နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သည့် Video Conferencing ဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသတင်း

             နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဆောင်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၃ ဇွန် ၀၃ ရက်နေ့ နံနက် ၀၉၀၀ ချိန်တွင် Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စခန်း တာဝန်ခံများနှင့် ပို့ကုန်သွင်းကုန်ရုံး (မန္တလေးနှင့် မြစ်ကြီးနား) တို့မှ တာဝန်ခံများ တက်ရောက်ခဲ့ပါ သည်။

       အစည်းအဝေးတွင် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေ၌ ပြဋ္ဌာန်းထားသည့် ပြည်ပပို့ကုန် တင်ပို့မှု အမေရိကန်ဒေါ်လာ ၁၆၅၀၀ သန်းအပေါ် ပြည့်မီဆောင်ရွက်နိုင်ရန် ပို့ကုန် ကဏ္ဍအလိုက် တိုးတက်တင်ပို့နိုင်ရေး၊ တရားမဝင်တင်ပို့မှုမရှိစေရေး၊ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး အတွက် ဆောင်ရွက်မည့် အစီအမံများအား နယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံများနှင့် အသေးစိတ် ဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များအား မှာကြားဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။