နယ်စပ်ကုန်သွယ်ရေးမှ ပို့ကုန်တင်ပို့မှုများလွယ်ကူချောမွေ့စေရေး Vehicle Monitoring System အသုံးပြုစစ်ဆေးနေမှုများအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးစစ်ဆေး

Sat, 02/18/2023 - 14:14 -- mocadmin

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုလုပ်ငန်းများ တရားဝင်မှန်ကန်စွာ ဆောင်ရွက်လာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပို့ကုန်တင်ပို့သည့် ယာဉ်များက ကုန်ပစ္စည်းများသယ်ဆောင်တင်ပို့ရာတွင် စနစ်တကျရှိစေရေးအတွက် လည်းကောင်း၊ ကုန်ပစ္စည်းစစ်ဆေးခြင်းလုပ်ငန်းများ လွယ်ကူချောမွေ့စွာဆောင်ရွက်နိုင်ရေးအတွက် လည်းကောင်း၊ ကုန်ပစ္စည်းသယ်ဆောင်ခွင့်လက်မှတ်များအား Vehicle Monitoring System ဖြင့် Online မှ စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။ အဆိုပါအစီအစဉ်အရ ပို့ကုန်ယာဉ်များက QR Code ကို အသုံးပြု၍ ကုန်ပစ္စည်းသယ်ဆောင်တင်ပို့နေခြင်းကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများ နှင့်အတူ မန္တလေး (၁၆) မိုင် ကျောက်ချောစစ်ဆေးရေးစခန်းသို့ ၂၀၂၃ ခုနှစ်၊ ဖေဖော် ဝါရီလ ၁၈ ရက်နေ့တွင် လာရောက်စစ်ဆေးခဲ့သည်။

ဤသို့ စစ်ဆေးကြည့်ရှုစဉ် ပို့ကုန်ပစ္စည်းများအား နယ်စပ်မှတင်ပို့ရာတွင် ကုန်ပစ္စည်းသယ် ဆောင်သည့် ယာဉ်များအတွက် QR Code ပါဝင်သည့် ပစ္စည်းသယ်ဆောင်ခွင့်လက်မှတ်ကို Online မှ လျှောက်ထားခွင့်ပြုနေသည့် အစီအစဉ်များ၊ စစ်ဆေးဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခြေအနေ များကိုလည်းကောင်း၊ အဆိုပါအစီအစဉ်နှင့်စပ်လျဉ်းသည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ထုတ်ပြန်ချက် များကိုလည်းကောင်း သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြ ချက်များနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပို့ကုန်လုပ်ငန်းရှင်များ၊ ယာဉ်မောင်းများနှင့်တွေ့ဆုံကာ အခက်အခဲများအား မေးမြန်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

Pages