ပြည်ပမှတင်သွင်းလာမည့် သုံးဘီးဆိုင်ကယ်များ၊ ပြည်တွင်းတွင် SKD/ CKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်မည့် သုံးဘီးဆိုင်ကယ်များကို ၂၆-၈-၂၀၁၉ ရက်နေ့မှ စ၍ သွင်းကုန်လိုင်စင် လျှောက်ထားရာတွင် Safety ပိုင်း ဆိုင်ရာနှင့် ပတ်သက်၍ အသိပေးကြေငြာခြင်း
ပြည်ပမှတင်သွင်းလာမည့် သုံးဘီးဆိုင်ကယ်များ၊ ပြည်တွင်းတွင် SKD/ CKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်မည့် သုံးဘီးဆိုင်ကယ်များကို ၂၆-၈-၂၀၁၉ ရက်နေ့မှ စ၍ သွင်းကုန်လိုင်စင် လျှောက်ထားရာတွင် Safety ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ အောက်ပါ သတ်မှတ်ချက် အတွင်း လျှောက်ထား ဆောင်ရွက် ရမည် ဖြစ်ပါသည်-
စက်စွမ်းအား(Max)
- Engine Power (Max) - 450 cc
- Diesel Engine ဖြစ်ပါက (1 Cylinder)
အတိုင်းအတာ
- ယာဉ်အလျား (Max) - 4250 mm (13.9ft)
- ယာဉ်အနံ (Max) - 1500 mm (4.9ft)
- အမြင့်(Max) - 2000 mm (6.5ft)
တင်အား (Max)
- သုံးဘီးမော်တော်ဆိုင်ကယ် - 500 kg
- လူစီးသုံးဘီးမော်တော်ယာဉ် - 5 P (ယာဉ်မောင်းသူအပါအဝင်)
ဝင်ရိုးအရေအတွက်(Max) - (2) Axle
Axle Capacity (Max) - 1000 kg
Tyre Size (Max) - 5.00 -12
- အထက်ဖော်ပြပါ ကန့်သတ်ချက်များမှာ အများဆုံးခွင့်ပြုမည့် ကန့်သတ်ချက်များဖြစ်ပြီး ထုတ်လုပ်ပြီး ယာဉ်တစ်စီးချင်းစီအတွက် မူလထုတ်လုပ်သူမှ သတ်မှတ်ထားသည့် စက်ရုံ ထုတ် Specification ပါ သတ်မှတ်ချက်များအတိုင်း တိကျမှန်ကန် ကိုက်ညီမှုရှိရမည်။
- မူလစက်ရုံထုတ် ယာဉ်ကို ပြုပြင် ပြင်ဆင် ပြောင်းလဲထားခြင်းများ ခွင့်မပြု။
- Specification များကို စိစစ်ရာတွင် ယာဉ်သည် ခွင့်ပြုချက်နှင့်အညီ ထုတ်လုပ်ထားသော မူလစက်ရုံထုတ်ယာဉ်ဖြစ်ကြောင်း သေချာစေရန် လိုအပ်ပါက Catalogue မူရင်းများ၊ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်း (Government Body) မှ ထုတ်ပေး ထားသော Type Approval Certificate များပူးတွဲတင်ပြနိုင်ရမည်။
မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်ရေးကော်မတီ
( ၁၉.၈.၂၀၁၉)