ကုန်သွယ်မှုမြှင့်တင်ရန်ရည်ရွယ်၍ ယူအေအီးနှင့် မောရစ်သျှနိုင်ငံတို့က ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့

Thu, 08/08/2024 - 04:04 -- wtodep

အာရပ်စော်ဘွားများပြည်ထောင်စုနှင့် မောရစ်သျှနိုင်ငံတို့သည် နှစ်နိုင်ငံကုန်သွယ်မှု အထူးသဖြင့် ဘဏ္ဍာရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဝန်ဆောင်မှုကဏ္ဍများကို တိုးမြှင့်ရန်ရည်ရွယ်သည့် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း Bloomberg သတင်းဌာနက ဖော်ပြထားပါသည်။

ယင်းသဘောတူညီချက်သည် နှစ်နိုင်ငံအကြား ပထမဆုံးရေးထိုးခဲ့သော သဘောတူညီချက်ဖြစ်ပြီး ရေနံမဟုတ်သောနှစ်နိုင်ငံကုန်သွယ်မှုကို ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၇၀ သန်းမှ (၅) နှစ်အတွင်း အမေရိကန်ဒေါ်လာ ၅၀၀ သန်းထိ တိုးမြှင့်သွားရန် ရည်ရွယ်ထားကြောင်း၊ ထို့ပြင် သဘောတူညီချက်တွင် ရေနံဓါတုပစ္စည်းများ၊ အကြီးစားအင်ဂျင်နီယာလုပ်ငန်းများ၊ အဖိုးတန်သတ္တုတွင်းလုပ်ငန်းများနှင့် စားသောက်ကုန်ပစ္စည်းများ စသည့်ကုန်သွယ်မှုများလည်း ပါဝင်မည်ဖြစ်ပြီး နှစ်နိုင်ငံ၏ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုကို ဆယ်စုနှစ်ကုန်တွင် ၁ ရာခိုင်နှုန်းခန့် တိုးလာရန် ရည်ရွယ်ထားကြောင်း ယူအေအီးနိုင်ငံ၊ နိုင်ငံရပ်ခြားကုန်သွယ်ရေးဝန်ကြီး Dr. Thani bin Ahmed Al Zeyoudi ၏ ပြောကြားချက်အရ သိရှိရပါသည်။

ဆက်လက်၍မောရစ်သျှနှင့် အဓိကဆောင်ရွက်ရမည့် ဝန်ဆောင်မှုကိစ္စရပ်များအတွက်အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ထိုသဘောတူညီချက်သည်အာဖရိကနှင့်အရှေ့အာဖရိကဒေသရှိ အခြားနိုင်ငံများအတွက် ပိုမိုခိုင်မာကောင်းမွန်သော ကုန်သွယ်မှုအခွင့်အလမ်းများကို လမ်းဖွင့်ပေးနိုင်ကြောင်း ၎င်းက ပြောကြားထားပါသည်။

Source:https://www.bloomberg.com/news/articles/2024-07-22/uae-signs-economic-pact-with-mauritius-aimed-at-boosting-trade

 

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages