မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၁ မှ ၁၇-၁၂-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၂၇၅၇၅၂.၃၃၃)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၂၇.၉၅၅)သန်း၊ နယ်စပ်မှ (၁၅၄၇၇.၅၁၇)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၁၄.၅၁၂)သန်း၊ စုစုပေါင်း (၂၉၁၂၂၉.၈၅၀) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၄၂.၄၆၇)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၁-၂၀၂၂(Mini Budget) (၁၇-၁၂-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၁၇-၁၂-၂၀၂၁) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၁၂၀.၅၅၇ | ၃.၇၉၇ | ၁၂၄.၃၅၄ | |
| ကီလို | ၁၄၁၂၂၅.၂၅၂ | ၃၅၁၀.၁၄၇ | ၁၄၄၇၃၅.၃၉၉ | |||
| ၂ | ပဲတီစိမ်း | US$ | ၅၅.၆၀၃ | ၀.၉၆၁ | ၅၆.၅၆၄ | |
| ကီလို | ၆၆၂၂၅.၉၅၆ | ၁၅၁၃.၂၆၈ | ၆၇၇၃၉.၂၂၄ | |||
| ၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၀.၀၃၄ | ၀.၀၃၄ | ||
| ကီလို | ၃၂.၀၀၀ | ၃၂.၀၀၀ | ||||
| ၄ | ပဲစဉ်းငုံ | US$ | ၂၀.၁၆၁ | ၀.၀၀၀ | ၂၀.၁၆၁ | |
| ကီလို | ၂၉၁၇၆.၇၅၇ | ၀.၀၀၀ | ၂၉၁၇၆.၇၅၇ | |||
| ၅ | ကုလားပဲ | US$ | ၁.၀၀၆ | ၀.၀၀၀ | ၁.၀၀၆ | |
| ကီလို | ၁၄၄၅.၈၀၄ | ၀.၀၀၀ | ၁၄၄၅.၈၀၄ | |||
| ၆ | ပဲလွန်းဖြူ | US$ | ၁.၉၃၄ | ၀.၀၁၅ | ၁.၉၄၉ | |
| ကီလို | ၂၀၉၃.၀၆၆ | ၃၂.၂၅၀ | ၂၁၂၅.၃၁၆ | |||
| ၇ | မြေထောက်ပဲ | US$ | ၃.၇၁၆ | ၀.၀၂၁ | ၃.၇၃၇ | |
| ကီလို | ၄၈၆၄.၇၇၂ | ၃၃.၀၀၀ | ၄၈၉၇.၇၇၂ | |||
| ၈ | ထောပတ်ပဲ | US$ | ၀.၈၇၈ | ၀.၀၀၀ | ၀.၈၇၈ | |
| ကီလို | ၁၄၈၆.၀၁၀ | ၀.၀၀၀ | ၁၄၈၆.၀၁၀ | |||
| ၉ | ပဲယင်း | US$ | ၆.၃၅၈ | ၀.၀၀၀ | ၆.၃၅၈ | |
| ကီလို | ၉၈၃၂.၃၃၉ | ၀.၀၀၀ | ၉၈၃၂.၃၃၉ | |||
| ၁၀ | ပဲကြီး | US$ | ၀.၁၄၃ | ၀.၀၀၀ | ၀.၁၄၃ | |
| ကီလို | ၂၅၃.၇၀၈ | ၀.၀၀၀ | ၂၅၃.၇၀၈ | |||
| ၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၄၆၈ | ၀.၄၆၈ | ||
| ကီလို | ၇၅၈.၈၁၉ | ၇၅၈.၈၁၉ | ||||
| ၁၂ | စွန်တာပြာ | US$ | ၀.၁၇၅ | ၀.၀၀၀ | ၀.၁၇၅ | |
| ကီလို | ၂၈၈.၉၉၀ | ၀.၀၀၀ | ၂၈၈.၉၉၀ | |||
| ၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
| ၁၄ | ပဲဖြူလေး | US$ | ၀.၀၂၀ | ၀.၀၀၀ | ၀.၀၂၀ | |
| ကီလို | ၂၈.၀၀၀ | ၀.၀၀၀ | ၂၈.၀၀၀ | |||
| ၁၅ | ဘိုကိတ်ပဲ | US$ | ၀.၇၈၈ | ၀.၀၀၀ | ၀.၇၈၈ | |
| ကီလို | ၁၁၅၉.၉၁၅ | ၀.၀၀၀ | ၁၁၅၉.၉၁၅ | |||
| ၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
| ၁၇ | ပဲနီကြား | US$ | ၀.၀၃၈ | ၀.၀၃၈ | ||
| ကီလို | ၉၅.၀၀၀ | ၉၅.၀၀၀ | ||||
| ၁၈ | နိုင်လွန်ပဲ | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
| ၁၉ | မြေပဲ(အခွံပါ) | US$ | ၀.၃၆၅ | ၀.၃၆၅ | ||
| ကီလို | ၄၃၅.၀၄၀ | ၄၃၅.၀၄၀ | ||||
| ၂၀ | မြေပဲဆံ | US$ | ၁၆.၀၇၄ | ၉.၂၈၁ | ၂၅.၃၅၅ | |
| ကီလို | ၁၆၈၁၅.၃၈၅ | ၉၈၂၆.၈၁၂ | ၂၆၆၄၂.၁၉၇ | |||
| ၂၁ | အခြားပဲ | US$ | ၀.၀၇၄ | ၀.၀၀၀ | ၀.၀၇၄ | |
| ကီလို | ၉၇.၅၆၀ | ၀.၀၀၀ | ၉၇.၅၆၀ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၂၂၇.၉၅၅ | ၁၄.၅၁၂ | ၂၄၂.၄၆၇ | ||
| ကီလို | ၂၇၅၇၅၂.၃၃၃ | ၁၅၄၇၇.၅၁၇ | ၂၉၁၂၂၉.၈၅၀ | |||
| Source: Customs | ||||||
