မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အား စိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုး စိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့် တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%) ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုး ကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်း အဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၀၄၅၃၈၅)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၇၃.၀၂၈)သန်း၊ နယ်စပ်မှ (၅၆၀၉၇၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၂၂.၇၇၉)သန်း၊ စုစုပေါင်း (၁၆၀၆၃၆၂) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၉၅.၈၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၀ မှ ၁၇-၉-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၂၀၃၃၁၆.၀၃၁)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၉၃၃.၅၆၄)သန်း၊ နယ်စပ်မှ (၇၈၅၃၈၅.၄၄၀)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၆၀၃.၂၀၄)သန်း၊ စုစုပေါင်း (၁၉၈၈၇၀၁.၄၇၁) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၅၃၆.၇၆၈)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၁၇-၉-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
တွက် ပုံ |
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၁၇-၉-၂၀၂၁) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၄၉၇.၇၀၅ | ၉.၆၆၉ | ၅၀၇.၃၇၄ | |
ကီလို | ၆၄၄၃၄၆.၄၉၀ | ၁၀၉၆၈.၂၃၀ | ၆၅၅၃၁၄.၇၂၀ | |||
၂ | ပဲတီစိမ်း | US$ | ၂၂၈.၉၅၄ | ၂၉၀.၃၃၄ | ၅၁၉.၂၈၈ | |
ကီလို | ၂၅၁၅၁၄.၉၅၄ | ၄၁၄၃၀၇.၉၈၄ | ၆၆၅၈၂၂.၉၃၈ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၃.၅၂၇ | ၃.၅၂၇ | ||
ကီလို | ၂၆၅၀.၅၀၀ | ၂၆၅၀.၅၀၀ | ||||
၄ | ပဲစဉ်းငုံ | US$ | ၁၃၈.၂၆၉ | ၀.၆၅၄ | ၁၃၈.၉၂၃ | |
ကီလို | ၂၀၅၇၈၅.၃၈၁ | ၁၁၁၂.၇၅၀ | ၂၀၆၈၉၈.၁၃၁ | |||
၅ | ကုလားပဲ | US$ | ၁၄.၀၁၇ | ၁.၉၂၀ | ၁၅.၉၃၇ | |
ကီလို | ၂၃၉၉၁.၂၄၁ | ၃၁၆၉.၅၅၀ | ၂၇၁၆၀.၇၉၁ | |||
၆ | ပဲလွန်းဖြူ | US$ | ၁၀.၁၀၅ | ၁၇.၄၈၀ | ၂၇.၅၈၅ | |
ကီလို | ၁၀၈၉၁.၇၆၇ | ၃၈၂၈၆.၇၀၄ | ၄၉၁၇၈.၄၇၁ | |||
၇ | မြေထောက်ပဲ | US$ | ၁၂.၂၉၁ | ၂၅.၄၇၄ | ၃၇.၇၆၅ | |
ကီလို | ၁၅၆၇၅.၆၈၃ | ၃၇၆၆၁.၁၇၀ | ၅၃၃၃၆.၈၅၃ | |||
၈ | ထောပတ်ပဲ | US$ | ၁၀.၁၅၄ | ၁၅.၃၇၈ | ၂၅.၅၃၂ | |
ကီလို | ၁၉၀၀၂.၃၀၈ | ၂၅၉၄၅.၆၇၀ | ၄၄၉၄၇.၉၇၈ | |||
၉ | ပဲယင်း | US$ | ၁၁.၄၈၉ | ၂၁.၀၂၂ | ၃၂.၅၁၁ | |
ကီလို | ၁၇၈၀၆.၇၂၄ | ၄၂၇၁၆.၈၄၀ | ၆၀၅၂၃.၅၆၄ | |||
၁၀ | ပဲကြီး | US$ | ၀.၃၃၇ | ၁၁.၂၇၅ | ၁၁.၆၁၂ | |
ကီလို | ၅၆၄.၀၅၈ | ၁၈၈၅၆.၆၅၀ | ၁၉၄၂၀.၇၀၈ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၁.၀၂၁ | ၁.၀၂၁ | ||
ကီလို | ၁၇၉၃.၈၉၃ | ၁၇၉၃.၈၉၃ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၆၁၉ | ၀.၀၀၀ | ၀.၆၁၉ | |
ကီလို | ၁၀၆၈.၉၅၂ | ၀.၀၀၀ | ၁၀၆၈.၉၅၂ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၁၀.၁၄၆ | ၁၀.၁၄၆ | ||
ကီလို | ၁၅၆၀၈.၂၈၅ | ၁၅၆၀၈.၂၈၅ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၀၂၇ | ၀.၀၀၀ | ၀.၀၂၇ | |
ကီလို | ၄၈.၉၂၅ | ၀.၀၀၀ | ၄၈.၉၂၅ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၄.၀၀၆ | ၀.၁၇၈ | ၄.၁၈၄ | |
ကီလို | ၄၇၃၃.၂၉၂ | ၂၈၈.၀၅၀ | ၅၀၂၁.၃၄၂ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၂.၅၉၅ | ၁.၀၅၃ | ၃.၆၄၈ | |
ကီလို | ၄၀၇၆.၈၃၅ | ၂၀၉၉.၃၂၃ | ၆၁၇၆.၁၅၈ | |||
၁၇ | ပဲနီကြား | US$ | ၄.၅၂၂ | ၄.၅၂၂ | ||
ကီလို | ၉၉၆၆.၅၀၀ | ၉၉၆၆.၅၀၀ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၂.၄၂၂ | ၂.၄၂၂ | ||
ကီလို | ၃၃၄၅.၈၂၅ | ၃၃၄၅.၈၂၅ | ||||
၁၉ | မြေပဲ(အခွံပါ) | US$ | ၀.၀၂၁ | ၀.၀၂၁ | ||
ကီလို | ၃၂.၇၅၀ | ၃၂.၇၅၀ | ||||
၂၀ | မြေပဲဆံ | US$ | ၁.၇၇၇ | ၁၈၇.၉၀၇ | ၁၈၉.၆၈၄ | |
ကီလို | ၁၇၆၇.၁၃၄ | ၁၅၇၉၃၃.၉၄၃ | ၁၅၉၇၀၁.၀၇၇ | |||
၂၁ | အခြားပဲ | US$ | ၀.၁၉၈ | ၀.၂၂၂ | ၀.၄၂၀ | |
ကီလို | ၂၄၈.၃၉၄ | ၄၃၄.၇၁၆ | ၆၈၃.၁၁၀ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၉၃၃.၅၆၄ | ၆၀၃.၂၀၄ | ၁၅၃၆.၇၆၈ | ||
ကီလို | ၁၂၀၃၃၁၆.၀၃၁ | ၇၈၅၃၈၅.၄၄၀ | ၁၉၈၈၇၀၁.၄၇၁ |
Sources : Customs