ယခုတစ်ပတ် ပြည်ဈေးကွက်မှာ ထောပတ်ပဲအဝင်လုံးဝမရှိတော့ဘဲ လက်ကျန်ပဲများနဲ့ အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ ထောပတ်ပဲဈေးမှာ တစ်တင်း ၁၇၃၀၀ ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးငြိမ်နေခဲ့ပြီး၊ ဒေသတွင်း လက်လီသမားများဖြင့် အိတ် ၂၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။