၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ ၀၉း၃၀ နာရီအချိန်တွင် ကုန်သွယ်ရေးနှင့်စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေးအထူးလုပ်ငန်းအဖွဲ့ဥက္ကဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်သည် World Bank Group (Doing Business Unit) မှ ကျွမ်းကျင်သူများနှင့် Doing Business Indicator အထောက်အကူပြု အဖွဲ့ ခေါင်းဆောင်များတွေ့ဆုံညှိနှိုင်းသည့်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြော ကြားပြီး World Bank Group မှ Senior Economist ဖြစ်သူ Mr. Sjamsu Rahardja ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဧည့်ခန်းမ ၁ ၌ သီးခြားလက်ခံတွေ့ဆုံ

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ ၁၃း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် သည် မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MIFFA) မှ ဥက္ကဌ ဦးအောင်ခင်မြင့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဧည့်ခန်းမ ၁ ၌ လက်ခံတွေ့ဆုံ

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့ ၁၆း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ရန်ကုန်မြို့ရှိ ဥရောပသမဂ္ဂအဖွဲ့ရုံးမှ သံအမတ်ကြီး H.E Mr. Kristian Schmidt ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဧည့်ခန်းမ ၁ ၌ လက်ခံတွေ့ဆုံ

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၀၉း၃၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ “ဒွါဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား” ကို ဝန်ကြီးဌာန ညီလာခံခန်းမတွင် ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးအောင်ထူး တက် ရောက်ချီးမြှင့်

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ ၁ရး၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် European Chamber of Commerce, Myanmar မှ Acting Executive Director, Mr. Marc de la Fouchardiere ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဧည့်ခန်းမ ၁ ၌ လက်ခံတွေ့ဆုံ

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ ၁၅း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်သည် ဂျပန်နိုင်ငံ၊ အထပ်လွှတ်တော် အမတ်ဟောင်းနှင့် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဌ Mr. Hideo WATANABE ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဧည့်ခန်းမ ၁ ၌ လက်ခံတွေ့ဆုံ

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ ၁၄း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်သည် Commercial Section (KOTRA) မှ Commercial Attache ဖြစ်သူ Mr. Hee Sang Lee ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဧည့်ခန်းမ ၁ ၌ လက်ခံတွေ့ဆုံ

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်သည် ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် “မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ (၂/၂၀၁၇) လုပ်ငန်းညှိနှိုင်း အစည်းအဝေး” သို့ တက်ရောက်အမှာစကားပြောကြား

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပပြုလုပ်သည့် “စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေး ဒေသတွင်းညီလာခံ” သို့ တက်ရောက်ပြီး အိန္ဒိယနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အိန္ဒိယနိုင်ငံကုန်သည် များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပပြုလုပ်သည့် “စားသုံးသူများ ဘေးကင်းလုံခြုံမှု ရှိစေရေး ဒေသတွင်းညီလာခံ” သို့ တက်ရောက်