ြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အား စိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုး စိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့် တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%) ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုး ကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်း အဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၀၄၅၃၈၅)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၇၃.၀၂၈)သန်း၊ နယ်စပ်မှ (၅၆၀၉၇၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၂၂.၇၇၉)သန်း၊ စုစုပေါင်း (၁၆၀၆၃၆၂) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၉၅.၈၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၀ မှ ၂-၇-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၈၆၃၄၃၀.၉၃၃)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၆၇၅.၈၂၂)သန်း၊ နယ်စပ်မှ (၇၆၁၈၇၄.၈၆၄)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၈၇.၂၀၀)သန်း၊ စုစုပေါင်း (၁၆၂၅၃၀၅.၇၉၇) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၂၆၃.၀၂၂)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၂-၇-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
တွက် ပုံ |
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၂-၇-၂၀၂၁) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၃၅၀.၂၆၇ | ၇.၃၉၀ | ၃၅၇.၆၅၇ | |
| ကီလို | ၄၅၄၂၅၈.၃၄၆ | ၈၆၅၀.၆၂၀ | ၄၆၂၉၀၈.၉၆၆ | |||
| ၂ | ပဲတီစိမ်း | US$ | ၁၇၃.၆၄၀ | ၂၈၁.၂၈၉ | ၄၅၄.၉၂၉ | |
| ကီလို | ၁၈၃၁၈၄.၁၉၅ | ၃၉၉၁၉၁.၇၂၉ | ၅၈၂၃၇၅.၉၂၄ | |||
| ၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၃.၄၉၃ | ၃.၄၉၃ | ||
| ကီလို | ၂၆၁၅.၀၀၀ | ၂၆၁၅.၀၀၀ | ||||
| ၄ | ပဲစဉ်းငုံ | US$ | ၉၇.၉၇၇ | ၀.၆၅၄ | ၉၈.၆၃၁ | |
| ကီလို | ၁၄၆၃၂၁.၁၀၉ | ၁၁၁၂.၇၅၀ | ၁၄၇၄၃၃.၈၅၉ | |||
| ၅ | ကုလားပဲ | US$ | ၁၂.၃၂၈ | ၁.၉၀၇ | ၁၄.၂၃၅ | |
| ကီလို | ၂၁၀၃၃.၀၅၆ | ၃၁၅၂.၅၅၀ | ၂၄၁၈၅.၆၀၆ | |||
| ၆ | ပဲလွန်းဖြူ | US$ | ၇.၆၃၂ | ၁၇.၃၁၈ | ၂၄.၉၅၀ | |
| ကီလို | ၈၁၀၉.၃၆၂ | ၃၇၈၉၇.၇၀၄ | ၄၆၀၀၇.၀၆၆ | |||
| ၇ | မြေထောက်ပဲ | US$ | ၉.၈၁၂ | ၂၅.၄၂၇ | ၃၅.၂၃၉ | |
| ကီလို | ၁၂၃၃၂.၁၈၁ | ၃၇၅၈၆.၁၇၀ | ၄၉၉၁၈.၃၅၁ | |||
| ၈ | ထောပတ်ပဲ | US$ | ၇.၈၀၃ | ၁၅.၂၁၉ | ၂၃.၀၂၂ | |
| ကီလို | ၁၄၄၇၅.၉၉၃ | ၂၅၆၅၈.၆၇၀ | ၄၀၁၃၄.၆၆၃ | |||
| ၉ | ပဲယင်း | US$ | ၈.၂၉၉ | ၂၀.၄၉၅ | ၂၈.၇၉၄ | |
| ကီလို | ၁၂၇၉၁.၅၉၀ | ၄၁၅၄၄.၄၄၀ | ၅၄၃၃၆.၀၃၀ | |||
| ၁၀ | ပဲကြီး | US$ | ၀.၁၆၈ | ၁၁.၁၂၄ | ၁၁.၂၉၂ | |
| ကီလို | ၂၄၁.၇၁၅ | ၁၈၅၈၄.၁၅၀ | ၁၈၈၂၅.၈၆၅ | |||
| ၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၇၄၅ | ၀.၇၄၅ | ||
| ကီလို | ၁၂၈၉.၁၅၃ | ၁၂၈၉.၁၅၃ | ||||
| ၁၂ | စွန်တာပြာ | US$ | ၀.၃၈၇ | ၀.၀၀၀ | ၀.၃၈၇ | |
| ကီလို | ၆၈၇.၃၉၀ | ၀.၀၀၀ | ၆၈၇.၃၉၀ | |||
| ၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၉.၉၄၉ | ၉.၉၄၉ | ||
| ကီလို | ၁၅၃၀၆.၇၈၅ | ၁၅၃၀၆.၇၈၅ | ||||
| ၁၄ | ပဲဖြူလေး | US$ | ၀.၀၂၇ | ၀.၀၀၀ | ၀.၀၂၇ | |
| ကီလို | ၄၈.၉၂၅ | ၀.၀၀၀ | ၄၈.၉၂၅ | |||
| ၁၅ | ဘိုကိတ်ပဲ | US$ | ၃.၆၅၂ | ၀.၁၇၈ | ၃.၈၃၀ | |
| ကီလို | ၄၂၉၃.၈၄၄ | ၂၈၈.၀၅၀ | ၄၅၈၁.၈၉၄ | |||
| ၁၆ | ပဲပုတ်စေ့ | US$ | ၂.၁၁၈ | ၁.၀၅၃ | ၃.၁၇၁ | |
| ကီလို | ၃၃၆၂.၅၄၀ | ၂၀၉၉.၃၂၃ | ၅၄၆၁.၈၆၃ | |||
| ၁၇ | ပဲနီကြား | US$ | ၄.၄၅၁ | ၄.၄၅၁ | ||
| ကီလို | ၉၇၈၈.၅၀၀ | ၉၇၈၈.၅၀၀ | ||||
| ၁၈ | နိုင်လွန်ပဲ | US$ | ၂.၃၈၀ | ၂.၃၈၀ | ||
| ကီလို | ၃၂၉၇.၅၇၅ | ၃၂၉၇.၅၇၅ | ||||
| ၁၉ | မြေပဲ(အခွံပါ) | US$ | ၇.၅၆၂ | ၇.၅၆၂ | ||
| ကီလို | ၉၉၂၈.၃၆၅ | ၉၉၂၈.၃၆၅ | ||||
| ၂၀ | မြေပဲဆံ | US$ | ၀.၇၁၄ | ၁၇၇.၀၈၉ | ၁၇၇.၈၀၃ | |
| ကီလို | ၇၁၃.၈၀၄ | ၁၄၄၇၃၈.၇၃၃ | ၁၄၅၄၅၂.၅၃၇ | |||
| ၂၁ | အခြားပဲ | US$ | ၀.၂၅၃ | ၀.၂၂၂ | ၀.၄၇၅ | |
| ကီလို | ၂၈၇.၇၃၀ | ၄၃၃.၇၅၀ | ၇၂၁.၄၈၀ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၆၇၅.၈၂၂ | ၅၈၇.၂၀၀ | ၁၂၆၃.၀၂၂ | ||
| ကီလို | ၈၆၃၄၃၀.၉၃၃ | ၇၆၁၈၇၄.၈၆၄ | ၁၆၂၅၃၀၅.၇၉၇ | |||
Sources : Customs
