ဆေးလိပ်ဖြတ်ရင် ကိုယ်အလေးချိန်တက်ပေမယ့် နှလုံးရောဂါဖြစ်ပွားမှုအန္တရာယ် လျော့ကျနိုင်
အဂ်ါနေ့ ၁၉ မတ်လ ၂၀၁၃ 12 း 31 PM
ဆေးလိပ်ဖြတ်ရင် ခန္ဓာကိုယ် အလေးချိန် တက်မှာကို ကြောက်ပြီး ဆေးလိပ်ဖြတ်ဖို့ ဝန်လေး တတ်ကြတယ်လို့ သုတေသီ များက ဆိုပါတယ်။ ဆေးလိပ် ဖြတ်လိုက်ပါက သိသိသာသာ ကိုယ်အလေးချိန် တက်ပေမယ့် ပုံမှန်အားဖြင့်တော့ နှလုံးရောဂါ ဖြစ်ပွားနိုင်မှု အန္တရာယ်ကို လျော့ကျစေနိုင်ကြောင်း အမေရိကန် နိုင်ငံမှာ သုတေသီများ ပြောကြားခဲ့ပါတယ်။ ဆေးလိပ်ဖြတ်ခြင်းဟာ နှလုံးရောဂါ ဖြစ်နိုင်ချေ အတွက်တော့ အကိုျးရှိစေ ပေမယ့် ခန္ဓာကိုယ် အလေးချိန် တက်မှာစိုးလို့ အခို့ျ ဆေးလိပ်သောက်သူ တွေက ဆေးလိပ် ဖြတ်ရန် ဝန်လေး နေကြတယ်လို့ အမေရိကန် ဆေးပညာ ဂျာနယ်မှာ သုတေသီများက ရေးသား ဖော်ပြခဲ့ ပါတယ်။ ဆေးလိပ်ဖြတ်ရင် ဆီးခိုျ ရောဂါမရှိသူတွေမှာ ပိုပြီး ကျန်းမာရေး ကောင်းနိုင်စေရုံမက ဆီးခိုျ ရောဂါ ရှိသူများ မှာလည်း အကိုျးရှိစေနိုင်တာ တွေ့ရပါတယ်။
.........ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကိုနှိပ်ပါ
ဆေးလိပ်ဖြတ်လို စိတ်ရှိပြီး ခန္ဓာကိုယ် အလေးချိန်တက်မှာ စိုးရိမ်ပါက စီးကရက် သောက်ချင်စိတ် သက်သာအောင် အစားစားမယ့် အစား ရှူဆေး၊ ပီကေ၊ ငုံဆေး စတဲ့ နည်းတွေကို အစားထိုး အသုံးပြုနိုင်ပါတယ်။ အဝလွန်ခြင်းဟာ နှလုံးရောဂါ ဖြစ်စေနိုင်တဲ့ အချက် တစ်ချက် ဖြစ်ကြောင်း လေ့လာ တွေ့ရှိချက်ကြောင့် ဆေးလိပ် ဖြတ်ရင်ဝလာမယ် အဲဒီလိုဝလာလို့ ဆေးလိပ်ဖြတ်ရင်ရမဲ့ကောင်းကိုျးတွေကို ချေဖျက် လိုက်မလား ဆိုတဲ့ အချက်ပေါ် မူတည်ပြီး လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ၁၉၈၁ မှ ၂ဝ၁၁ ခုနှစ်အတွင်း ဆေးလိပ်သောက်တဲ့ အလေ့အကျင့်နဲ့ နှလုံး ကျန်းမာရေး အခြေအနေကို JAMS လူ ၃ဝဝဝ ကျော်အား လေ့လာ ကြည့်ခဲ့ပါတယ်။ လေ့လာ တွေ့ရှိချက် အရ ၄ နှစ် ကျော်အထိ ဆေးလိပ် ဖြတ်ထားသူဟာ နှလုံးနဲ့ သွေးလွှတ်ကြော ဆိုင်ရာရောဂါ ဖြစ်ပွားနှုန်း ၅၄ ရာခိုင်နှုန်း လျော့ကျ စေနိုင်ကြောင်းနဲ့ လတ်တလော ၄ နှစ် အထိ ဆေးလိပ်ဖြတ် ထားသူမှာတော့ ၅၃ ရာခိုင်နှုန်းထက် လျော့နိုင်တယ်လို့ ဆိုပါတယ်။ လတ်တလော ဆေးလိပ်ဖြတ် ထားသူတွေမှာ ၄ နှစ်ကျော်အထိ ခန္ဓာကိုယ် အလေးချိန် ၅ ပေါင်မှ ၁ဝ ပေါင်အထိ သိသိသာသာ တက်လာတာ တွေ့ရပြီး ကြာလာရင်တော့ ၁ ပေါင်မှ ၂ ပေါင်အထိဘဲ တက်တော့ကြောင်း သိရပါတယ်။ ဟားဘတ် ဆေးတက္ကသိုလ်မှ Dr.James Megic က ဆေးလိပ်ဖြတ်ရင် ဆီးခိုျ ရောဂါ ရှိသူရော၊ မရှိသူများပါ ခန္ဓာ ကိုယ်အလေးချိန် အတော်အတန် တက်ပေမယ့် နှလုံးရောဂါ ဖြစ်နိုင်မှု အနေနဲ့ ပတ်သက်ပြီးတော့ ပိုအကိုျးရှိ စေနိုင်ကြောင်း သေချာပြောနိုင်ပြီ လို့ဆိုပါတယ်။ အမေရိကန် နိုင်ငံ၊ နှလုံးရောဂါဌာနမှ အကြီးတန်း နှလုံး ရောဂါကု သူနာပြုဆရာမ Doireamm Maddock ကလည်း ခန္ဓာကိုယ် အလေးချိန် တက်လို့ဆိုပြီး ဆေးလိပ် ဖြတ်ခြင်းကို လက်မလျော့သင့်ဘူးလို့ပြောပါတယ်။
Souece: The Health News ခင်ကလျာဦး