(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားတွင် ဝန်ကြီးဌာနကိုယ်စားပြု ပါဝင်ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်

Fri, 01/20/2023 - 03:32 -- mocadmin

   ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့၊ (၁၈:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ၊ Western Park Royal Restaurant ၌ ကျင်းပ ပြုလုပ်ခဲ့သည့် (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင်  ပါဝင်ဆောင်ရွက်ခဲ့ကြသည့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအား ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အားပေးအမှာစကားပြောကြားခဲ့သည်။

   အဆိုပါ ဂုဏ်ပြုညစာစားပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်အမှာ စကားပြောကြားရာ၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာနကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ထိုင်ကြည့်တပ်ခွဲ၊ဂုဏ်ပြုယာဉ် (၁) စီးနှင့် ပြခန်း (၁) ခန်းတို့ ပါဝင်ပြသခဲ့ပြီး တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုသော အနေဖြင့် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားသည် ကြုံတောင့်ကြုံခဲ နေ့ထူးနေ့မြတ် ဖြစ်သည့်အပြင် သမိုင်းတွင်ကျန်ရစ်မည့် နိုင်ငံတော်အဆင့် အခမ်းအနားကြီးဖြစ်သည့်အတွက်  အဆိုပါအခမ်းအနားတွင် ကျရာနေရာ ကဏ္ဍအလိုက် ပါဝင်ဆင်နွှဲခွင့်ရရှိခဲ့ကြသည့် ဝန်ထမ်းများ အနေဖြင့်လည်း ဂုဏ်ယူရမည့် အခမ်းအနားတစ်ခုဖြစ်ပါကြောင်းနှင့်  ဝန်ထမ်းများအနေဖြင့်  စိန်ရတုလွတ်လပ်ရေးနေ့တွင် စိတ်ဓာတ်တက်ကြွစွာ ပါဝင်ခဲ့ကြခြင်းကို ဂုဏ်ယူပါကြောင်း ပြောကြားခဲ့သည်။

   အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပါဝင်ခဲ့သော အရာထမ်း၊ အမှုထမ်းများ ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages