မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၁ မှ ၂၄-၁၂-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၃၁၀၀၂၄.၃၉၆)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၅၅.၁၃၅)သန်း၊ နယ်စပ်မှ (၁၇၉၆၆.၉၉၃)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၁၆.၉၀၂)သန်း၊ စုစုပေါင်း (၃၂၇၉၉၁.၃၈၉) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၇၂.၀၃၇)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၁-၂၀၂၂(Mini Budget) (၂၄-၁၂-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၂၄-၁၂-၂၀၂၁) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၁၃၆.၇၂၉ | ၄.၂၈၂ | ၁၄၁.၀၁၁ | |
ကီလို | ၁၆၁၆၂၃.၁၄၂ | ၃၉၇၄.၁၂၆ | ၁၆၅၅၉၇.၂၆၈ | |||
၂ | ပဲတီစိမ်း | US$ | ၆၂.၉၀၇ | ၁.၆၃၅ | ၆၄.၅၄၂ | |
ကီလို | ၇၄၉၇၆.၆၉၅ | ၂၅၃၆.၂၃၃ | ၇၇၅၁၂.၉၂၈ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၀.၀၆၉ | ၀.၀၆၉ | ||
ကီလို | ၆၄.၀၀၀ | ၆၄.၀၀၀ | ||||
၄ | ပဲစဉ်းငုံ | US$ | ၂၀.၉၅၄ | ၀.၀၀၀ | ၂၀.၉၅၄ | |
ကီလို | ၃၀၄၂၄.၇၅၇ | ၀.၀၀၀ | ၃၀၄၂၄.၇၅၇ | |||
၅ | ကုလားပဲ | US$ | ၁.၀၀၇ | ၀.၀၀၀ | ၁.၀၀၇ | |
ကီလို | ၁၄၄၆.၅၆၄ | ၀.၀၀၀ | ၁၄၄၆.၅၆၄ | |||
၆ | ပဲလွန်းဖြူ | US$ | ၂.၄၃၃ | ၀.၀၁၅ | ၂.၄၄၈ | |
ကီလို | ၂၇၆၉.၆၈၅ | ၃၂.၂၅၀ | ၂၈၀၁.၉၃၅ | |||
၇ | မြေထောက်ပဲ | US$ | ၄.၁၂၉ | ၀.၀၂၁ | ၄.၁၅၀ | |
ကီလို | ၅၅၄၈.၉၆၄ | ၃၃.၀၀၀ | ၅၅၈၁.၉၆၄ | |||
၈ | ထောပတ်ပဲ | US$ | ၀.၈၉၈ | ၀.၀၀၀ | ၀.၈၉၈ | |
ကီလို | ၁၅၁၁.၀၁၀ | ၀.၀၀၀ | ၁၅၁၁.၀၁၀ | |||
၉ | ပဲယင်း | US$ | ၆.၅၈၉ | ၀.၀၀၀ | ၆.၅၈၉ | |
ကီလို | ၁၀၂၅၃.၁၅၄ | ၀.၀၀၀ | ၁၀၂၅၃.၁၅၄ | |||
၁၀ | ပဲကြီး | US$ | ၀.၁၆၇ | ၀.၀၀၀ | ၀.၁၆၇ | |
ကီလို | ၂၇၇.၇၀၈ | ၀.၀၀၀ | ၂၇၇.၇၀၈ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၅၆၅ | ၀.၅၆၅ | ||
ကီလို | ၉၀၇.၂၁၉ | ၉၀၇.၂၁၉ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၁၇၅ | ၀.၀၀၀ | ၀.၁၇၅ | |
ကီလို | ၂၈၈.၉၉၀ | ၀.၀၀၀ | ၂၈၈.၉၉၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၀၂၀ | ၀.၀၀၀ | ၀.၀၂၀ | |
ကီလို | ၂၈.၀၀၀ | ၀.၀၀၀ | ၂၈.၀၀၀ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၁.၁၁၇ | ၀.၀၀၀ | ၁.၁၁၇ | |
ကီလို | ၁၅၈၄.၁၆၃ | ၀.၀၀၀ | ၁၅၈၄.၁၆၃ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၈၂ | ၀.၀၀၀ | ၀.၀၈၂ | |
ကီလို | ၁၁၅.၀၀၀ | ၀.၀၀၀ | ၁၁၅.၀၀၀ | |||
၁၇ | ပဲနီကြား | US$ | ၀.၀၃၈ | ၀.၀၃၈ | ||
ကီလို | ၉၅.၀၀၀ | ၉၅.၀၀၀ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
၁၉ | မြေပဲ(အခွံပါ) | US$ | ၀.၄၂၈ | ၀.၄၂၈ | ||
ကီလို | ၅၂၃.၉၃၆ | ၅၂၃.၉၃၆ | ||||
၂၀ | မြေပဲဆံ | US$ | ၁၇.၂၉၀ | ၁၀.၄၁၄ | ၂၇.၇၀၄ | |
ကီလို | ၁၈၁၇၁.၃၂၆ | ၁၀၇၀၈.၄၄၈ | ၂၈၈၇၉.၇၇၄ | |||
၂၁ | အခြားပဲ | US$ | ၀.၀၇၃ | ၀.၀၀၀ | ၀.၀၇၃ | |
ကီလို | ၉၈.၀၁၉ | ၀.၀၀၀ | ၉၈.၀၁၉ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၂၅၅.၁၃၅ | ၁၆.၉၀၂ | ၂၇၂.၀၃၇ | ||
ကီလို | ၃၁၀၀၂၄.၃၉၆ | ၁၇၉၆၆.၉၉၃ | ၃၂၇၉၉၁.၃၈၉ |
Source: Customs |