အတ္တသမားလား ပရသမားလား
ကျွန်တော် တင်ပြခဲ့တဲ့ အစား အသောက်ကို အန္တရာယ် ဖြစ်စေတဲ့ အကြောင်း ကိစ္စတွေဟာ လူရဲ့ လုပ်ဆောင် ချက်ကြောင့် ဖြစ်လာ ရတာ အများစု ဖြစ်ပါတယ်။ အဲဒီ လူတွေ ကတော့ စိုက်ပျိုး ထုတ်လုပ်သူများ၊ ကိုင်တွယ် သူများနဲ့ ပြန်လည် ရောင်းချသူများ၊ သိုလှောင် ဖြန့်ရောင်းချ သူများ၊ စီမံ ခန့်ခွဲ သူများနဲ့ စားသုံးသူ များပဲ ဖြစ်ကြ ပါတယ်။ ဒီပုဂ္ဂိုလ် များဟာ အစား အသောက်များ အန္တရာယ် ရှိအောင်လည်း လုပ်နိုင်ကြ သူများ ဖြစ်ကြ သလို အန္တရာယ် ကင်းအောင်လည်း စွမ်းဆောင် နိုင်ကြ သူများပဲ ဖြစ်ကြပါတယ်။
အဓိက အတ္တနဲ့ ပရ အပေါ်မှာသာ မူတည် ပြီးတော့ လုပ်တာ ကိုင်တာ ကွဲပြား သွားခဲ့ပါတယ်။ အတ္တဆန် တဲ့လူတွေက ဘယ်သူ သေသေ ငတေ မာရင် ပြီးရော သဘောနဲ့ ထုတ်လုပ်ကြ၊ လုပ်ကိုင် ကြတော့ သေသူသေ၊ နာသူနာ ဖြစ်ကြ ရတယ်။
''ပရ'' သမား ကတော့ သူကြီးပွား ချမ်းသာ ဖို့ထက် လူအများ ဘေးကင်းစွာ စားသောက်နိုင်ဖို့ ဦးစားပေး တတ်တယ်။ နောက်ဆုံးတော့ ''ပရ'' လက်ကိုင် ထားသူ ကသာ ဘဝ အောင်မြင် သူများ အဖြစ် ပတ်ဝန်းကျင်မှာ မြင်တွေ့ နေရ စမြဲပဲ ဖြစ်တယ်။