မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အား စိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုး စိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့် တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%) ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုး ကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်း အဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၀၄၅၃၈၅)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၇၃.၀၂၈)သန်း၊ နယ်စပ်မှ (၅၆၀၉၇၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၂၂.၇၇၉)သန်း၊ စုစုပေါင်း (၁၆၀၆၃၆၂) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၉၅.၈၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၀ မှ ၂၃-၇-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၉၅၈၈၂၂.၆၇၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၄၃.၈၅၅)သန်း၊ နယ်စပ်မှ (၇၇၅၁၇၀.၅၈၄)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၉၅.၆၈၁)သန်း၊ စုစုပေါင်း (၁၇၃၃၉၉၃.၂၆၁) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၃၃၉.၅၃၆)သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၂၃-၇-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

 

          အမေရိကန်ဒေါ်လာသန်း
ကီလို-ထောင်ပေါင်း
စဉ် အကြောင်းအရာ တွက်
ပုံ
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်
(၂၃-၇-၂၀၂၁) ထိ
ပင်လယ်
ရေကြောင်း
နယ်စပ် ‌​​ပေါင်း
  မတ်ပဲ US$ ၃၈၂.၆၀၉ ၇.၉၂၉ ၃၉၀.၅၃၈
ကီလို ၄၉၉၇၅၆.၅၅၁ ၉၂၅၈.၃၂၀ ၅၀၉၀၁၄.၈၇၁
  ပဲတီစိမ်း US$ ၁၉၀.၇၈၈ ၂၈၇.၂၀၄ ၄၇၇.၉၉၂
ကီလို ၂၀၄၆၈၆.၂၇၄ ၄၀၈၇၉၂.၅၅၉ ၆၁၃၄၇၈.၈၃၃
  ပဲတီစိမ်းလုံးခြမ်း US$   ၃.၅၂၇ ၃.၅၂၇
ကီလို   ၂၆၅၀.၅၀၀ ၂၆၅၀.၅၀၀
  ပဲစဉ်းငုံ US$ ၁၁၁.၁၈၈ ၀.၆၅၄ ၁၁၁.၈၄၂
ကီလို ၁၆၆၈၇၉.၈၄၉ ၁၁၁၂.၇၅၀ ၁၆၇၉၉၂.၅၉၉
  ကုလားပဲ US$ ၁၂.၉၅၇ ၁.၉၂၀ ၁၄.၈၇၇
ကီလို ၂၂၀၂၀.၆၉၆ ၃၁၆၉.၅၅၀ ၂၅၁၉၀.၂၄၆
  ပဲလွန်းဖြူ US$ ၈.၅၈၁ ၁၇.၄၃၈ ၂၆.၀၁၉
ကီလို ၉၂၁၄.၉၆၀ ၃၈၁၉၀.၇၅၄ ၄၇၄၀၅.၇၁၄
  မြေထောက်ပဲ US$ ၁၁.၀၉၃ ၂၅.၄၇၄ ၃၆.၅၆၇
ကီလို ၁၃၉၅၅.၁၂၃ ၃၇၆၆၁.၁၇၀ ၅၁၆၁၆.၂၉၃
  ထောပတ်ပဲ US$ ၉.၀၅၀ ၁၅.၃၅၄ ၂၄.၄၀၄
ကီလို ၁၆၈၅၂.၅၅၃ ၂၅၉၀၂.၆၇၀ ၄၂၇၅၅.၂၂၃
   ပဲယင်း US$ ၉.၀၆၃ ၂၀.၈၅၀ ၂၉.၉၁၃
ကီလို ၁၃၈၁၄.၀၈၀ ၄၂၃၃၅.၃၄၀ ၅၆၁၄၉.၄၂၀
  ၁၀ ပဲကြီး US$ ၀.၁၇၈ ၁၁.၂၃၄ ၁၁.၄၁၂
ကီလို ၂၄၉.၉၁၅ ၁၈၇၈၁.၆၅၀ ၁၉၀၃၁.၅၆၅
  ၁၁ ပဲကတ္တီပါ(စွန်တာနီ) US$ ၀.၇၆၆   ၀.၇၆၆
ကီလို ၁၃၃၈.၈၉၃   ၁၃၃၈.၈၉၃
  ၁၂ စွန်တာပြာ US$ ၀.၅၂၆ ၀.၀၀၀ ၀.၅၂၆
ကီလို ၉၀၅.၁၃၀ ၀.၀၀၀ ၉၀၅.၁၃၀
  ၁၃ ပဲကတ္တီပါ(စွန်တာနီ/ပြာ) US$   ၁၀.၁၁၄ ၁၀.၁၁၄
ကီလို   ၁၅၅၅၈.၂၈၅ ၁၅၅၅၈.၂၈၅
  ၁၄ ပဲဖြူလေး US$ ၀.၀၂၇ ၀.၀၀၀ ၀.၀၂၇
ကီလို ၄၈.၉၂၅ ၀.၀၀၀ ၄၈.၉၂၅
  ၁၅ ဘိုကိတ်ပဲ US$ ၃.၇၃၈ ၀.၁၇၈ ၃.၉၁၆
ကီလို ၄၄၃၅.၈၇၄ ၂၈၈.၀၅၀ ၄၇၂၃.၉၂၄
  ၁၆ ပဲပုတ်စေ့ US$ ၂.၂၈၈ ၁.၀၅၃ ၃.၃၄၁
ကီလို ၃၆၁၆.၂၉၀ ၂၀၉၉.၃၂၃ ၅၇၁၅.၆၁၃
  ၁၇ ပဲနီကြား US$   ၄.၄၉၄ ၄.၄၉၄
ကီလို   ၉၈၉၈.၀၀၀ ၉၈၉၈.၀၀၀
  ၁၈ နိုင်လွန်ပဲ US$   ၂.၃၉၄ ၂.၃၉၄
ကီလို   ၃၃၁၂.၅၇၅ ၃၃၁၂.၅၇၅
  ၁၉ မြေပဲ(အခွံပါ) US$   ၇.၅၈၂ ၇.၅၈၂
ကီလို   ၉၉၅၆.၁၆၅ ၉၉၅၆.၁၆၅
  ၂၀ မြေပဲဆံ US$ ၀.၇၃၇ ၁၇၈.၀၆၀ ၁၇၈.၇၉၇
ကီလို ၇၃၉.၁၃၄ ၁၄၅၇၆၉.၁၇၃ ၁၄၆၅၀၈.၃၀၇
  ၂၁ အခြားပဲ US$ ၀.၂၆၆ ၀.၂၂၂ ၀.၄၈၈
ကီလို ၃၀၈.၄၃၀ ၄၃၃.၇၅၀ ၇၄၂.၁၈၀
    ပဲတင်ပို့မှုစုစုပေါင်း US$ ၇၄၃.၈၅၅ ၅၉၅.၆၈၁ ၁၃၃၉.၅၃၆
ကီလို ၉၅၈၈၂၂.၆၇၇ ၇၇၅၁၇၀.၅၈၄ ၁၇၃၃၉၉၃.၂၆၁

Sources : Customs