စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအစည်းအဝေး(၁/၂၀၂၁) သို့ တက်ရောက်အမှာစကားပြောကြား

Tue, 06/22/2021 - 04:21 -- mocadmin

နေပြည်တော်၊ ဇွန် ၂၁       ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်သည့် ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၁)သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာ စကားပြောကြားခဲ့သည်။

              ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေး ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီရုံးမှ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး ဗဟိုကော်မတီနှင့်အတူ လုပ်ငန်းကော်မတီ (၄) ရပ်ကိုလည်း ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနှင့် ပြည်သူကိုရှေ့ရှုပြီး ပြည်သူ့လိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုကို အထူးအလေးထား ဦးစားပေးဆောင်ရွက် လျက်ရှိပါကြောင်း၊ မိမိတို့လုပ်ငန်းကော်မတီသည် ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင် စီနှင့် ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ဝန်ကြီးဌာနအလိုက် အမြန်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်းနှင့် ပြည်သူများသိရှိနိုင်ရေး ပွင့်လင်းမြင်သာစွာချပြပေးရန်နှင့် အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန်ပေးရန်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များ ဖြစ်သည့် မုန်တိုင်းနှင့်ရေကြီးမှုများ၊ မြေပြိုမှုများ ကျရောက်လွယ်သော ပြည်နယ်ဖြစ်သည့်အတွက် ယခုကဲ့သို့ ဖွံ့ဖြိုးရေးစီမံကိန်းများဆောင်ရွက်ရာတွင် သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိသော အ‌ခြေခံအဆောက်အဦ များတည်ဆောက်ရန်လိုအပ်သလို ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံအဆောက်အဦများဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍနှင့် ဆက်သွယ်ရေးကဏ္ဍများလည်း ထိထိရောက် ရောက် ဆောင်ရွက်ပေးကြရန်၊ ဒေသခံပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေးမြင့်မားရေး အတွက် လည်း အ‌ခြေခံမှစ၍ ရည်မှန်းချက်ထား ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက် ရေးနှင့် ဝင်ငွေတိုးပွားလာစေရေးအတွက် အရည်အသွေးမြင့်မားပြီး သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေဖြစ်စေမည့်  ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် ကုန်ထုတ်လုပ်ရေးနှင့် တင်ပို့ရေး ကိုဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများက နည်းလမ်းများဖော်ထုတ်ပြီး ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဒေသတွင်းလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး၊ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတို့နှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်၊ ဒုတိယဝန် ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တက်ရောက်လာကြသူများမှ ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက် များအပါ် ပြည်ထောင်စုဝန်ကြီးမှ ညှိနှိုင်းဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages