စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျ စရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါ သည်။
ပြည်ထောင်စုဝန်ကြီးရုံးသတင်းများ
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်မှ ဇန်နဝါရီလ ၅ ရက်ထိ ရက်သတ္တပတ်တွင် မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၃၄ သန်းကျော် ရရှိခဲ့သည်။ ယခုရက်သတ္တပတ်တွင် လယ်ယာကဏ္ဍမှ ပြောင်း၊ ပဲစဉ်းငုံ၊ ကုလားပဲ၊ ထောပတ်ပဲ၊ မြေပဲဆံ၊ နှမ်း၊ ကြက်သွန်နီ၊ ဂျင်းခြောက်၊ မန်ကျည်းသီး၊ သစ်သီးဝလံ ဖရဲသီး၊ ထောပတ်သီး၊ လိမ္မော်သီး၊ တစ်သျှူး ငှက်ပျောသီး၊ ငှက်ပျောသီး(ရိုးရိုး) တို့တင်ပို့မှုပိုမိုခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီလ ၁၃ ရက်
နေပြည်တော်၊ ဒီဇင်ဘာ ၂၂ အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုး တက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် UV Automotive Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Hongqi EQM5 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် (၂၂-၁၂-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့မှုမှာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်နေ့မှ 15 ရက်ထိ တွင် တန်ဖိုး အမေရိကန်ဒေါ်လာ 254 သန်းကျော် ရှိသည်။ ယခုအပတ်တွင် လယ်ယာထွက် ဆန်၊ ဆန်ကွဲ ၊ နှမ်း ၊ ဖရဲ ၊ သခွား ၊ တစ်သျှူးငှက်ပျော သစ်သီးဝလံများ ၊ ရော်ဘာ ၊ ကော်ဖီ စသည့် နှစ်ရှည်သီးနှံထွက်ကုန်များ ၊ သွပ် ၊ ကြေးနီသတ္တုတွင်းထွက်ပစ္စည်း၊ စက်မှုကုန်ချော CMP ချုပ်ပြီး အထည်တို့ ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ပြီးခဲ့သည့် ရက်သတ္တပတ်ထက် အမေရိကန်ဒေါ်လာ ၃၃ သန်း ကျော် ပိုမိုတင်ပို့နိုင်ခဲ့သည်။
နေပြည်တော်၊ ဒီဇင်ဘာ ၁၆ ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး မြန်မာအစိုးရအသိအမှတ်ပြု Myanmar GDE Consortium တည်ထောင်ရန်အတွက် စိစစ်ရွေးချယ်ရေး ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ (၄/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက် နေ့၊ မွန်းလွဲပိုင်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန (၁)၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး အမှာစကားပြောကြားခဲ့သည်။
နေပြည်တော်၊ ဒီဇင်ဘာ ၁၀ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဒီဇင်ဘာလဆန်းအထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု စာရင်းအရ ပို့ကုန်အမေရိကန်ဒေါ်လာ (၁၀) ဘီလီယံနီးပါးထိ တင်ပို့နိုင်ပြီးဖြစ် ပါသည်။ ယခုနှစ်တွင် မတ်ပဲ၊ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲတီစိမ်း၊ ရော်ဘာ၊ ပဲစဉ်းငုံ၊ နှမ်း၊ မြေပဲနှင့် ကြက်သွန်နီ၊ နနွင်းတက်၊ မန်ကျည်းသီး၊ ဂျင်းခြောက်၊ ဝဥ၊ ကြက်ဆူစေ့၊ ကော်ဖီစေ့၊ သီဟိုစေ့၊ ဝါ၊ ပီလောပီနံ၊ ဖရဲ၊ သခွား၊ သရက်၊ တစ်သျှူးငှက်ပျော လယ်ယာထွက်ကုန်များ စုံလင်စွာ တင်ပို့နိုင် သကဲ့သို့ ရေထွက်ပစ္စည်းကဏ္ဍမှ ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ငါးရှဉ့်၊ ငါးလေးခြောက်၊ ငါးခြောက်များ တင်ပို့လျက်ရှိပါသည်။
နေပြည်တော်၊ နိုဝင်ဘာ ၂၅
နေပြည်တော်၊ နိုဝင်ဘာ ၂၁ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြူနီစပယ်အစိုးရ၊ နိုင်ငံခြား ရေးရာဌာန၏ ဖိတ်ကြားချက်အရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်မှ ၂၄ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့တွင် ကျင်းပမည့် ၂၀၂၃ စစ်ချွမ်း-ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (2023 Sichuan-Chongqing & Mekong Countries Sub-national Cooperation Forum) သို့ တက်ရောက်ရန် ယနေ့မွန်းလွဲပိုင်