မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၀၄၅၃၈၅)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၇၇၃.၀၂၈)သန်း၊ နယ်စပ်မှ (၅၆၀၉၇၇)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၂၂.၇၇၉)သန်း၊ စုစုပေါင်း (၁၆၀၆၃၆၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၁၉၅.၈၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၀-၂၀၂၁)ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၀ မှ ၃၀-၉-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၃၀-၉-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ | ရေ တွက် ပုံ |
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၃၀-၉-၂၀၂၁) ထိ (ယာယီ) |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၅၁၆.၆၆၈ | ၁၀.၀၄၆ | ၅၂၆.၇၁၄ | |
| ကီလို | ၆၆၆၁၇၈.၁၉၁ | ၁၁၃၄၈.၂၃၀ | ၆၇၇၅၂၆.၄၂၁ | |||
| ၂ | ပဲတီစိမ်း | US$ | ၂၃၄.၆၁၅ | ၂၉၀.၇၆၆ | ၅၂၅.၃၈၁ | |
| ကီလို | ၂၅၈၀၀၉.၇၀၉ | ၄၁၅၁၁၃.၁၇၄ | ၆၇၃၁၂၂.၈၈၃ | |||
| ၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၃.၅၂၇ | ၃.၅၂၇ | ||
| ကီလို | ၂၆၅၀.၅၀၀ | ၂၆၅၀.၅၀၀ | ||||
| ၄ | ပဲစဉ်းငုံ | US$ | ၁၄၃.၄၄၆ | ၀.၆၅၄ | ၁၄၄.၁၀၀ | |
| ကီလို | ၂၁၂၉၇၈.၈၇၆ | ၁၁၁၂.၇၅၀ | ၂၁၄၀၉၁.၆၂၆ | |||
| ၅ | ကုလားပဲ | US$ | ၁၄.၀၆၅ | ၁.၉၂၀ | ၁၅.၉၈၅ | |
| ကီလို | ၂၄၀၄၃.၂၄၁ | ၃၁၆၉.၅၅၀ | ၂၇၂၁၂.၇၉၁ | |||
| ၆ | ပဲလွန်းဖြူ | US$ | ၁၀.၈၅၇ | ၁၇.၄၈၀ | ၂၈.၃၃၇ | |
| ကီလို | ၁၁၆၇၅.၈၄၉ | ၃၈၂၈၆.၇၀၄ | ၄၉၉၆၂.၅၅၃ | |||
| ၇ | မြေထောက်ပဲ | US$ | ၁၂.၅၃၇ | ၂၅.၄၉၅ | ၃၈.၀၃၂ | |
| ကီလို | ၁၆၁၆၈.၁၈၃ | ၃၇၆၉၅.၁၇၀ | ၅၃၈၆၃.၃၅၃ | |||
| ၈ | ထောပတ်ပဲ | US$ | ၁၀.၃၀၀ | ၁၅.၃၇၈ | ၂၅.၆၇၈ | |
| ကီလို | ၁၉၂၇၉.၈၈၈ | ၂၅၉၄၅.၆၇၀ | ၄၅၂၂၅.၅၅၈ | |||
| ၉ | ပဲယင်း | US$ | ၁၂.၃၈၁ | ၂၁.၀၃၇ | ၃၃.၄၁၈ | |
| ကီလို | ၁၉၁၄၂.၂၅၁ | ၄၂၇၅၀.၈၄၀ | ၆၁၈၉၃.၀၉၁ | |||
| ၁၀ | ပဲကြီး | US$ | ၀.၃၃၈ | ၁၁.၂၇၅ | ၁၁.၆၁၃ | |
| ကီလို | ၅၆၅.၅၅၈ | ၁၈၈၅၆.၆၅၀ | ၁၉၄၂၂.၂၀၈ | |||
| ၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၁.၁၄၇ | ၁.၁၄၇ | ||
| ကီလို | ၂၀၀၀.၇၁၅ | ၂၀၀၀.၇၁၅ | ||||
| ၁၂ | စွန်တာပြာ | US$ | ၀.၅၅၃ | ၀.၀၀၀ | ၀.၅၅၃ | |
| ကီလို | ၉၄၇.၁၃၀ | ၀.၀၀၀ | ၉၄၇.၁၃၀ | |||
| ၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၁၀.၁၄၆ | ၁၀.၁၄၆ | ||
| ကီလို | ၁၅၆၀၈.၂၈၅ | ၁၅၆၀၈.၂၈၅ | ||||
| ၁၄ | ပဲဖြူလေး | US$ | ၀.၀၂၇ | ၀.၀၀၀ | ၀.၀၂၇ | |
| ကီလို | ၄၈.၉၂၅ | ၀.၀၀၀ | ၄၈.၉၂၅ | |||
| ၁၅ | ဘိုကိတ်ပဲ | US$ | ၄.၀၉၅ | ၀.၁၇၈ | ၄.၂၇၃ | |
| ကီလို | ၄၈၈၁.၄၉၂ | ၂၈၈.၀၅၀ | ၅၁၆၉.၅၄၂ | |||
| ၁၆ | ပဲပုတ်စေ့ | US$ | ၂.၅၉၅ | ၁.၀၅၃ | ၃.၆၄၈ | |
| ကီလို | ၄၀၇၆.၈၃၅ | ၂၀၉၉.၃၂၃ | ၆၁၇၆.၁၅၈ | |||
| ၁၇ | ပဲနီကြား | US$ | ၄.၅၂၂ | ၄.၅၂၂ | ||
| ကီလို | ၉၉၆၆.၅၀၀ | ၉၉၆၆.၅၀၀ | ||||
| ၁၈ | နိုင်လွန်ပဲ | US$ | ၂.၄၂၂ | ၂.၄၂၂ | ||
| ကီလို | ၃၃၄၅.၈၂၅ | ၃၃၄၅.၈၂၅ | ||||
| ၁၉ | မြေပဲ(အခွံပါ) | US$ | ၇.၆၈၁ | ၇.၆၈၁ | ||
| ကီလို | ၁၀၁၀၇.၅၃၅ | ၁၀၁၀၇.၅၃၅ | ||||
| ၂၀ | မြေပဲဆံ | US$ | ၂.၅၈၅ | ၁၈၀.၄၉၈ | ၁၈၃.၀၈၃ | |
| ကီလို | ၂၅၂၈.၁၃၄ | ၁၄၈၁၄၁.၁၇၉ | ၁၅၀၆၆၉.၃၁၃ | |||
| ၂၁ | အခြားပဲ | US$ | ၀.၁၉၈ | ၀.၂၂၂ | ၀.၄၂၀ | |
| ကီလို | ၂၅၀.၂၅၄ | ၄၃၄.၇၁၆ | ၆၈၄.၉၇၀ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၉၆၆.၄၀၇ | ၆၀၄.၃၀၀ | ၁၅၇၀.၇၀၇ | ||
| ကီလို | ၁၂၄၂၇၇၅.၂၃၁ | ၇၈၆၉၂၀.၆၅၁ | ၂၀၂၉၆၉၅.၈၈၂ | |||
