၅၂၃၉၇၂.၈၉၅ | |||
Source: Customs |