မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၁ မှ ၈-၁၀-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၃၇၂၂၃.၄၈၉)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၁.၅၀၉)သန်း၊ နယ်စပ်မှ (၂၂၀၃.၁၂၂)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၉၈၉)သန်း၊ စုစုပေါင်း (၃၉၄၂၆.၆၁၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၃.၄၈၉)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၁-၂၀၂၂ (Mini Budget) (၈-၁၀-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
တွက် ပုံ |
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၈-၁၀-၂၀၂၁) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၁၆.၆၁၇ | ၀.၉၀၈ | ၁၇.၅၂၅ | |
| ကီလို | ၁၈၇၅၇.၅၆၀ | ၇၉၅.၇၉၀ | ၁၉၅၅၃.၃၅၀ | |||
| ၂ | ပဲတီစိမ်း | US$ | ၆.၀၂၀ | ၀.၄၀၁ | ၆.၄၂၁ | |
| ကီလို | ၆၆၂၃.၃၆၁ | ၅၈၉.၃၁၈ | ၇၂၁၂.၆၇၉ | |||
| ၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
| ၄ | ပဲစဉ်းငုံ | US$ | ၆.၀၈၇ | ၀.၀၀၀ | ၆.၀၈၇ | |
| ကီလို | ၈၄၂၅.၀၇၅ | ၀.၀၀၀ | ၈၄၂၅.၀၇၅ | |||
| ၅ | ကုလားပဲ | US$ | ၀.၁၄၃ | ၀.၀၀၀ | ၀.၁၄၃ | |
| ကီလို | ၁၅၃.၁၃၄ | ၀.၀၀၀ | ၁၅၃.၁၃၄ | |||
| ၆ | ပဲလွန်းဖြူ | US$ | ၀.၃၃၄ | ၀.၀၀၀ | ၀.၃၃၄ | |
| ကီလို | ၃၇၈.၅၂၅ | ၀.၀၀၀ | ၃၇၈.၅၂၅ | |||
| ၇ | မြေထောက်ပဲ | US$ | ၀.၇၀၇ | ၀.၀၂၁ | ၀.၇၂၈ | |
| ကီလို | ၁၀၁၆.၈၂၄ | ၃၃.၀၀၀ | ၁၀၄၉.၈၂၄ | |||
| ၈ | ထောပတ်ပဲ | US$ | ၀.၀၃၄ | ၀.၀၀၀ | ၀.၀၃၄ | |
| ကီလို | ၄၈.၀၀၀ | ၀.၀၀၀ | ၄၈.၀၀၀ | |||
| ၉ | ပဲယင်း | US$ | ၀.၃၂၇ | ၀.၀၀၀ | ၀.၃၂၇ | |
| ကီလို | ၅၆၉.၉၇၄ | ၀.၀၀၀ | ၅၆၉.၉၇၄ | |||
| ၁၀ | ပဲကြီး | US$ | ၀.၀၀၁ | ၀.၀၀၀ | ၀.၀၀၁ | |
| ကီလို | ၁.၆၁၃ | ၀.၀၀၀ | ၁.၆၁၃ | |||
| ၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
| ၁၂ | စွန်တာပြာ | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
| ၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
| ၁၄ | ပဲဖြူလေး | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
| ၁၅ | ဘိုကိတ်ပဲ | US$ | ၀.၀၁၀ | ၀.၀၀၀ | ၀.၀၁၀ | |
| ကီလို | ၁၆.၄၇၅ | ၀.၀၀၀ | ၁၆.၄၇၅ | |||
| ၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
| ၁၇ | ပဲနီကြား | US$ | ၀.၀၃၈ | ၀.၀၃၈ | ||
| ကီလို | ၉၅.၀၀၀ | ၉၅.၀၀၀ | ||||
| ၁၈ | နိုင်လွန်ပဲ | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
| ၁၉ | မြေပဲ(အခွံပါ) | US$ | ၀.၀၂၈ | ၀.၀၂၈ | ||
| ကီလို | ၄၂.၆၁၄ | ၄၂.၆၁၄ | ||||
| ၂၀ | မြေပဲဆံ | US$ | ၁.၂၂၇ | ၀.၅၉၃ | ၁.၈၂၀ | |
| ကီလို | ၁၂၃၀.၄၃၈ | ၆၄၇.၄၀၀ | ၁၈၇၇.၈၃၈ | |||
| ၂၁ | အခြားပဲ | US$ | ၀.၀၀၂ | ၀.၀၀၀ | ၀.၀၀၂ | |
| ကီလို | ၂.၅၁၀ | ၀.၀၀၀ | ၂.၅၁၀ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၃၁.၅၀၉ | ၁.၉၈၉ | ၃၃.၄၉၈ | ||
| ကီလို | ၃၇၂၂၃.၄၈၉ | ၂၂၀၃.၁၂၂ | ၃၉၄၂၆.၆၁၁ | |||
Sources : Customs
