မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၁/၂၀၂၃) ပုံမှန်အစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြား

Mon, 02/20/2023 - 11:13 -- mocadmin

  မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်(၁/၂၀၂၃) ပုံမှန်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်၊ နံနက် (၁၀:၀၀) နာရီချိန်တွင် စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ-၁၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

  အစည်းအဝေးတွင် ကော်မရှင်သို့ တိုင်ကြားမှုများအပေါ် ဆုံးဖြတ်ချက်ချမှတ်ခြင်းကိစ္စများ၊ ယှဉ်ပြိုင်မှုဥပဒေနှင့်စပ်လျဉ်းသည့် လုပ်ထုံးလုပ်နည်းများအပေါ် အများပြည်သူက လွယ်ကူစွာသိရှိ နားလည်စေရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ယှဉ်ပြိုင်မှုဥပဒေနှင့် နည်းဥပဒေများအား ပြန်လည်သုံးသပ်ခြင်းနှင့် ၂၀၂၃ ခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

  အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages