မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၁ မှ ၂၄-၁၂-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၃၁၀၀၂၄.၃၉၆)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၅၅.၁၃၅)သန်း၊ နယ်စပ်မှ (၁၇၉၆၆.၉၉၃)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၁၆.၉၀၂)သန်း၊ စုစုပေါင်း (၃၂၇၉၉၁.၃၈၉) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၇၂.၀၃၇)သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၁-၂၀၂၂(Mini Budget) (၂၄-၁၂-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

          အမေရိကန်ဒေါ်လာသန်း
ကီလို-ထောင်ပေါင်း
စဉ် အကြောင်းအရာ ရေတွက်
ပုံ
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်
(၂၄-၁၂-၂၀၂၁) ထိ
ပင်လယ်
ရေကြောင်း
နယ်စပ် ‌​​ပေါင်း
  မတ်ပဲ US$ ၁၃၆.၇၂၉ ၄.၂၈၂ ၁၄၁.၀၁၁
ကီလို ၁၆၁၆၂၃.၁၄၂ ၃၉၇၄.၁၂၆ ၁၆၅၅၉၇.၂၆၈
  ပဲတီစိမ်း US$ ၆၂.၉၀၇ ၁.၆၃၅ ၆၄.၅၄၂
ကီလို ၇၄၉၇၆.၆၉၅ ၂၅၃၆.၂၃၃ ၇၇၅၁၂.၉၂၈
  ပဲတီစိမ်းလုံးခြမ်း US$   ၀.၀၆၉ ၀.၀၆၉
ကီလို   ၆၄.၀၀၀ ၆၄.၀၀၀
  ပဲစဉ်းငုံ US$ ၂၀.၉၅၄ ၀.၀၀၀ ၂၀.၉၅၄
ကီလို ၃၀၄၂၄.၇၅၇ ၀.၀၀၀ ၃၀၄၂၄.၇၅၇
  ကုလားပဲ US$ ၁.၀၀၇ ၀.၀၀၀ ၁.၀၀၇
ကီလို ၁၄၄၆.၅၆၄ ၀.၀၀၀ ၁၄၄၆.၅၆၄
  ပဲလွန်းဖြူ US$ ၂.၄၃၃ ၀.၀၁၅ ၂.၄၄၈
ကီလို ၂၇၆၉.၆၈၅ ၃၂.၂၅၀ ၂၈၀၁.၉၃၅
  မြေထောက်ပဲ US$ ၄.၁၂၉ ၀.၀၂၁ ၄.၁၅၀
ကီလို ၅၅၄၈.၉၆၄ ၃၃.၀၀၀ ၅၅၈၁.၉၆၄
  ထောပတ်ပဲ US$ ၀.၈၉၈ ၀.၀၀၀ ၀.၈၉၈
ကီလို ၁၅၁၁.၀၁၀ ၀.၀၀၀ ၁၅၁၁.၀၁၀
   ပဲယင်း US$ ၆.၅၈၉ ၀.၀၀၀ ၆.၅၈၉
ကီလို ၁၀၂၅၃.၁၅၄ ၀.၀၀၀ ၁၀၂၅၃.၁၅၄
  ၁၀ ပဲကြီး US$ ၀.၁၆၇ ၀.၀၀၀ ၀.၁၆၇
ကီလို ၂၇၇.၇၀၈ ၀.၀၀၀ ၂၇၇.၇၀၈
  ၁၁ ပဲကတ္တီပါ(စွန်တာနီ) US$ ၀.၅၆၅   ၀.၅၆၅
ကီလို ၉၀၇.၂၁၉   ၉၀၇.၂၁၉
  ၁၂ စွန်တာပြာ US$ ၀.၁၇၅ ၀.၀၀၀ ၀.၁၇၅
ကီလို ၂၈၈.၉၉၀ ၀.၀၀၀ ၂၈၈.၉၉၀
  ၁၃ ပဲကတ္တီပါ(စွန်တာနီ/ပြာ) US$   ၀.၀၀၀ ၀.၀၀၀
ကီလို   ၀.၀၀၀ ၀.၀၀၀
  ၁၄ ပဲဖြူလေး US$ ၀.၀၂၀ ၀.၀၀၀ ၀.၀၂၀
ကီလို ၂၈.၀၀၀ ၀.၀၀၀ ၂၈.၀၀၀
  ၁၅ ဘိုကိတ်ပဲ US$ ၁.၁၁၇ ၀.၀၀၀ ၁.၁၁၇
ကီလို ၁၅၈၄.၁၆၃ ၀.၀၀၀ ၁၅၈၄.၁၆၃
  ၁၆ ပဲပုတ်စေ့ US$ ၀.၀၈၂ ၀.၀၀၀ ၀.၀၈၂
ကီလို ၁၁၅.၀၀၀ ၀.၀၀၀ ၁၁၅.၀၀၀
  ၁၇ ပဲနီကြား US$   ၀.၀၃၈ ၀.၀၃၈
ကီလို   ၉၅.၀၀၀ ၉၅.၀၀၀
  ၁၈ နိုင်လွန်ပဲ US$   ၀.၀၀၀ ၀.၀၀၀
ကီလို   ၀.၀၀၀ ၀.၀၀၀
  ၁၉ မြေပဲ(အခွံပါ) US$   ၀.၄၂၈ ၀.၄၂၈
ကီလို   ၅၂၃.၉၃၆ ၅၂၃.၉၃၆
  ၂၀ မြေပဲဆံ US$ ၁၇.၂၉၀ ၁၀.၄၁၄ ၂၇.၇၀၄
ကီလို ၁၈၁၇၁.၃၂၆ ၁၀၇၀၈.၄၄၈ ၂၈၈၇၉.၇၇၄
  ၂၁ အခြားပဲ US$ ၀.၀၇၃ ၀.၀၀၀ ၀.၀၇၃
ကီလို ၉၈.၀၁၉ ၀.၀၀၀ ၉၈.၀၁၉
    ပဲတင်ပို့မှုစုစုပေါင်း US$ ၂၅၅.၁၃၅ ၁၆.၉၀၂ ၂၇၂.၀၃၇
ကီလို ၃၁၀၀၂၄.၃၉၆ ၁၇၉၆၆.၉၉၃ ၃၂၇၉၉၁.၃၈၉
Source: Customs